လီယိုနာဒို ဒီကာပရီယို၏ လော့စ်အိန်ဂျလိစံအိမ် ဝယ်လက်ရှာတွေ့

လီယိုနာဒို ဒီကာပရီယို၏ လော့စ်အိန်ဂျလိစံအိမ် ဝယ်လက်ရှာတွေ့ - Property News in Myanmar from iMyanmarHouse.com
4 Feb 2022 11:50 am တွင် တင်ခဲ့သည်
1234 ကြိမ် ကြည့်ရှု့ပြီး

[Unicode] တိုက်တန်းနစ်သရုပ်ဆောင် လီယိုနာဒို ဒီကာပရီယိုသည် လော့စ်အိန်ဂျလိမြို့၊ လော့စ် ဖီလစ်ဇ်အရပ်မှ စံအိမ်အတွက် ဝယ်လက်တစ်ဦး ရှာဖွေတွေ့ရှိသွားပြီ ဖြစ်သည်။

စပိန်ကိုလိုနီဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်ကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင်းက အရောင်းဈေးကွက်တင်ခဲ့ဖူးပြီး ထိုစဉ်ကခေါ်ဈေးမှာ ကန်ဒေါ်လာ ၅ ဒသမ ၇၅ သန်း ဖြစ်သည်။ စက်တင်ဘာတွင်မူ ခေါ်ဈေးကို ကန်ဒေါ်လာ ၅၄၉၅၀၀၀ သို့ လျှော့ချပေးခဲ့သည်။

ယင်းနောက် ယခုနှစ် ဇန်နဝါရီတွင် အရောင်းဈေးကွက်သို့ ပိုမိုလျှော့ချထားသော ဈေးနှုန်းဖြစ်သည့် ကန်ဒေါ်လာ ၄၈၉၅၀၀၀ ဖြင့် ပြန်လည်ဝင်ရောက်လာပြန်သည်။

အဆိုပါခေါ်ဈေးမှာ ဝယ်လက်တစ်လက်တစ်ဦး ဆွဲဆောင်နိုင်ခဲ့ဟန်ရပြီး ယခုအခါ အဆိုပါစံအိမ်မှာ ဝယ်လက်၏ ကမ်းလှမ်းမှုကို လက်ခံထားသည့် စာရင်းသို့ ရောက်ရှိနေသည်။

အသက် ၄၇ နှစ်ရှိပြီဖြစ်သော လီယိုနာဒို ဒီကာပရီယိုသည် ယခုစံအိမ်ကို ဂီတပညာရှင် ဒီဂျေ မိုဘီထံမှ ၂၀၁၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

၁၉၂၆ ခုနှစ်က ဆောက်လုပ်ခဲ့သော အဆိုပါစံအိမ်ကို လီယိုနာဒိုက မိသားစုဝင်တစ်ဦးအတွက် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟူသော သတင်းများလည်း ရှိသည်။

လက်ရှိ ၎င်းကိုယ်တိုင်နေထိုင်နေသည်မှာ ဝယ်ယူထားသော စံအိမ်များအနက် တန်ဖိုးကြီးစံအိမ်တစ်ခုဖြစ်သော လော့စ်အိန်ဂျလိမြို့၊ Bird Streets အရပ်ရှိ နေအိမ် ၂ လုံးပါ ခြံဝန်းအတွင်းတွင် ဖြစ်သည်။

ယခုအရောင်းအဝယ်ဖြစ်မြောက်သွားမည်ဆိုပါက လီယိုနာဒို ဒီကာပရီယိုအတွက် အနည်းငယ် အရှုံးပေါ်မည် ဖြစ်သည်။

ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြချက်အရ Red Oak Manor ဟု အမည်ပေးထားသော စံအိမ်ကြီးကို ဒီဂျေမိုဘီက အလုံးစုံပြန်လည်မွမ်းမံမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

စံအိမ်အကျယ် ၄၆၄၄ စတုရန်းပေရှိပြီး အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၆ ခန်းပါဝင်သည်။

လီယိုနာဒို ဒီကာပရီယို၏ အောင်မြင်မှုအရဆုံး ရုပ်ရှင်ဇာတ်ကားများမှာ “The Wolf of Wall Street,” “Titanic,” “The Departed,” “Django Unchained,” နှင့် “Once Upon a Time in Hollywood” ဇာတ်ကားများ ဖြစ်ကြသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Leo DiCaprio Reportedly Finds a Buyer for Los Feliz Home, Sells in Malibu (realtor)

 

[Zawgyi]

လီယိုနာဒို ဒီကာပရီယို၏ ေလာ့စ္အိန္ဂ်လိစံအိမ္ ဝယ္လက္ရွာေတြ႔

တိုက္တန္းနစ္သရုပ္ေဆာင္ လီယိုနာဒို ဒီကာပရီယိုသည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ေလာ့စ္ ဖီလစ္ဇ္အရပ္မွ စံအိမ္အတြက္ ဝယ္လက္တစ္ဦး ရွာေဖြေတြ႔ရွိသြားျပီ ျဖစ္သည္။

စပိန္ကိုလိုနီဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ စံအိမ္ကို ၂၀၂၁ ခုႏွစ္၊ ၾသဂုတ္လတြင္းက အေရာင္းေစ်းကြက္တင္ခဲ့ဖူးျပီး ထိုစဥ္ကေခၚေစ်းမွာ ကန္ေဒၚလာ ၅ ဒသမ ၇၅ သန္း ျဖစ္သည္။ စက္တင္ဘာတြင္မူ ေခၚေစ်းကို ကန္ေဒၚလာ ၅၄၉၅၀၀၀ သို႔ ေလွ်ာ့ခ်ေပးခဲ့သည္။

ယင္းေနာက္ ယခုႏွစ္ ဇန္နဝါရီတြင္ အေရာင္းေစ်းကြက္သို႔ ပိုမိုေလွ်ာ့ခ်ထားေသာ ေစ်းႏႈန္းျဖစ္သည့္ ကန္ေဒၚလာ ၄၈၉၅၀၀၀ ျဖင့္ ျပန္လည္ဝင္ေရာက္လာျပန္သည္။

အဆိုပါေခၚေစ်းမွာ ဝယ္လက္တစ္လက္တစ္ဦး ဆြဲေဆာင္ႏိုင္ခဲ့ဟန္ရျပီး ယခုအခါ အဆိုပါစံအိမ္မွာ ဝယ္လက္၏ ကမ္းလွမ္းမႈကို လက္ခံထားသည့္ စာရင္းသို႔ ေရာက္ရွိေနသည္။

အသက္ ၄၇ ႏွစ္ရွိျပီျဖစ္ေသာ လီယိုနာဒို ဒီကာပရီယိုသည္ ယခုစံအိမ္ကို ဂီတပညာရွင္ ဒီေဂ် မိုဘီထံမွ ၂၀၁၈ ခုႏွစ္အတြင္း ကန္ေဒၚလာ ၄ ဒသမ ၉ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

၁၉၂၆ ခုႏွစ္က ေဆာက္လုပ္ခဲ့ေသာ အဆိုပါစံအိမ္ကို လီယိုနာဒိုက မိသားစုဝင္တစ္ဦးအတြက္ ဝယ္ယူခဲ့ျခင္းျဖစ္သည္ဟူေသာ သတင္းမ်ားလည္း ရွိသည္။

လက္ရွိ ၎ကိုယ္တိုင္ေနထိုင္ေနသည္မွာ ဝယ္ယူထားေသာ စံအိမ္မ်ားအနက္ တန္ဖိုးၾကီးစံအိမ္တစ္ခုျဖစ္ေသာ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Bird Streets အရပ္ရွိ ေနအိမ္ ၂ လံုးပါ ျခံဝန္းအတြင္းတြင္ ျဖစ္သည္။

ယခုအေရာင္းအဝယ္ျဖစ္ေျမာက္သြားမည္ဆိုပါက လီယိုနာဒို ဒီကာပရီယိုအတြက္ အနည္းငယ္ အရံႈးေပၚမည္ ျဖစ္သည္။

ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပခ်က္အရ Red Oak Manor ဟု အမည္ေပးထားေသာ စံအိမ္ၾကီးကို ဒီေဂ်မိုဘီက အလံုးစံုျပန္လည္မြမ္းမံမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

စံအိမ္အက်ယ္ ၄၆၄၄ စတုရန္းေပရွိျပီး အိပ္ခန္း ၅ ခန္း၊ ေရခ်ဳိးခန္း ၆ ခန္းပါဝင္သည္။

လီယိုနာဒို ဒီကာပရီယို၏ ေအာင္ျမင္မႈအရဆံုး ရုပ္ရွင္ဇာတ္ကားမ်ားမွာ “The Wolf of Wall Street,” “Titanic,” “The Departed,” “Django Unchained,” ႏွင့္ “Once Upon a Time in Hollywood” ဇာတ္ကားမ်ား ျဖစ္ၾကသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Leo DiCaprio Reportedly Finds a Buyer for Los Feliz Home, Sells in Malibu (realtor)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service