ရော့ခ်ဂီတဝိုင်း Aerosmith ၏ ဂစ်တာသမား ဂျိုးပယ်ရီ မက်ဆာချုးဆက်ယာတောအိမ်ကို ရောင်းချ

ရော့ခ်ဂီတဝိုင်း Aerosmith ၏ ဂစ်တာသမား ဂျိုးပယ်ရီ မက်ဆာချုးဆက်ယာတောအိမ်ကို ရောင်းချ - Property News in Myanmar from iMyanmarHouse.com
4 Feb 2022 11:29 am တွင် တင်ခဲ့သည်
789 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာကျော် Aerosmith ရော့ခ်ဂီတအဖွဲ့ကြီး၏ ဂစ်တာသမား ဂျိုးပယ်ရီသည် အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ Duxbury မြို့ရှိ Brook Haven Farm ဟု အမည်ပေးထားသော ၇ ဧကကျယ်ဝန်းသည့် ယာတောအိမ်နှင့် လမ်းခွဲရန် စီစဉ်နေသည်။ ခေါ်ဈေးမှာ ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းဖြစ်သည်။

မက်ဆာချူးဆက်ဇာတိ ဂျိုးပယ်ရီက ယခုယာတောတွင် ဆယ်စုနှစ်များစွာနေထိုင်ခဲ့သည်။ ယာတောစံအိမ်တွင် အခန်း ၁၄ ခန်းပါဝင်ပြီး ၁၉၇၄ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ အေးချမ်းသောစိမ့်မြေနှင့် ရေကန်တို့က ဝန်းပတ်ထားသည်။

စတုရန်းပေ ၇၁၈၁ ကျယ်ဝန်းသော နေအိမ်အတွင်း အိပ်ခန်း ၅ ခန်းပါဝင်ကာ ရိုးရာဓလေ့နှင့် စိတ်ကူးယဉ်ဆန်သော မွမ်းမံပြင်ဆင်ထားမှုများ လွှမ်းခြုံထားသည်။

ဂစ်တာကို ဦးတည်ပုံဖော်ထားသည့် အဝင်လမ်းမ၊ ရွှေဓာတ်ပြားဆုများ တန်းစီချိတ်ဆွဲထားသော ဘိလိယက်ခန်းမတို့မှလွဲ၍ ယခုကျေးလက်စံအိမ်မှာ ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး ရော့ခ်ဂီတသမားများမှ တစ်ဦး၏ စံအိမ်ဖြစ်သည်ဟု ပြောရန်ခက်လှသည်။ သို့သော် နေအိမ်ပြင်ပတွင်မူ ဂစ်တာပုံ ရေကန်တစ်ခုကို တွေ့ရမည် ဖြစ်သည်။

နေအိမ်အတွင်း မီးလင်းဖိုတစ်ခုနှင့် ကျယ်ပြောသော မီးဖိုခုံပါဝင်သည့် မီးဖိုဆောင်၊ ဝန်းကျင်ရှုမျှော်ခင်းများကို ကြည့်ရှုခံစားနိုင်သည့် အမိုးပေါ်လသာဆောင်တစ်ခုတို့ ပါဝင်သည်။

နံရံနှင့် မျက်နှာကျက်တို့တွင် သစ်သားတန်းများ လှစ်ဟဆောက်လုပ်ထားမှုက ကျေးလက်ဆန်မှုကို ခံစားရစေသည်။

ပြတင်းပေါက်များမှာ ကြီးမားလှရာ သဘာဝအလင်းရောင် ပေါကြွယ်ဝစွာရရှိပြီး နေအိမ်အတွက် နွေးထွေးမှုများ ဆောင်ကြဉ်းပေးသည်။

တမူထူးခြားသော လဘက်ရည်ခန်းတစ်ခုလည်း ပါဝင်ပြီး အဆိုပါအခန်းတွင် မွန်းလွဲအစာပြေစာ စားသုံးနိုင်သည်။

Aerosmith ဂီတဝိုင်းကြီးကို ၁၉၇၀ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စု၊ ဘော့စ်တွန်မြို့၌ စတင်ဖွဲ့စည်းခဲ့သည်။

ပါဝင်သူများမှာ ရှေ့ထွက်အဆိုတော် - စတီဗင် တိုင်လာ၊ ဂစ်တာ -ဂျိုး ပယ်ရီ၊ ဘေ့စ်ဂစ်တာ- တွမ် ဟမ်မိလ်တန်၊ Joey Kramer - ဒရမ်တို့ ဖြစ်ကြပြီး တီးခတ်သီဆိုသော ဂီတအမျိုးအစားများကား ဟာ့ဒ်ရော့ခ်၊ ပေါ့ပ်ရော့ခ်၊ ဟဲဗီး မက်တယ်နှင့် R&B တို့ဖြစ်ကြသည်။

ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၁၅၀ ကျော် ရောင်းချထားရပြီးဖြစ်ကာ သမိုင်းတစ်လျှောက် အရောင်းရဆုံး အမေရိကန်ဟာ့ဒ်ရော့ခ်ဝိုင်းအဖြစ် ရပ်တည်နေသည်။

ထုတ်လုပ်ခဲ့သော တေးအယ်လ်ဘမ်များအနက် ရွှေဓာတ်ပြားဆု ၂၅ ကြိမ်၊ ပလက်တီနမ် ၁၈ ကြိမ် ရရှိထားသည်။

ထို့အပြင် ဂီတအကယ်ဒမီဖြစ်သော ဂရမ်မီဆု ၄ ကြိမ်၊ အမေရိကန်ဂီတဆု ၆ ကြိမ်နှင့် ဂီတဗွီဒီယိုဆု ၁၀ ကြိမ်တို့လည်း ရရှိထားပြီး ဖြစ်သည်။

Aerosmith အဖွဲ့ကြီး၏ တေးသီချင်းများကို မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုကြရာတွင်လည်း လူကြိုက်များခဲ့ကြသည်။

ထင်ရှားသည့် ပြန်လည်သီဆိုမှုများမှာ Angel သီချင်းကို ဇော်ဝင်းထွဋ်က ဂန္ထဝင်စ်ိမ်း၊ Cryin’ ကို လေးဖြူက မျက်ရည်များရဲ့နောက်ကွယ်ဟု ပြန်လည်သီဆိုမှုများမှာ များစွာလူကြိုက်များခဲ့ကြသည်။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Aerosmith Guitarist Joe Perry Selling His Massive Massachusetts Farm for $4.5M (realtor)

 

[Zawgyi]

ေရာ့ခ္ဂီတဝိုင္း Aerosmith ၏ ဂစ္တာသမား ဂ်ဳိးပယ္ရီ မက္ဆာခ်ဳးဆက္ယာေတာအိမ္ကို ေရာင္းခ်

ကမၻာေက်ာ္ Aerosmith ေရာ့ခ္ဂီတအဖြဲ႔ၾကီး၏ ဂစ္တာသမား ဂ်ဳိးပယ္ရီသည္ အေမရိကန္ျပည္ေထာင္စု၊ မက္ဆာခ်ဴးဆက္ျပည္နယ္၊ Duxbury ျမိဳ႕ရွိ Brook Haven Farm ဟု အမည္ေပးထားေသာ ၇ ဧကက်ယ္ဝန္းသည့္ ယာေတာအိမ္ႏွင့္ လမ္းခြဲရန္ စီစဥ္ေနသည္။ ေခၚေစ်းမွာ ကန္ေဒၚလာ ၄ ဒသမ ၅ သန္းျဖစ္သည္။

မက္ဆာခ်ဴးဆက္ဇာတိ ဂ်ဳိးပယ္ရီက ယခုယာေတာတြင္ ဆယ္စုႏွစ္မ်ားစြာေနထိုင္ခဲ့သည္။ ယာေတာစံအိမ္တြင္ အခန္း ၁၄ ခန္းပါဝင္ျပီး ၁၉၇၄ ခုႏွစ္က ေဆာက္လုပ္ခဲ့ျခင္းျဖစ္ကာ ေအးခ်မ္းေသာစိမ့္ေျမႏွင့္ ေရကန္တို႔က ဝန္းပတ္ထားသည္။

စတုရန္းေပ ၇၁၈၁ က်ယ္ဝန္းေသာ ေနအိမ္အတြင္း အိပ္ခန္း ၅ ခန္းပါဝင္ကာ ရိုးရာဓေလ့ႏွင့္ စိတ္ကူးယဥ္ဆန္ေသာ မြမ္းမံျပင္ဆင္ထားမႈမ်ား လႊမ္းျခံဳထားသည္။

ဂစ္တာကို ဦးတည္ပံုေဖာ္ထားသည့္ အဝင္လမ္းမ၊ ေရႊဓာတ္ျပားဆုမ်ား တန္းစီခ်ိတ္ဆြဲထားေသာ ဘိလိယက္ခန္းမတို႔မွလြဲ၍ ယခုေက်းလက္စံအိမ္မွာ ကမၻာေပၚတြင္ အေက်ာ္ၾကားဆံုး ေရာ့ခ္ဂီတသမားမ်ားမွ တစ္ဦး၏ စံအိမ္ျဖစ္သည္ဟု ေျပာရန္ခက္လွသည္။ သို႔ေသာ္ ေနအိမ္ျပင္ပတြင္မူ ဂစ္တာပံု ေရကန္တစ္ခုကို ေတြ႔ရမည္ ျဖစ္သည္။

ေနအိမ္အတြင္း မီးလင္းဖိုတစ္ခုႏွင့္ က်ယ္ေျပာေသာ မီးဖိုခံုပါဝင္သည့္ မီးဖိုေဆာင္၊ ဝန္းက်င္ရႈေမွ်ာ္ခင္းမ်ားကို ၾကည့္ရႈခံစားႏိုင္သည့္ အမိုးေပၚလသာေဆာင္တစ္ခုတုိ႔ ပါဝင္သည္။

နံရံႏွင့္ မ်က္ႏွာက်က္တို႔တြင္ သစ္သားတန္းမ်ား လွစ္ဟေဆာက္လုပ္ထားမႈက ေက်းလက္ဆန္မႈကို ခံစားရေစသည္။

ျပတင္းေပါက္မ်ားမွာ ၾကီးမားလွရာ သဘာဝအလင္းေရာင္ ေပါၾကြယ္ဝစြာရရွိျပီး ေနအိမ္အတြက္ ေႏြးေထြးမႈမ်ား ေဆာင္ၾကဥ္းေပးသည္။

တမူထူးျခားေသာ လဘက္ရည္ခန္းတစ္ခုလည္း ပါဝင္ျပီး အဆိုပါအခန္းတြင္ မြန္းလြဲအစာေျပစာ စားသံုးႏိုင္သည္။

Aerosmith ဂီတဝိုင္းၾကီးကို ၁၉၇၀ ျပည့္ႏွစ္တြင္ အေမရိကန္ျပည္ေထာင္စု၊ ေဘာ့စ္တြန္ျမိဳ႕၌ စတင္ဖြဲ႔စည္းခဲ့သည္။

ပါဝင္သူမ်ားမွာ ေရွ႕ထြက္အဆိုေတာ္ - စတီဗင္ တိုင္လာ၊ ဂစ္တာ -ဂ်ဳိး ပယ္ရီ၊ ေဘ့စ္ဂစ္တာ- တြမ္ ဟမ္မိလ္တန္၊ Joey Kramer - ဒရမ္တို႔ ျဖစ္ၾကျပီး တီးခတ္သီဆိုေသာ ဂီတအမ်ဳိးအစားမ်ားကား ဟာ့ဒ္ေရာ့ခ္၊ ေပါ့ပ္ေရာ့ခ္၊ ဟဲဗီး မက္တယ္ႏွင့္ R&B တို႔ျဖစ္ၾကသည္။

ကမၻာတစ္ဝန္းတြင္ ေတးအယ္လ္ဘမ္ခ်ပ္ေရ သန္း ၁၅၀ ေက်ာ္ ေရာင္းခ်ထားရျပီးျဖစ္ကာ သမိုင္းတစ္ေလွ်ာက္ အေရာင္းရဆံုး အေမရိကန္ဟာ့ဒ္ေရာ့ခ္ဝိုင္းအျဖစ္ ရပ္တည္ေနသည္။

ထုတ္လုပ္ခဲ့ေသာ ေတးအယ္လ္ဘမ္မ်ားအနက္ ေရႊဓာတ္ျပားဆု ၂၅ ၾကိမ္၊ ပလက္တီနမ္ ၁၈ ၾကိမ္ ရရွိထားသည္။

ထို႔အျပင္ ဂီတအကယ္ဒမီျဖစ္ေသာ ဂရမ္မီဆု ၄ ၾကိမ္၊ အေမရိကန္ဂီတဆု ၆ ၾကိမ္ႏွင့္ ဂီတဗြီဒီယိုဆု ၁၀ ၾကိမ္တို႔လည္း ရရွိထားျပီး ျဖစ္သည္။

Aerosmith အဖြဲ႔ၾကီး၏ ေတးသီခ်င္းမ်ားကို ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုၾကရာတြင္လည္း လူၾကိဳက္မ်ားခဲ့ၾကသည္။ ထင္ရွားသည့္ ျပန္လည္သီဆိုမႈမ်ားမွာ Angel သီခ်င္းကို ေဇာ္ဝင္းထြဋ္က ဂနၳဝင္စိ္မ္း၊ Cryin’ ကို ေလးျဖဴက မ်က္ရည္မ်ားရဲ႕ေနာက္ကြယ္ဟု ျပန္လည္သီဆိုုမႈမ်ားမွာ မ်ားစြာလူၾကိဳက္မ်ားခဲ့ၾကသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Aerosmith Guitarist Joe Perry Selling His Massive Massachusetts Farm for $4.5M (realtor)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service