ထပ်ဆင့်အော်စကာဆုရှင်မင်းသမီး ရေနီ ဇဲဝက်ဂါ ကယ်လီဖိုးနီးယား ကမ်းခြေအိမ် ငှားရမ်းနေထိုင်

ထပ်ဆင့်အော်စကာဆုရှင်မင်းသမီး ရေနီ ဇဲဝက်ဂါ ကယ်လီဖိုးနီးယား ကမ်းခြေအိမ် ငှားရမ်းနေထိုင် - Property News in Myanmar from iMyanmarHouse.com
4 Feb 2022 10:56 am တွင် တင်ခဲ့သည်
857 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ထပ်ဆင့်အော်စကာဆုရှင် အမေရိကန်ရုပ်ရှင်မင်းသမီး ရေနီ ဇဲဝက်ဂါသည် အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့ရှိ ရေကန်စပ် စံအိမ်တစ်လုံးကို လျှို့ဝှက်စွာ ဝယ်ယူခဲ့ပြီးနောက် ကယ်လီဖိုးနီးယားပြည်နယ်၊ Laguna Beach ရှိ ကမ်းခြေစံအိမ်တစ်လုံးတွင် ငှားရမ်းနေထိုင်လျက်ရှိသည်။

တည်နေရာ- ကယ်လီဖိုးနီးယားပြည်နယ်၊ Laguna Beach

ဈေးနှုန်း- တစ်လလျှင် ကန်ဒေါ်လာ ၂၅၀၀၀

ဆောက်လုပ်ခဲ့သောခုနှစ်- ၁၉၂၀

မြေအကျယ်အဝန်း- ဒသမ ၂၈ ဧက

ပြီးခဲ့သော နွေက ရေနီ ဇဲဝက်ဂါနှင့် ရုပ်သံအစီအစဉ်တင်ဆက်သူ Ant Anstead တို့နှစ်ဦး ကယ်လီဖိုးနီးယားပြည်နယ်၊ အောရိန်းခရိုင်ရှိ အသစ်ဝယ်ယူထားသော ဘန်ဂလိုအိမ်ကလေး၏ လသာဆောင်တွင် နှစ်ယောက်တွဲ နမ်းရှုံ့နေကြပုံကို သတင်းမုဆိုးတို့ ရိုက်ကူးခဲ့သည့် ဓာတ်ပုံများ ပေါ်ထွက်လာခဲ့ဖူးသည်။

ယင်းနောက်ပိုင်း ဇဲဝက်ဂါသည် သူမ၏ အားလပ်ချိန် အများစုကို ကယ်လီဖိုးနီးယားပြည်နယ် Laguna Beach တွင် ဖြတ်သန်းကုန်ဆုံးနေသည့် သတင်းများ ဆက်လက်ထွက်ပေါ်လာသည်။

လွန်ခဲ့သော အောက်တိုဘာလက ဖြစ်သည်။ ဇဲဝက်ဂါသည် ကယ်လီဖိုးနီးယားပြည်နယ်၊ မာလီဘူးမှ hacienda ဗိသုကာဟန်စံအိမ်ကို ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် ရောင်းထုတ်ခဲ့သည်။ အဆိုပါဈေးနှုန်းမှာ ခေါ်ဈေး ဒေါ်လာ ၆ သန်းထက် ပိုမိုများပြားသော ပမာဏဖြစ်သည့်အပြင် ၂၀၁၅ ခုနှစ်အတွင်း ဝယ်ယူခဲ့စဉ်ကဈေးထက် ၂ ဆနီးပါး များပြားသည့် ပမာဏလည်း ဖြစ်သည်။

ဇဲဝက်ဂါသည် အဆိုပါအိမ်ကို ရောင်းချပြီး တချိန်တည်းဆိုသလိုပင် Laguna Beach မှ စံအိမ်တစ်လုံးကို ငှားရမ်းနေထိုင်ခဲ့သည်။

ဇဲဝက်ဝါငှားရမ်းနေထိုင်သော စံအိမ်၏ ပိုင်ရှင်မှာ ကုန်စည်နှင့် အရက် လက်ကားရောင်းချသော အောရိန်းခရိုင်မှ မိသားစုတစ်စုက ပိုင်ဆိုင်ခြင်း ဖြစ်သည်။

တည်နေရာမှာ ဇဲဝက်ဂါနှင့် တွဲနေသူ Anstead ၏ ဘန်ဂလိုနှင့် တစ်လမ်းတည်းဖြစ်ရာ အတူတွေ့ဆုံ နေထိုင်ရန် လွယ်ကူသွားပြီ ဖြစ်၏။

အဆိုပါအိမ်ကို ငှားရမ်းရာတွင် တစ်လလျှင် ကန်ဒေါ်လာ ၂၅၀၀၀ ခန့်ပေးရကြောင်း ၊ ပင်မစံအိမ်မှာ ၄၁၀၀ စတုရန်းပေ ကျယ်ဝန်းပြီး အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၃ ခန်း ပါဝင်ကြောင်း၊ ခြံဝန်းအတွင်း အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၁ ခန်းပါဝင်သော ဧည့်ဂေဟာအိမ်တစ်လုံး ပါဝင်သေးကြောင်း သိရသည်။

လုံခြုံရေးအစောင့်များချထားသည့် ဂိတ်များဖြင့် ဝန်းပတ်ထားပြီး စိမ်းလန်းသော မုတ်သုန်ပန်းဥယျာဉ်များ အတွင်း အုတ်လျှောက်လမ်းကလေးများမှာ ဝှေ့ဝိုက်ရစ်ပတ်ကာ ဧည့်ဂေဟာအိမ်နှင့် ရေကူးကန်ကို ဖြတ်ကျော် ပြီး ပင်မ ၃ ထပ် မီးခိုးရောင်အုတ်ကြွပ်မိုး နေအိမ်ဆီသို့ ဦးတည်သွားသည်။

ရေနီ ဇဲဝက်ဂါ (မွေး ၁၉၆၉) သည် အမေရိကန်ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်ပြီး အနုပညာသက်တမ်းတစ်လျှောက် ဆုတံဆိပ်များစွာရရှိခဲ့ရာ အော်စကာဆု ၂ ဆု၊ ဗြိတိသျှရုပ်ရှင်အကယ်ဒမီဆု ၂ ခုတို့လည်း ပါဝင်သည်။

၂၀၀၇ ခုနှစ်အတွင်း ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံး ရုပ်ရှင်မင်းသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် ရပ်တည်ခဲ့သည်။

ရေနီ ဇဲဝက်ဂါ၏ ထင်ရှားသော ရုပ်ရှင်ဇာတ်ကားများမှာ Chicago (2002)၊ Cold Mountain (2003) တို့မှာ အထင်ရှားဆုံးဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Renée Zellweger Rents Oceanfront Laguna Beach Compound After Secretly Buying Lakefront Hideaway in Austin (dailyadvent)

 

[Zawgyi]

ထပ္ဆင့္ေအာ္စကာဆုရွင္မင္းသမီး ေရနီ ဇဲဝက္ဂါ ကယ္လီဖိုးနီးယား ကမ္းေျခအိမ္ ငွားရမ္းေနထိုင္

ထပ္ဆင့္ေအာ္စကာဆုရွင္ အေမရိကန္ရုပ္ရွင္မင္းသမီး ေရနီ ဇဲဝက္ဂါသည္ အေမရိကန္ျပည္ေထာင္စု၊ တကၠဆပ္ျပည္နယ္၊ ေအာ္စတင္ျမိဳ႕ရွိ ေရကန္စပ္ စံအိမ္တစ္လံုးကို လွ်ိဳ႕ဝွက္စြာ ဝယ္ယူခဲ့ျပီးေနာက္ ကယ္လီဖုိးနီးယားျပည္နယ္၊ Laguna Beach ရွိ ကမ္းေျခစံအိမ္တစ္လံုးတြင္ ငွားရမ္းေနထုိင္လ်က္ရွိသည္။

တည္ေနရာ- ကယ္လီဖုိးနီးယားျပည္နယ္၊ Laguna Beach

ေစ်းႏႈန္း- တစ္လလွ်င္ ကန္ေဒၚလာ ၂၅၀၀၀

ေဆာက္လုပ္ခဲ့ေသာခုႏွစ္- ၁၉၂၀

ေျမအက်ယ္အဝန္း- ဒသမ ၂၈ ဧက

ျပီးခဲ့ေသာ ေႏြက ေရနီ ဇဲဝက္ဂါႏွင့္ ရုပ္သံအစီအစဥ္တင္ဆက္သူ Ant Anstead တို႔ႏွစ္ဦး ကယ္လီဖုိးနီးယားျပည္နယ္၊ ေအာရိန္းခရိုင္ရွိ အသစ္ဝယ္ယူထားေသာ ဘန္ဂလိုအိမ္ကေလး၏ လသာေဆာင္တြင္ ႏွစ္ေယာက္တြဲ နမ္းရံႈ႕ေနၾကပံုကို သတင္းမုဆိုးတို႔ ရိုက္ကူးခဲ့သည့္ ဓာတ္ပံုမ်ား ေပၚထြက္လာခဲ့ဖူးသည္။

ယင္းေနာက္ပိုင္း ဇဲဝက္ဂါသည္ သူမ၏ အားလပ္ခ်ိန္ အမ်ားစုကို ကယ္လီဖုိးနီးယားျပည္နယ္ Laguna Beach တြင္ ျဖတ္သန္းကုန္ဆံုးေနသည့္ သတင္းမ်ား ဆက္လက္ထြက္ေပၚလာသည္။

လြန္ခဲ့ေသာ ေအာက္တိုဘာလက ျဖစ္သည္။ ဇဲဝက္ဂါသည္ ကယ္လီဖိုးနီးယားျပည္နယ္၊ မာလီဘူးမွ hacienda ဗိသုကာဟန္စံအိမ္ကို ကန္ေဒၚလာ ၆ ဒသမ ၄ သန္းျဖင့္ ေရာင္းထုတ္ခဲ့သည္။ အဆိုပါေစ်းႏႈန္းမွာ ေခၚေစ်း ေဒၚလာ ၆ သန္းထက္ ပိုမိုမ်ားျပားေသာ ပမာဏျဖစ္သည့္အျပင္ ၂၀၁၅ ခုႏွစ္အတြင္း ဝယ္ယူခဲ့စဥ္ကေစ်းထက္ ၂ ဆနီးပါး မ်ားျပားသည့္ ပမာဏလည္း ျဖစ္သည္။

ဇဲဝက္ဂါသည္ အဆိုပါအိမ္ကို ေရာင္းခ်ျပီး တခ်ိန္တည္းဆိုသလိုပင္ Laguna Beach မွ စံအိမ္တစ္လံုးကို ငွားရမ္းေနထိုင္ခဲ့သည္။

ဇဲဝက္ဝါငွားရမ္းေနထိုင္ေသာ စံအိမ္၏ ပိုင္ရွင္မွာ ကုန္စည္ႏွင့္ အရက္ လက္ကားေရာင္းခ်ေသာ ေအာရိန္းခရိုင္မွ မိသားစုတစ္စုက ပိုင္ဆိုင္ျခင္း ျဖစ္သည္။

တည္ေနရာမွာ ဇဲဝက္ဂါႏွင့္ တြဲေနသူ Anstead ၏ ဘန္ဂလိုႏွင့္ တစ္လမ္းတည္းျဖစ္ရာ အတူေတြ႔ဆံု ေနထိုင္ရန္ လြယ္ကူသြားျပီ ျဖစ္၏။

အဆိုပါအိမ္ကို ငွားရမ္းရာတြင္ တစ္လလွ်င္ ကန္ေဒၚလာ ၂၅၀၀၀ ခန္႔ေပးရေၾကာင္း ၊ ပင္မစံအိမ္မွာ ၄၁၀၀ စတုရန္းေပ က်ယ္ဝန္းျပီး အိပ္ခန္း ၃ ခန္းႏွင့္ ေရခ်ဳိးခန္း ၃ ခန္း ပါဝင္ေၾကာင္း၊ ျခံဝန္းအတြင္း အိပ္ခန္း ၂ ခန္း၊ ေရခ်ဳိးခန္း ၁ ခန္းပါဝင္ေသာ ဧည့္ေဂဟာအိမ္တစ္လံုး ပါဝင္ေသးေၾကာင္း သိရသည္။

လံုုျခံဳေရးအေစာင့္မ်ားခ်ထားသည့္ ဂိတ္မ်ားျဖင့္ ဝန္းပတ္ထားျပီး စိမ္းလန္းေသာ မုတ္သုန္ပန္းဥယ်ာဥ္မ်ား အတြင္း အုတ္ေလွ်ာက္လမ္းကေလးမ်ားမွာ ေဝွ႔ဝိုက္ရစ္ပတ္ကာ ဧည့္ေဂဟာအိမ္ႏွင့္ ေရကူးကန္ကို ျဖတ္ေက်ာ္ ျပီး ပင္မ ၃ ထပ္ မီးခိုးေရာင္အုတ္ၾကြပ္မိုး ေနအိမ္ဆီသို႔ ဦးတည္သြားသည္။

ေရနီ ဇဲဝက္ဂါ (ေမြး ၁၉၆၉) သည္ အေမရိကန္ရုပ္ရွင္မင္းသမီးတစ္ဦးျဖစ္ျပီး အႏုပညာသက္တမ္းတစ္ေလွ်ာက္ ဆုတံဆိပ္မ်ားစြာရရွိခဲ့ရာ ေအာ္စကာဆု ၂ ဆု၊ ျဗိတိသွ်ရုပ္ရွင္အကယ္ဒမီဆု ၂ ခုတို႔လည္း ပါဝင္သည္။

၂၀၀၇ ခုႏွစ္အတြင္း ကမၻာ့အႏုပညာေၾကးအျမင့္ဆံုး ရုပ္ရွင္မင္းသမီးမ်ားတြင္ တစ္ဦးအပါအဝင္အျဖစ္ ရပ္တည္ခဲ့သည္။

ေရနီ ဇဲဝက္ဂါ၏ ထင္ရွားေသာ ရုပ္ရွင္ဇာတ္ကားမ်ားမွာ Chicago (2002)၊ Cold Mountain (2003) တို႔မွာ အထင္ရွားဆံုးျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Renée Zellweger Rents Oceanfront Laguna Beach Compound After Secretly Buying Lakefront Hideaway in Austin (dailyadvent)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service