တိုကျိုရှိ လူနေအိမ်ခြံမြေဈေးနှုန်းများ နှစ် ၃၀ စံချိန်ချိုးသွား

တိုကျိုရှိ လူနေအိမ်ခြံမြေဈေးနှုန်းများ နှစ် ၃၀ စံချိန်ချိုးသွား - Property News in Myanmar from iMyanmarHouse.com
4 Feb 2022 10:19 am တွင် တင်ခဲ့သည်
1315 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တိုကျိုတွင် တစ်ဦးချင်းဝင်ငွေကောင်းသည့် နှစ်ဦးစလုံးဝင်ငွေရှိသော အိမ်ထောင်စုအရေအတွက်များပြားလာမှုက မြို့ပြနေရာများရှိ အိမ်ခြံမြေဈေးနှုန်းများကို မြင့်တက်စေလိုက်ပြီဖြစ်သည်။

မိမိစိတ်ကြိုက်ဆောက်လုပ်ရန် ဆောက်လုပ်မှုစရိတ်မြင့်မားလာမှုနှင့် နှစ်ဦးစလုံးဝင်ငွေရှိသောအိမ်ထောင်စုများထံမှ ဝယ်လိုအားမြင့်တက်လာမှုတို့က တိုကျိုရှိ တိုက်ခန်းသစ်ဈေးနှုန်းများအား မြင့်တက်စေလိုက်ကာ နှစ် ၃၀ စံချိန်ကို ၂၀၂၁ ခုနှစ်တွင် သမိုင်းဝင်ကျော်လွန်လိုက်ပြီဖြစ်ကြောင်း စီးပွားရေးသတင်းအချက်အလက်နှင့် ဆန်းစစ်လေ့လာမှုကုမ္ပဏီ Bloomberg ၏ ဖော်ပြချက်အရ သိရသည်။

တိုကျိုနှင့် အနီးတဝိုက်ရှိ တိုက်ခန်းသစ်များ၏ ပျမ်းမျှဈေးနှုန်းသည် ၂၀၂၁ ခုနှစ်တွင် ဂျပန်ယန်း ၆၂ ဒသမ ၆ သန်း (ဖေဖော်ဝါရီ ၄ ငွေလဲနှုန်းအရ မြန်မာကျပ် ၉၆၇ ဒသမ ၇၉၆ သန်း) သို့ရောက်ရှိခဲ့ကာ ၁၉၉၀ ပြည့်နှစ် စီးပွားရေးပူဖောင်းအခြေအနေတွင် သတ်မှတ်ခဲ့သည့် စံချိန် ဂျပန်ယန်း ၆၁ ဒသမ ၂ သန်းကို ကျော်လွန်လိုက်ပြီဖြစ်ကြောင်း Real Estate Economic Institute က ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများက ဖော်ပြခဲ့သည်။

ဈေးနှုန်းမြင့်တက်မှုသည် ၂၀၂၂ ခုနှစ်တွင်လည်း ဆက်လက်ဖြစ်ပွားမည်ဟု အိမ်ခြံမြေရေးရာသုံးသပ်သူများက ယူဆကြသည်။

Sumitomo Realty & Development ကုမ္ပဏီ၏ မန်နေဂျာ Ryuta Hayakawa က “မြေပြတ်လပ်မှုနဲ့ ဆောက်လုပ်မှုကုန်ကျစရိတ်တွေမြင့်မားမှုကြောင့် ရောင်းလိုအားက များမကြာမီ အချိန်တစ်ခုခုမှာ ခုန်တက်နိုင်ခြေမရှိပါဘူး။ ဝယ်လိုအားကို ထည့်ထွက်လိုက်မယ်ဆိုရင်လည်း ဈေးနှုန်းတွေကလည်း ကျဆင်းနိုင်ခြေမရှိပါဘူး။” ဟု ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် သြဂုတ်တွင် အာရှမှ ငွေကြေးစီမံခန့်ခွဲသူများနှင့် ရင်းနှီးမြှုပ်နှံသူများက ဂျပန်တွင် သူတို့၏ multi-family assets (သီးခြားအိမ်များစွာပါဝင်သော နေအိမ်အဝန်းအဝိုင်း/အိမ်ရာ) ကို ကြီးထွားလာစေရန် စီစဥ်နေကြကြောင်း ဖွင့်ဟခဲ့ကြသည်ဟု Asian Investor.net က အစီရင်ခံဖော်ပြခဲ့သည်။

ထိုသူများအနက် ဂျပန်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုအစုစုရှိသည့် ကမ္ဘာ့အကြီးဆုံးရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲရေးလုပ်ငန်း Allianz Real Estate အပါအဝင်ဖြစ်သည်။ Allianz Real Estate မှ အာရှပစိဖိတ်လုပ်ငန်း၏ အမှုဆောင်အရာရှိချုပ် Rushabh Desai က ဂျပန်လူနေအိမ်ခြံမြေဈေးကွက်သည် ဆွဲဆာင်သော ရေရှည်တည်ငြိမ်သည့် ငွေကြေးဖြစ်ထွန်းမှုကို ပေးသည်ဟု ဆိုခဲ့သည်။

ဆိုးလ်အခြေစိုက် Igis Asset Management ကလည်း ဂျပန်နိုင်ငံတွင် multi-family sector (သီးခြားအိမ်များစွာပါဝင်သော နေအိမ်အဝန်းအဝိုင်း/အိမ်ရာ ကဏ္ဍ) တွင် အမေရိကန်ဒေါ်လာ သန်း ၅၀ မှ ၂၀၀ အကြား ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ရှာဖွေလာသည်။

အိမ်ဝယ်ယူသူများအတွက် ကမ္ဘာတစ်ဝန်းရှိ အခြားမြို့ပြကြီးများနှင့်ယှဥ်လျှင် တိုကျိုသည် ဈေးကြီးသည့် မြို့ပြတစ်ခုအဖြစ် ဂုဏ်သတင်းအမြဲရှိလာခဲ့သော်လည်း အတိုးနှုန်းအလွန်သက်သာသော ၃၅ နှစ်ကြာ အိမ်ချေးငွေများ လွယ်လင့်တကူရရှိနိုင်ခြင်းနှင့်အတူ အခုထိ ငြိမ်သက်ခဲ့သည့် ဆယ်စုနှစ်များစွာက ဝင်ငွေရှိသော စုံတွဲများအား မြို့လယ်ကောင်များတွင် တိုက်ခန်းများ ဝယ်နိုင်စေလိုက်ပြီဖြစ်ကြောင်း သိရသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Residential prices in Tokyo hit an all-time high (propertyreport)

 

 

[Zawgyi]

တိုက်ိဳ႐ွိ လူေနအိမ္ျခံေျမေဈးႏႈန္းမ်ား ႏွစ္ ၃၀ စံခ်ိန္ခ်ိဳးသြား

တိုက်ိဳတြင္ တစ္ဦးခ်င္းဝင္ေငြေကာင္းသည့္ ႏွစ္ဦးစလုံးဝင္ေငြ႐ွိေသာ အိမ္ေထာင္စုအေရအတြက္မ်ားျပားလာမႈက ၿမိဳ႕ျပေနရာမ်ား႐ွိ အိမ္ျခံေျမေဈးႏႈန္းမ်ားကို ျမင့္တက္ေစလိုက္ၿပီျဖစ္သည္။

မိမိစိတ္ႀကိဳက္ေဆာက္လုပ္ရန္ ေဆာက္လုပ္မႈစရိတ္ျမင့္မားလာမႈႏွင့္ ႏွစ္ဦးစလုံးဝင္ေငြ႐ွိေသာအိမ္ေထာင္စုမ်ားထံမွ ဝယ္လိုအားျမင့္တက္လာမႈတို႔က တိုက်ိဳ႐ွိ တိုက္ခန္းသစ္ေဈးႏႈန္းမ်ားအား ျမင့္တက္ေစလိုက္ကာ ႏွစ္ ၃၀ စံခ်ိန္ကို ၂၀၂၁ ခုႏွစ္တြင္ သမိုင္းဝင္ေက်ာ္လြန္လိုက္ၿပီျဖစ္ေၾကာင္း စီးပြားေရးသတင္းအခ်က္အလက္ႏွင့္ ဆန္းစစ္ေလ့လာမႈကုမၸဏီ Bloomberg ၏ ေဖာ္ျပခ်က္အရ သိရသည္။

တိုက်ိဳႏွင့္ အနီးတဝိုက္႐ွိ တိုက္ခန္းသစ္မ်ား၏ ပ်မ္းမွ်ေဈးႏႈန္းသည္ ၂၀၂၁ ခုႏွစ္တြင္ ဂ်ပန္ယန္း ၆၂ ဒသမ ၆ သန္း (ေဖေဖာ္ဝါရီ ၄ ေငြလဲႏႈန္းအရ ျမန္မာက်ပ္ ၉၆၇ ဒသမ ၇၉၆ သန္း) သို႔ေရာက္႐ွိခဲ့ကာ ၁၉၉၀ ျပည့္ႏွစ္ စီးပြားေရးပူေဖာင္းအေျခအေနတြင္ သတ္မွတ္ခဲ့သည့္ စံခ်ိန္ ဂ်ပန္ယန္း ၆၁ ဒသမ ၂ သန္းကို ေက်ာ္လြန္လိုက္ၿပီျဖစ္ေၾကာင္း Real Estate Economic Institute က ထုတ္ျပန္ခဲ့ေသာ ကိန္းဂဏန္းမ်ားက ေဖာ္ျပခဲ့သည္။

ေဈးႏႈန္းျမင့္တက္မႈသည္ ၂၀၂၂ ခုႏွစ္တြင္လည္း ဆက္လက္ျဖစ္ပြားမည္ဟု အိမ္ျခံေျမေရးရာသုံးသပ္သူမ်ားက ယူဆၾကသည္။

Sumitomo Realty & Development ကုမၸဏီ၏ မန္ေနဂ်ာ Ryuta Hayakawa က “ေျမျပတ္လပ္မႈနဲ႔ ေဆာက္လုပ္မႈကုန္က်စရိတ္ေတြျမင့္မားမႈေၾကာင့္ ေရာင္းလိုအားက မ်ားမၾကာမီ အခ်ိန္တစ္ခုခုမွာ ခုန္တက္ႏိုင္ေျခမ႐ွိပါဘူး။ ဝယ္လိုအားကို ထည့္ထြက္လိုက္မယ္ဆိုရင္လည္း ေဈးႏႈန္းေတြကလည္း က်ဆင္းႏိုင္ေျခမ႐ွိပါဘူး။” ဟု ေျပာၾကားခဲ့သည္။

၂၀၂၁ ခုႏွစ္ ၾသဂုတ္တြင္ အာ႐ွမွ ေငြေၾကးစီမံခန္႔ခြဲသူမ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားက ဂ်ပန္တြင္ သူတို႔၏ multi-family assets (သီးျခားအိမ္မ်ားစြာပါဝင္ေသာ ေနအိမ္အဝန္းအဝိုင္း/အိမ္ရာ) ကို ႀကီးထြားလာေစရန္ စီစဥ္ေနၾကေၾကာင္း ဖြင့္ဟခဲ့ၾကသည္ဟု Asian Investor.net က အစီရင္ခံေဖာ္ျပခဲ့သည္။

ထိုသူမ်ားအနက္ ဂ်ပန္တြင္ အေမရိကန္ေဒၚလာ ၁ ဒသမ ၅ ဘီလီယံတန္ဖိုး႐ွိ ရင္းႏွီးျမႇဳပ္ႏွံမႈအစုစု႐ွိသည့္ ကမ႓ာ့အႀကီးဆုံးရင္းႏွီးျမႇဳပ္ႏွံမႈစီမံခန္႔ခြဲေရးလုပ္ငန္း Allianz Real Estate အပါအဝင္ျဖစ္သည္။ Allianz Real Estate မွ အာ႐ွပစိဖိတ္လုပ္ငန္း၏ အမႈေဆာင္အရာ႐ွိခ်ဳပ္ Rushabh Desai က ဂ်ပန္လူေနအိမ္ျခံေျမေဈးကြက္သည္ ဆြဲဆာင္ေသာ ေရ႐ွည္တည္ၿငိမ္သည့္ ေငြေၾကးျဖစ္ထြန္းမႈကို ေပးသည္ဟု ဆိုခဲ့သည္။

ဆိုးလ္အေျခစိုက္ Igis Asset Management ကလည္း ဂ်ပန္ႏိုင္ငံတြင္ multi-family sector (သီးျခားအိမ္မ်ားစြာပါဝင္ေသာ ေနအိမ္အဝန္းအဝိုင္း/အိမ္ရာ က႑) တြင္ အေမရိကန္ေဒၚလာ သန္း ၅၀ မွ ၂၀၀ အၾကား ရင္းႏွီးျမႇဳပ္ႏွံမႈအခြင့္အလမ္းမ်ားကို ႐ွာေဖြလာသည္။

အိမ္ဝယ္ယူသူမ်ားအတြက္ ကမ႓ာတစ္ဝန္း႐ွိ အျခားၿမိဳ႕ျပႀကီးမ်ားႏွင့္ယွဥ္လွ်င္ တိုက်ိဳသည္ ေဈးႀကီးသည့္ ၿမိဳ႕ျပတစ္ခုအျဖစ္ ဂုဏ္သတင္းအၿမဲ႐ွိလာခဲ့ေသာ္လည္း အတိုးႏႈန္းအလြန္သက္သာေသာ ၃၅ ႏွစ္ၾကာ အိမ္ေခ်းေငြမ်ား လြယ္လင့္တကူရ႐ွိႏိုင္ျခင္းႏွင့္အတူ အခုထိ ၿငိမ္သက္ခဲ့သည့္ ဆယ္စုႏွစ္မ်ားစြာက ဝင္ေငြ႐ွိေသာ စုံတြဲမ်ားအား ၿမိဳ႕လယ္ေကာင္မ်ားတြင္ တိုက္ခန္းမ်ား ဝယ္ႏိုင္ေစလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Residential prices in Tokyo hit an all-time high (propertyreport)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service