ဟောလိဝုဒ်ကြယ်ပွင့် အက်ရှ်တန် ကွတ်ချာနှင့် မီလာကူးနစ်တို့စုံတွဲ လော့စ်အိန်ဂျလိစံအိမ်ကို ရောင်းချ

ဟောလိဝုဒ်ကြယ်ပွင့် အက်ရှ်တန် ကွတ်ချာနှင့် မီလာကူးနစ်တို့စုံတွဲ လော့စ်အိန်ဂျလိစံအိမ်ကို ရောင်းချ - Property News in Myanmar from iMyanmarHouse.com
2 Feb 2022 11:33 am တွင် တင်ခဲ့သည်
1059 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောလိဝုဒ် အကျော်အမော်စုံတွဲဖြစ်သော ရုပ်ရှင်မင်းသား အက်ရှ်တန် ကွတ်ချာနှင့် ရုပ်ရှင်မင်းသမီး မီလာကူးနစ်တို့စုံတွဲသည် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်ရှိ စံအိမ်ကို အကြိမ်ကြိမ် ဈေးလျှော့ချပေးခဲ့ပြီး နောက်ဆုံးတွင် ရောင်းထွက်သွားပြီဖြစ်ကြောင်း ဝေါစထရိဂျာနယ်တွင် ဖော်ပြသည်။

ကန်ဒေါ်လာ ၁၀ ဒသမ ၃၅ သန်းဖြင့် အရောင်းအဝယ်ဖြစ်သွားခြင်းဖြစ်ကာ အဆိုပါဈေးမှာ ၂၀၂၀ ပြည့်နှစ်၊ မေလအတွင်း ပထမဆုံးခေါ်ဈေးဖြစ်သော ကန်ဒေါ်လာ ၁၄ သန်းအောက် ၂၆ ရာခိုင်နှုန်းအထိ လျှော့ချပေးလိုက်သော ဈေးနှုန်းလည်း ဖြစ်သည်။ မေလတွင် ကန်ဒေါ်လာ ၁၄ သန်းဖြင့် ဈေးကွက်တင်ပြီး မကြာမီတွင်ပင် ၁၃ သန်းသို့ လျှော့ချပေးလိုက်သော်လည်း ဝယ်လက်မရှိသေးချေ။

ယင်းနောက် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာတွင် ကန်ဒေါ်လာ ၁၂ ဒသမ ၂၅ သန်းသို့ ဆက်လက်လျှော့ချပေးခဲ့ပြန်သည်။ အဆိုပါ ခေါ်ဈေးဖြင့်ပင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအထိ ဈေးကွက်တွင် ဆက်ရှိနေပြီး နိုဝင်ဘာတွင်ကား ကန်ဒေါ်လာ ၁၁ ဒသမ ၃ သန်းသို့ နောက်ဆုံးအကြိမ်အဖြစ် ထပ်မံလျှော့ချပေးခဲ့သည်။ အဆိုပါ ဈေးနှုန်းသည်ကား ဝယ်လက်အတွက် သင့်တင့်သည့် ပမာဏဖြစ်သွားဟန်ရသည်။

ဝယ်လက်မှာ ယင်းခေါ်ဈေးထက် ပိုမိုနည်းပါးသည့် ဈေးနှုန်းဖြင့်ပင်လျှင် ဝယ်ယူလိုက်နိုင်ပြီး ဇန်နဝါရီလ ၁၄ ရက်တွင် အရောင်းအဝယ်အပြီးသတ်ခဲ့ခြင်း ဖြစ်သည်။

အက်ရှ်တန် ကွတ်ချာတို့ စုံတွဲက အဆိုပါအိမ်ကို ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၀၂၁၅၀၀၀ ဖြင့် ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။

လော့စ်အိန်ဂျလိ၏ နာမည်ကျော် Hidden Valley အရပ်မှ လုံခြုံရေးချထားသော ဝန်းခတ်နေရာတွင် တည်ရှိပြီး အရှေ့ဘက်ကမ်းရိုးတန်း ရိုးရာဟန်ဖြင့် ၁၉၉၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ စံအိမ်အကျယ်အဝန်း ၇၃၅၁ စတုရန်းပေ ကျယ်ဝန်းပြီး အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၅ ခန်း ပါဝင်သည်။

သတိပြုဖွယ် မွမ်းမံမှုများမှာ ဝက်သစ်ချသား ကြမ်းခင်း၊ လက်မှုလက်ရာ ဖောင်းရစ်များ၊ ကျယ်ပြောသော နောက်ဖေးဝန်းသို့ ရောက်ရှိနိုင်မည့် ပြင်သစ်တံခါးများ အစရှိသည်တို့ ဖြစ်သည်။

မီးဖိုဆောင်တွင် နံနက်စာ စားရန်ချောင်နေရာ၊ မြေညီထပ်တွင် ညစာစားခန်း၊ အရက်ဘား၊ ရုံးခန်းနှင့် ညစာစားခန်းတို့ ပါဝင်သည်။ မြေအောက်ထပ်တွင် ဝိုင်သိုလှောင်ခန်း၊ အားကစားလေ့ကျင့်ရေးခန်းမနှင့် ဧည့်ဂေဟာခန်းတို့ ပါဝင်သည်။

နေအိမ်ပြင်ပတွင် ရေကန်တစ်ခုနှင့် စိမ်းလန်းသော မြက်ခင်းတို့ကို တွေ့ရမည် ဖြစ်သည်။

အက်ရှ်တန် ကွတ်ချာသည် ရုပ်ရှင်မင်းသမီး ဒီမီမိုးရ်၏ ခင်ပွန်းလည်းဖြစ်ခဲ့ဖူး (၂၀၀၅-၂၀၁၃) ပြီး ဒီမီမိုးရ်နှင့် ကွာရှင်းပြတ်စဲပြီး ၂ နှစ်အကြာ ၂၀၁၅ ခုနှစ်တွင် ရုပ်ရှင်မင်းသမီး မီလာကူးနစ်နှင့် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။

အက်ရှ်တန်ကွတ်ချာသည် Airbnb နှင့် Skype တို့ကဲ့သို့ နည်းပညာကုမ္ပဏီများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။

မီလာကူးနစ်သည် အသက် ၇ နှစ်သမီးအရွယ် ၁၉၉၁ ခုနှစ်တွင် ယူကရိန်းနိုင်ငံ( ထိုစဉ်က ဆိုဗီယက်၏ ပြည်နယ်တစ်ခု) မှ အမေရိကန်ပြည်ထောင်စုသို့ မိသားစုနှင့်အတူ ထွက်ပြေးလာခဲ့ကြသည်။ အသက် ၁၄ နှစ်သမီးအရွယ်တွင် ရုပ်သံဇာတ်လမ်းတွဲများ၌ စတင်ကာ ပါဝင်သရုပ်ဆောင်ခဲ့သည်။

ယခုအိမ်အရောင်းအဝယ်တွင် Hilton & Hyland ကုမ္ပဏီမှ Justin Paul Huchel က အိမ်ရှင်ကို ကိုယ်စားပြုပေးပြီး The Sher Group မှ Christopher Huddleston က ဝယ်လက်ကို ကိုယ်စားပြုသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ashton Kutcher and Mila Kunis Sell Beverly Hills Home for $10.35M (realtor)

 

[Zawgyi]

ေဟာလိဝုဒ္ၾကယ္ပြင့္ အက္ရွ္တန္ ကြတ္ခ်ာႏွင့္ မီလာကူးနစ္တုိ႔စံုတြဲ ေလာ့စ္အိန္ဂ်လိစံအိမ္ကို ေရာင္းခ်

ေဟာလိဝုဒ္ အေက်ာ္အေမာ္္စံုတြဲျဖစ္ေသာ ရုပ္ရွင္မင္းသား အက္ရွ္တန္ ကြတ္ခ်ာႏွင့္ ရုပ္ရွင္မင္းသမီး မီလာကူးနစ္တို႔စံုတြဲသည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးလ္ရွိ စံအိမ္ကို အၾကိမ္ၾကိမ္ ေစ်းေလွ်ာ့ခ်ေပးခဲ့ျပီး ေနာက္ဆံုးတြင္ ေရာင္းထြက္သြားျပီျဖစ္ေၾကာင္း ေဝါစထရိဂ်ာနယ္တြင္ ေဖာ္ျပသည္။

ကန္ေဒၚလာ ၁၀ ဒသမ ၃၅ သန္းျဖင့္ အေရာင္းအဝယ္ျဖစ္သြားျခင္းျဖစ္ကာ အဆိုပါေစ်းမွာ ၂၀၂၀ ျပည့္ႏွစ္၊ ေမလအတြင္း ပထမဆံုးေခၚေစ်းျဖစ္ေသာ ကန္ေဒၚလာ ၁၄ သန္းေအာက္ ၂၆ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ေပးလိုက္ေသာ ေစ်းႏႈန္းလည္း ျဖစ္သည္။ ေမလတြင္ ကန္ေဒၚလာ ၁၄ သန္းျဖင့္ ေစ်းကြက္တင္ျပီး မၾကာမီတြင္ပင္ ၁၃ သန္းသို႔ ေလွ်ာ့ခ်ေပးလိုက္ေသာ္လည္း ဝယ္လက္မရွိေသးေခ်။

ယင္းေနာက္ ၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာတြင္ ကန္ေဒၚလာ ၁၂ ဒသမ ၂၅ သန္းသို႔ ဆက္လက္ေလွ်ာ့ခ်ေပးခဲ့ျပန္သည္။ အဆိုပါ ေခၚေစ်းျဖင့္ပင္ ၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလအထိ ေစ်းကြက္တြင္ ဆက္ရွိေနျပီး ႏိုဝင္ဘာတြင္ကား ကန္ေဒၚလာ ၁၁ ဒသမ ၃ သန္းသို႔ ေနာက္ဆံုးအၾကိမ္အျဖစ္ ထပ္မံေလွ်ာ့ခ်ေပးခဲ့သည္။ အဆိုပါ ေစ်းႏႈန္းသည္ကား ဝယ္လက္အတြက္ သင့္တင့္သည့္ ပမာဏျဖစ္သြားဟန္ရသည္။

ဝယ္လက္မွာ ယင္းေခၚေစ်းထက္ ပိုမိုနည္းပါးသည့္ ေစ်းႏႈန္းျဖင့္ပင္လွ်င္ ဝယ္ယူလိုက္ႏိုင္ျပီး ဇန္နဝါရီလ ၁၄ ရက္တြင္ အေရာင္းအဝယ္အျပီးသတ္ခဲ့ျခင္း ျဖစ္သည္။

အက္ရွ္တန္ ကြတ္ခ်ာတို႔ စံုတြဲက အဆိုပါအိမ္ကို ၂၀၁၄ ခုႏွစ္အတြင္း ကန္ေဒၚလာ ၁၀၂၁၅၀၀၀ ျဖင့္ ဝယ္ယူထားခဲ့ျခင္း ျဖစ္သည္။

ေလာ့စ္အိန္ဂ်လိ၏ နာမည္ေက်ာ္ Hidden Valley အရပ္မွ လံုျခံဳေရးခ်ထားေသာ ဝန္းခတ္ေနရာတြင္ တည္ရွိျပီး အေရွ႕ဘက္ကမ္းရိုးတန္း ရိုးရာဟန္ျဖင့္ ၁၉၉၉ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

စံအိမ္အက်ယ္အဝန္း ၇၃၅၁ စတုရန္းေပ က်ယ္ဝန္းျပီး အိပ္ခန္း ၅ ခန္းႏွင့္ ေရခ်ဳိးခန္း ၅ ခန္း ပါဝင္သည္။

သတိျပဳဖြယ္ မြမ္းမံမႈမ်ားမွာ ဝက္သစ္ခ်သား ၾကမ္းခင္း၊ လက္မႈလက္ရာ ေဖာင္းရစ္မ်ား၊ က်ယ္ေျပာေသာ ေနာက္ေဖးဝန္းသို႔ ေရာက္ရွိႏိုင္မည့္ ျပင္သစ္တံခါးမ်ား အစရွိသည္တို႔ ျဖစ္သည္။

မီးဖိုေဆာင္တြင္ နံနက္စာ စားရန္ေခ်ာင္ေနရာ၊ ေျမညီထပ္တြင္ ညစာစားခန္း၊ အရက္ဘား၊ ရံုးခန္းႏွင့္ ညစာစားခန္းတို႔ ပါဝင္သည္။

ေျမေအာက္ထပ္တြင္ ဝိုင္သိုေလွာင္ခန္း၊ အားကစားေလ့က်င့္ေရးခန္းမႏွင့္ ဧည့္ေဂဟာခန္းတို႔ ပါဝင္သည္။

ေနအိမ္ျပင္ပတြင္ ေရကန္တစ္ခုႏွင့္ စိမ္းလန္းေသာ ျမက္ခင္းတို႔ကို ေတြ႔ရမည္ ျဖစ္သည္။

အက္ရွ္တန္ ကြတ္ခ်ာသည္ ရုပ္ရွင္မင္းသမီး ဒီမီမိုးရ္၏ ခင္ပြန္းလည္းျဖစ္ခဲ့ဖူး (၂၀၀၅-၂၀၁၃) ျပီး ဒီမီမိုးရ္ႏွင့္ ကြာရွင္းျပတ္စဲျပီး ၂ ႏွစ္အၾကာ ၂၀၁၅ ခုႏွစ္တြင္ ရုပ္ရွင္မင္းသမီး မီလာကူးနစ္ႏွင့္ လက္ထပ္ခဲ့ျခင္း ျဖစ္သည္။

အက္ရွ္တန္ကြတ္ခ်ာသည္ Airbnb ႏွင့္ Skype တို႔ကဲ့သို႔ နည္းပညာကုမၸဏီမ်ားတြင္လည္း ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ထားသည္။

မီလာကူးနစ္သည္ အသက္ ၇ ႏွစ္သမီးအရြယ္ ၁၉၉၁ ခုႏွစ္တြင္ ယူကရိန္းႏိုင္ငံ( ထိုစဥ္က ဆိုဗီယက္၏ ျပည္နယ္တစ္ခု) မွ အေမရိကန္ျပည္ေထာင္စုသို႔ မိသားစုႏွင့္အတူ ထြက္ေျပးလာခဲ့ၾကသည္။ အသက္ ၁၄ ႏွစ္သမီးအရြယ္တြင္ ရုပ္သံဇာတ္လမ္းတြဲမ်ား၌ စတင္ကာ ပါဝင္သရုပ္ေဆာင္ခဲ့သည္။

ယခုအိမ္အေရာင္းအဝယ္တြင္ Hilton & Hyland ကုမၸဏီမွ Justin Paul Huchel က အိမ္ရွင္ကို ကိုယ္စားျပဳေပးျပီး The Sher Group မွ Christopher Huddleston က ဝယ္လက္ကို ကိုယ္စားျပဳသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ashton Kutcher and Mila Kunis Sell Beverly Hills Home for $10.35M (realtor)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service