ဒေါ်လာ ၄ သိန်းအထိ ကုန်ကျနိုင်သော ကလေးကစားစရာအိမ်များ တည်ဆောက်သည့်ကုမ္ပဏီ

ဒေါ်လာ ၄ သိန်းအထိ ကုန်ကျနိုင်သော ကလေးကစားစရာအိမ်များ တည်ဆောက်သည့်ကုမ္ပဏီ - Property News in Myanmar from iMyanmarHouse.com
2 Feb 2022 10:23 am တွင် တင်ခဲ့သည်
955 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဒေါ်လာ သိန်းနဲ့ချီအကုန်ခံပြီး ကိုယ့်စိတ်ကူးထဲကအိမ်လေး တည်ဆောက်ဖို့ဆိုတာ လူအများစုအတွက် အိပ်မက်ထဲမှာသာ ဖြစ်နိုင်ပေမဲ့ အချို့တွေအတွက်တော့ သူတို့ကလေးတွေအတွက် ကလေးကစားစရာအိမ် တည်ဆောက်ပေးဖို့ကိုတောင် ၎င်းပမာဏ ငွေကြေးကို အသုံးပြုနေကြပါတယ်။ (မှတ်ချက် - ဤတွင် ကနေဒီယန်ဒေါ်လာကို ဆိုလိုခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁ ငွေလဲနှုန်းအရ ကနေဒီယန်ဒေါ်လာ တစ်ဒေါ်လာလျှင် အမေရိကန်ဒေါ်လာ ၀ ဒသမ ၇၉ ဒေါ်လာ (သို့) မြန်မာကျပ် ၁၃၉၉ ကျပ်နှင့် ညီမျှပါသည်)

ကနေဒါနိုင်ငံ အယ်လ်ဗားတားပြည်နယ် Letherbridge မြို့အခြေစိုက် မိသားစုစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Charmed Playhouses က ကမ္ဘာ့အဆန်းပြားဆုံး၊ ဇိမ်ခံပစ္စည်းတွေနဲ့ အပြည့်စုံဆုံး၊ အရည်အသွေးမြင့် ကလေးကစားစရာအိမ်တွေ တည်ဆောက်ပေးနိုင်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ဖန်တီးမှုအချို့ကို ကြည့်ကြည့်လိုက်တော့ အဲဒီသူတို့ရဲ့အဆိုကို လိုလိုလားလားထောက်ခံရပါလိမ့်မယ်။

ဒါပေမဲ့ သင့်အိမ်ခြံဝင်းထဲက လွတ်နေတဲ့‌မြေကွက်လပ်မှာ ဆန်းပြားတဲ့ ကလေးကစားစရာအိမ်ဆောက်ဖို့ စိတ်မကူးခင်မှာ အချို့ကလေးကစားစရာအိမ်ဒီဇိုင်းတွေဟာ တည်ဆောက်ဖို့ ငွေကြေးအမြောက်အမြားကုန်ကျနိုင်တာကို သင်သိထားသင့်ပါတယ်။ သာမန် ကလေးကစားစရာအိမ်တစ်လုံးအတွက် ဒေါ်လာ ၃,၅၀၀ ကနေ စတင်ကုန်ကျမှာဆိုပေမဲ့ စိတ်ကူးပေါ်မူတည်ပြီး ပိုထူးခြားဆန်းပြားချင်လေလေ ငွေကြေးသိန်းနဲ့ချီ လွယ်လင့်တကူကုန်ကျနိုင်လေလေပါပဲ။

“အခုလက်ရှိ ကျွန်တော်တို့က ဒေါ်လာ ၄ သိန်းလောက်ထက်မနည်း ကုန်ကျမယ့် ကလေးကစားစရာအိမ်တစ်လုံးကို ဆောက်လုပ်ပေးလျက်ရှိပါတယ်” လို့ Charmed Playhouses ရဲ့ ပိုင်ရှင် Tyson Leavitt က အမရေိကနျအှနျလိုငျးမီဒီယာကုမ်ပဏီ INSIDER ကို ၂၀၁၉ ခုနှစ်တုန်းက ပြောကြားခဲ့ပါတယ်။

သူတို့တည်ဆောက်ပေးခဲ့ဖူးတဲ့ ကလေးကစားအိမ်အများစုက ဒေါ်လာ ၁ သိန်းကနေ ၃ သိန်းအကြား အသုံးပြုကြတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့လည်း အဲဒီအိမ်ကလေးတွေကို ပုံမှန်အိမ်တွေလိုပဲ ကလေးတွေ သက်သောင့်သက်သာနေထိုင်လို့ရတဲ့ ကလေးကစားစရာအိမ်လေးတွေအဖြစ် မြင်တွေ့ရတာဖြစ်ပါတယ်။

Leavitt က Charmed Playhouses ကိုမတည်ထောင်ခင် landscaping (ရှုခင်းသာယာစေရန် ပြုပြင်ခြင်း/ဥယျာဥ်ခင်းကျင်းမှုလုပ်ငန်း) မှာ ကိုးနှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ သူအလုပ်လုပ်ပေးခဲ့တဲ့သူတော်တော်များများရဲ့ အိမ်ခြံဝန်း/အိမ်နောက်ဖေးမြေကွက်လပ်တွေဟာ အတော်လေးကြီးမားကျယ်ပြန့်တာကို သတိပြုမိခဲ့တဲ့နောက် ကလေးတွေအတွက် အဆင့်မြင့်ကလေးကစားစရာအိမ်တွေ၊ သစ်ပင်ထက်မှာ ‌အဆင့်မြင့်ကလေးကစားစရာအိမ်တွေ တည်ဆောက်ပေးဖို့ စိတ်ကူးရပြီး စိတ်ကူးကိုအကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Leavitt ဟာ သူ့ကလေးသုံးယောက်အတွက် ကလေးကစားစရာအိမ် တည်ဆောက်ပြီးတဲ့နောက် အလုပ်အပ်မယ့်သူတစ်ဦးက သူ့ကလေးတွေအတွက် Rapunzel မင်းသမီးလေးပုံပြင်ကာတွန်းထဲက အိမ်လိုမျိုး ကလေးကစားစရာအိမ်တစ်အိမ် တည်ဆောက်ပေးနိုင်မလားလို့ Leavitt လို့ မေးမြန်းစုံစမ်းခဲ့ပါတယ်။ အဲဒီလောက် ပုံစံတကျမတည်ဆောက်ဖူးပေမဲ့လည်း တည်ဆောက်ဖို့ဆုံးဖြတ်ခဲ့ကာ တကယ်တမ်းအကောင်အထည်ပေါ်လာခဲ့တဲ့အခါမှာတော့ သူ့လုပ်ငန်းအောင်မြင်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။

“အလုပ်အပ်မယ့်သူတွေ ကျွန်တော်တို့ဆီ စိတ်ဝင်တစား‌ရောက်လာခဲ့ကြပါတယ်။ သူတို့ကြိုက်တာတွေကို ကျွန်တော်တို့ကို ပြောပြတယ်။ ကျွန်တော်တို့က သူတို့ရဲ့စိတ်ကူးထဲက ပုံစံနဲ့ သူတို့ရဲ့အကြိုက်ကို ပေါင်းစပ်လိုက်ပါတယ်။ ကျွန်တော်တို့ အကောင်အထည်ဖော်ပေးပြီးချိန်မှာတော့ လှပဆန်းပြားအဆင့်မြင့်တဲ့ ကလေးကစားစရာအိမ်အဖြစ် ရုပ်လုံးပေါ်လာပါတော့တယ်။” လို့လည်း Leavitt က ပြောကြားခဲ့ပါသေးတယ်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This Company Builds Fantastic Playhouses That Can Cost Up to $400,000 (odditycentral)

[Zawgyi]

ေဒၚလာ ၄ သိန္းအထိ ကုန္က်ႏိုင္ေသာ ကေလးကစားစရာအိမ္မ်ား တည္ေဆာက္သည့္ကုမၸဏီ

ေဒၚလာ သိန္းနဲ႔ခ်ီအကုန္ခံၿပီး ကိုယ့္စိတ္ကူးထဲကအိမ္ေလး တည္ေဆာက္ဖို႔ဆိုတာ လူအမ်ားစုအတြက္ အိပ္မက္ထဲမွာသာ ျဖစ္ႏိုင္ေပမဲ့ အခ်ိဳ႕ေတြအတြက္ေတာ့ သူတို႔ကေလးေတြအတြက္ ကေလးကစားစရာအိမ္ တည္ေဆာက္ေပးဖို႔ကိုေတာင္ ၎ပမာဏ ေငြေၾကးကို အသုံးျပဳေနၾကပါတယ္။ (မွတ္ခ်က္ - ဤတြင္ ကေနဒီယန္ေဒၚလာကို ဆိုလိုျခင္းျဖစ္သည္။

ေဖေဖာ္ဝါရီ ၁ ေငြလဲႏႈန္းအရ ကေနဒီယန္ေဒၚလာ တစ္ေဒၚလာလွ်င္ အေမရိကန္ေဒၚလာ ၀ ဒသမ ၇၉ ေဒၚလာ (သို႔) ျမန္မာက်ပ္ ၁၃၉၉ က်ပ္ႏွင့္ ညီမွ်ပါသည္)

ကေနဒါႏိုင္ငံ အယ္လ္ဗားတားျပည္နယ္ Letherbridge ၿမိဳ႕အေျခစိုက္ မိသားစုစီးပြားေရးလုပ္ငန္းတစ္ခုျဖစ္တဲ့ Charmed Playhouses က ကမ႓ာ့အဆန္းျပားဆုံး၊ ဇိမ္ခံပစၥည္းေတြနဲ႔ အျပည့္စုံဆုံး၊ အရည္အေသြးျမင့္ ကေလးကစားစရာအိမ္ေတြ တည္ေဆာက္ေပးႏိုင္တယ္လို႔ ဆိုပါတယ္။ သူတို႔ရဲ႕ဖန္တီးမႈအခ်ိဳ႕ကို ၾကည့္ၾကည့္လိုက္ေတာ့ အဲဒီသူတို႔ရဲ႕အဆိုကို လိုလိုလားလားေထာက္ခံရပါလိမ့္မယ္။

ဒါေပမဲ့ သင့္အိမ္ျခံဝင္းထဲက လြတ္ေနတဲ့‌ေျမကြက္လပ္မွာ ဆန္းျပားတဲ့ ကေလးကစားစရာအိမ္ေဆာက္ဖို႔ စိတ္မကူးခင္မွာ အခ်ိဳ႕ကေလးကစားစရာအိမ္ဒီဇိုင္းေတြဟာ တည္ေဆာက္ဖို႔ ေငြေၾကးအေျမာက္အျမားကုန္က်ႏိုင္တာကို သင္သိထားသင့္ပါတယ္။ သာမန္ ကေလးကစားစရာအိမ္တစ္လုံးအတြက္ ေဒၚလာ ၃,၅၀၀ ကေန စတင္ကုန္က်မွာဆိုေပမဲ့ စိတ္ကူးေပၚမူတည္ၿပီး ပိုထူးျခားဆန္းျပားခ်င္ေလေလ ေငြေၾကးသိန္းနဲ႔ခ်ီ လြယ္လင့္တကူကုန္က်ႏိုင္ေလေလပါပဲ။

“အခုလက္႐ွိ ကြၽန္ေတာ္တို႔က ေဒၚလာ ၄ သိန္းေလာက္ထက္မနည္း ကုန္က်မယ့္ ကေလးကစားစရာအိမ္တစ္လုံးကို ေဆာက္လုပ္ေပးလ်က္႐ွိပါတယ္” လို႔ Charmed Playhouses ရဲ႕ ပိုင္႐ွင္ Tyson Leavitt က အမေရိကႏ်အွႏ်လိုင်းမီဒီယာကုမ္ပဏီ INSIDER ကို ၂၀၁၉ ခုႏွစ္တုန္းက ေျပာၾကားခဲ့ပါတယ္။

သူတို႔တည္ေဆာက္ေပးခဲ့ဖူးတဲ့ ကေလးကစားအိမ္အမ်ားစုက ေဒၚလာ ၁ သိန္းကေန ၃ သိန္းအၾကား အသုံးျပဳၾကတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္မို႔လို႔လည္း အဲဒီအိမ္ကေလးေတြကို ပုံမွန္အိမ္ေတြလိုပဲ ကေလးေတြ သက္ေသာင့္သက္သာေနထိုင္လို႔ရတဲ့ ကေလးကစားစရာအိမ္ေလးေတြအျဖစ္ ျမင္ေတြ႕ရတာျဖစ္ပါတယ္။

Leavitt က Charmed Playhouses ကိုမတည္ေထာင္ခင္ landscaping (႐ႈခင္းသာယာေစရန္ ျပဳျပင္ျခင္း/ဥယ်ာဥ္ခင္းက်င္းမႈလုပ္ငန္း) မွာ ကိုးႏွစ္ၾကာ အလုပ္လုပ္ကိုင္ခဲ့တာျဖစ္ပါတယ္။ သူအလုပ္လုပ္ေပးခဲ့တဲ့သူေတာ္ေတာ္မ်ားမ်ားရဲ႕ အိမ္ျခံဝန္း/အိမ္ေနာက္ေဖးေျမကြက္လပ္ေတြဟာ အေတာ္ေလးႀကီးမားက်ယ္ျပန္႔တာကို သတိျပဳမိခဲ့တဲ့ေနာက္ ကေလးေတြအတြက္ အဆင့္ျမင့္ကေလးကစားစရာအိမ္ေတြ၊ သစ္ပင္ထက္မွာ ‌အဆင့္ျမင့္ကေလးကစားစရာအိမ္ေတြ တည္ေဆာက္ေပးဖို႔ စိတ္ကူးရၿပီး စိတ္ကူးကိုအေကာင္အထည္ေဖာ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

Leavitt ဟာ သူ႕ကေလးသုံးေယာက္အတြက္ ကေလးကစားစရာအိမ္ တည္ေဆာက္ၿပီးတဲ့ေနာက္ အလုပ္အပ္မယ့္သူတစ္ဦးက သူ႕ကေလးေတြအတြက္ Rapunzel မင္းသမီးေလးပုံျပင္ကာတြန္းထဲက အိမ္လိုမ်ိဳး ကေလးကစားစရာအိမ္တစ္အိမ္ တည္ေဆာက္ေပးႏိုင္မလားလို႔ Leavitt လို႔ ေမးျမန္းစုံစမ္းခဲ့ပါတယ္။ အဲဒီေလာက္ ပုံစံတက်မတည္ေဆာက္ဖူးေပမဲ့လည္း တည္ေဆာက္ဖို႔ဆုံးျဖတ္ခဲ့ကာ တကယ္တမ္းအေကာင္အထည္ေပၚလာခဲ့တဲ့အခါမွာေတာ့ သူ႕လုပ္ငန္းေအာင္ျမင္ဖို႔ ျဖစ္လာခဲ့ပါေတာ့တယ္။

“အလုပ္အပ္မယ့္သူေတြ ကြၽန္ေတာ္တို႔ဆီ စိတ္ဝင္တစား‌ေရာက္လာခဲ့ၾကပါတယ္။ သူတို႔ႀကိဳက္တာေတြကို ကြၽန္ေတာ္တို႔ကို ေျပာျပတယ္။ ကြၽန္ေတာ္တို႔က သူတို႔ရဲ႕စိတ္ကူးထဲက ပုံစံနဲ႔ သူတို႔ရဲ႕အႀကိဳက္ကို ေပါင္းစပ္လိုက္ပါတယ္။ ကြၽန္ေတာ္တို႔ အေကာင္အထည္ေဖာ္ေပးၿပီးခ်ိန္မွာေတာ့ လွပဆန္းျပားအဆင့္ျမင့္တဲ့ ကေလးကစားစရာအိမ္အျဖစ္ ႐ုပ္လုံးေပၚလာပါေတာ့တယ္။” လို႔လည္း Leavitt က ေျပာၾကားခဲ့ပါေသးတယ္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: This Company Builds Fantastic Playhouses That Can Cost Up to $400,000 (odditycentral)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service