မာရီလင်မွန်ရိုး၏ ရုပ်ရှင်ရိုက်ကူးခဲ့သည့် ၁၂ ဧကအကျယ် ခြံဝန်းကြီး ဒေါ်လာ ၁၆ သန်းဖြင့် ရောင်းမည်

မာရီလင်မွန်ရိုး၏ ရုပ်ရှင်ရိုက်ကူးခဲ့သည့် ၁၂ ဧကအကျယ် ခြံဝန်းကြီး ဒေါ်လာ ၁၆ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
28 Jan 2022 10:24 am တွင် တင်ခဲ့သည်
907 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ အိုင်ဒါဟိုပြည်နယ်တွင် မာရီလင်မွန်ရိုး၏ “Bus Stop” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခဲ့ရာ ကျယ်ဝန်းသည့်ခြံကြီးတစ်ခြံ ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

အိုင်ဒါဟိုပြည်နယ်မှ နှင်းလျှောစီး အပန်းဖြေစခန်းမြို့ကလေးဖြစ်သော Sun Valley အမည်ရှိ မြို့ကလေးတွင် တည်ရှိပြီး ခြံဝန်းအကျယ် ၁၂ ဧက ရှိသည်။

ခြံဝန်းကြီးအတွင်း modern craftsman ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော ပင်မစံအိမ်၊ ဧည့်ဂေဟာတစ်လုံး၊ ပွဲလမ်းများ ကျင်းပစုဝေးနိုင်သော ဖျော်ဖြေရေးနေရာတို့ ပါဝင်ကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

မာရီလင်မွန်ရိုး၏ ၁၉၅၆ ခုနှစ်က ရိုက်ကူးခဲ့သော ဂန္ထဝင်ရုပ်ရှင်တွင် အချို့သော ဇာတ်ဝင်ခန်းများကို ကုန်စုံဆိုင်ဟောင်းတစ်ခုတွင် ရိုက်ကူးထားပြီး နောက်ပိုင်းတွင် ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ရာ ယနေ့တွင် စတုရန်းပေ ၂၀၀၀ ကျယ်ဝန်းသော ဧည့်ဂေဟာအိမ် ဖြစ်လာသည်။

ရုပ်ရှင်ဇာတ်ကားထဲတွင် ဧည့်ဂေဟာနေရာကို Grace’s Diner ဟု အမည်ပေးထားသည်။

အဆိုပါဇာတ်ကားတွင် အမေရိကန်ရုပ်ရှင်မင်းသမီး Hope Lange လည်း ပါဝင် သရုပ်ဆောင်ထားသည်။

အဆိုပါ အလွမ်းအသောဇာတ်ကားကို ဒါရိုက်တာ Joshua Logan က ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

ယနေ့ကာလတွင် ဧည့်ဂေဟာအိမ်၌ အိပ်ခန်း ၂ ခန်းနှင့် ရေချိုးခန်း ၃ ခန်း ရှိနေပြီဖြစ်သည်။

ပွဲလမ်းများကျင်းပနိုင်သည့်အဆောက်အအုံမှာ စတုရန်းပေ ၃၀၀၀ ကျယ်ဝန်းပြီး ပစ္စည်းအသုံးအဆောင် အပြည့်အစုံထည့်သွင်းထားသော မီးဖိုဆောင်၊ ဧည့်ခန်း၊ အိပ်ခန်း ၂ ခန်း၊ နားနေဆောင်၊ ပန်းမန်စိုက်ပျိုးဆောင်၊ အပူပေးစနစ်ထည့်သွင်းထားသော ကားဂိုဒေါင်များလည်း ပါဝင်သည်။

ပြည်နယ်အဝေးပြေးလမ်းမကြီး ၇၅၊ အမှတ် ၁၃၄၃၉ တွင်တည်ရှိသော စံအိမ်ဝန်းတွင် စုစုပေါင်း အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၁၀ ခန်းပါဝင်ကာ လူနေကြမ်းခင်းဧရိယာ ၉၄၃၄ စတုရန်းပေ အကျယ်အဝန်းရှိသည်။

“သမိုင်းနဲ့ တန်ဖိုးကြီး သက်တောင့်သက်သာရှိမှုတွေဟာ ဒီတောင်ခြေစံအိမ်မှာ တသားတည်းပေါင်းစပ်ထား ပါတယ်”ဟု အရောင်းဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

၂ ထပ်အဆောက်အအုံ၏ ကြီးမားသောပြတင်းများက ခမ်းနားလှသော တောင်တန်းမြင်ကွင်းများကို ဆောင်ကြဉ်းပေး၏။

အဆိုပါခြံဝန်းကြီးသည် ၂၀၂၀ ပြည့်နှစ်ကတည်းက အရောင်းဈေးကွက်သို့ ၂ ကြိမ်ထက်ပိုမိုဝင်ရောက်ခဲ့ပြီး နောက်ဆုံးအရောင်းဈေးကွက်ဝင်ခဲ့သည်မှာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကန်ဒေါ်လာ ၁၅ ဒသမ ၉၉၅ သန်းဖြင့် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ အရောင်းဈေးကွက်တင်ပေးသည့် ကုမ္ပဏီမှာ Engel & Völkers မှ ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: See 12-acre Idaho estate featured in Marilyn Monroe film, now for sale at $16million

 

[Zawgyi]

မာရီလင္မြန္ရိုး၏ ရုပ္ရွင္ရိုက္ကူးခဲ့သည့္ ၁၂ ဧကအက်ယ္ ျခံဝန္းၾကီး ေဒၚလာ ၁၆ သန္းျဖင့္ ေရာင္းမည္

အေမရိကန္ျပည္ေထာင္စု၊ အိုင္ဒါဟိုျပည္နယ္တြင္ မာရီလင္မြန္ရိုး၏ “Bus Stop” ရုပ္ရွင္ဇာတ္ကား ရိုက္ကူးခဲ့ရာ က်ယ္ဝန္းသည့္ျခံၾကီးတစ္ျခံ ကန္ေဒၚလာ ၁၆ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

အိုင္ဒါဟိုျပည္နယ္မွ ႏွင္းေလွ်ာစီး အပန္းေျဖစခန္းျမိဳ႕ကေလးျဖစ္ေသာ Sun Valley အမည္ရွိ ျမိဳ႕ကေလးတြင္ တည္ရွိျပီး ျခံဝန္းအက်ယ္ ၁၂ ဧက ရွိသည္။

ျခံဝန္းၾကီးအတြင္း modern craftsman ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ ပင္မစံအိမ္၊ ဧည့္ေဂဟာတစ္လံုး၊ ပြဲလမ္းမ်ား က်င္းပစုေဝးႏိုင္ေသာ ေဖ်ာ္ေျဖေရးေနရာတို႔ ပါဝင္ေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

မာရီလင္မြန္ရိုး၏ ၁၉၅၆ ခုႏွစ္က ရိုက္ကူးခဲ့ေသာ ဂႏၳဝင္ရုပ္ရွင္တြင္ အခ်ဳိ႕ေသာ ဇာတ္ဝင္ခန္းမ်ားကို ကုန္စံုဆိုင္ေဟာင္းတစ္ခုတြင္ ရိုက္ကူးထားျပီး ေနာက္ပိုင္းတြင္ ျပန္လည္ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ရာ ယေန႔တြင္ စတုရန္းေပ ၂၀၀၀ က်ယ္ဝန္းေသာ ဧည့္ေဂဟာအိမ္ ျဖစ္လာသည္။

ရုပ္ရွင္ဇာတ္ကားထဲတြင္ ဧည့္ေဂဟာေနရာကို Grace’s Diner ဟု အမည္ေပးထားသည္။

အဆိုပါဇာတ္ကားတြင္ အေမရိကန္ရုပ္ရွင္မင္းသမီး Hope Lange လည္း ပါဝင္ သရုပ္ေဆာင္ထားသည္။

အဆိုပါ အလြမ္းအေသာဇာတ္ကားကို ဒါရိုက္တာ Joshua Logan က ရိုက္ကူးခဲ့ျခင္း ျဖစ္သည္။

ယေန႔ကာလတြင္ ဧည့္ေဂဟာအိမ္၌ အိပ္ခန္း ၂ ခန္းႏွင့္ ေရခ်ဳိးခန္း ၃ ခန္း ရွိေနျပီျဖစ္သည္။

ပြဲလမ္းမ်ားက်င္းပႏိုင္သည့္အေဆာက္အအံုမွာ စတုရန္းေပ ၃၀၀၀ က်ယ္ဝန္းျပီး ပစၥည္းအသံုးအေဆာင္ အျပည့္အစံုထည့္သြင္းထားေသာ မီးဖိုေဆာင္၊ ဧည့္ခန္း၊ အိပ္ခန္း ၂ ခန္း၊ နားေနေဆာင္၊ ပန္းမန္စိုက္ပ်ဳိးေဆာင္၊ အပူေပးစနစ္ထည့္သြင္းထားေသာ ကားဂိုေဒါင္မ်ားလည္း ပါဝင္သည္။

ျပည္နယ္အေဝးေျပးလမ္းမၾကီး ၇၅၊ အမွတ္ ၁၃၄၃၉ တြင္တည္ရွိေသာ စံအိမ္ဝန္းတြင္ စုစုေပါင္း အိပ္ခန္း ၈ ခန္း၊ ေရခ်ဳိးခန္း ၁၀ ခန္းပါဝင္ကာ လူေနၾကမ္းခင္းဧရိယာ ၉၄၃၄ စတုရန္းေပ အက်ယ္အဝန္းရွိသည္။

“သမိုင္းနဲ႔ တန္ဖိုးၾကီး သက္ေတာင့္သက္သာရွိမႈေတြဟာ ဒီေတာင္ေျခစံအိမ္မွာ တသားတည္းေပါင္းစပ္ထား ပါတယ္”ဟု အေရာင္းေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

၂ ထပ္အေဆာက္အအံု၏ ၾကီးမားေသာျပတင္းမ်ားက ခမ္းနားလွေသာ ေတာင္တန္းျမင္ကြင္းမ်ားကို ေဆာင္ၾကဥ္းေပး၏။

အဆိုပါျခံဝန္းၾကီးသည္ ၂၀၂၀ ျပည့္ႏွစ္ကတည္းက အေရာင္းေစ်းကြက္သို႔ ၂ ၾကိမ္ထက္ပိုမိုဝင္ေရာက္ခဲ့ျပီး ေနာက္ဆံုးအေရာင္းေစ်းကြက္ဝင္ခဲ့သည္မွာ ၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလအတြင္း ကန္ေဒၚလာ ၁၅ ဒသမ ၉၉၅ သန္းျဖင့္ ဝင္ေရာက္ခဲ့ျခင္း ျဖစ္သည္။ အေရာင္းေစ်းကြက္တင္ေပးသည့္ ကုမၸဏီမွာ Engel & Völkers မွ ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: See 12-acre Idaho estate featured in Marilyn Monroe film, now for sale at $16million

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service