ရက်ပ်အဆိုတော် ပို့စ်မလုံးရဲ့ အနုမြူဒဏ်ခံ မြေအောက်စံအိမ်ကြီးကို အလည်သွားရအောင်
ရက်ပ်အဆိုတော် ပို့စ်မလုံးရဲ့ အနုမြူဒဏ်ခံ မြေအောက်စံအိမ်ကြီးကို အလည်သွားရအောင် - Property News in Myanmar from iMyanmarHouse.com
27 Jan 2022 11:33 am တွင် တင်ခဲ့သည်
774 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ရက်ပ်အဆိုတော် ပို့စ်မလုံး၏ ၂၀၁၈ ခုနှစ်အတွင်းက ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပြန်လည်ပျံ့နှံ့လာသည်။
အဆိုပါ ဗွီဒီယိုဖိုင်အတွင်း ပို့စ်မလုံးက အမေရိကန်အစိုးရကို ကမ္ဘာ့အကြီးမားဆုံး မုသားကောင်အဖြစ် ရည်ညွှန်းပြောကြားထားပြီး အမေရိကန်ပြည်သူများကို နိုင်ငံအတွင်းမှ ရွှေ့ပြောင်းထွက်ခွာကြရန် တိုက်တွန်းထားခြင်းဖြစ်ပြီး TikTok ကွန်ရက်တွင် ပြန်လည်ပျံ့နှံ့လာခြင်းလည်း ဖြစ်သည်။
ထိုသို့ ပြောကြားခဲ့သည့် အချိန်ကာလခန့်က ယခုအသက် ၂၆ နှစ်ရှိပြီဖြစ်သော ရက်ပ်အဆိုတော်က အမေရိကန်ပြည်ထောင်စု၊ ယူတားပြည်နယ်ရှိ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၇ ခန်းပါဝင်သော မြေအောက် အဆောက်အအုံကို ကန်ဒေါ်လာ ၃၀၉၃၇၅၀ ဖြင့် ဝယ်ယူခဲ့ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
Salt Lake City မြို့ရှိ အဆိုပါစံအိမ်သည် အကျယ်အဝန်း ၁၃၀၀၀ စတုရန်းပေခန့်ရှိပြီး ခြံအကျယ်မှာ ၇ ဧက နီးပါး ရှိသည်။
၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပို့စ်မလုံးက ပြောခဲ့သည်မှာ (ထိုစဉ်က ယူတားပြည်နယ်ရှိ နေအိမ်ကို ဝယ်ယူရန် သဘောတူညီချက် ရထားချိန်ဖြစ်သည်) ဝယ်ယူမည့်စံအိမ်ကို ကမ္ဘာဖျက်စစ်ပွဲကြီးများဒဏ်ခံနိုင်သော ခိုလှုံရာအဖြစ် ပြောင်းလဲဆောက်လုပ်သွားမည်ဖြစ်ကာ မြေအောက်လူနေ နေရာများ တည်ဆောက်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
၁၉၈၆ ခုနှစ်တွင် ကနဦးဆောက်လုပ်ခဲ့သည့် စံအိမ်ဖြစ်ပြီး ချောက်ကမ်းပါး၊ တောင်တန်းနှင့် မြို့တို့၏ မြင်ကွင်းများ ပိုင်ဆိုင်ထားသော စံအိမ်သည် Cottonwood အမည်ရှိ ချောက်ကမ်းပါးနှုတ်ခမ်းတွင် တည်ရှိသည်။
စံအိမ်အတွင်း ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော ပြတင်းများ၊ သီးခြားဧည့်သည်ဆောင်နေရာများ၊ သီးသန့်ရုံးခန်းတစ်ခုတို့လည်း ပါဝင်သည်။
အပြောကျယ်သော ဧည့်ခန်းတွင် အရက်ဘားတစ်ခုပါဝင်ကာ နောက်ဆုံးပေါ်အဆင့်မြင့်အသုံးအဆောင်များ ထည့်သွင်းထားသည့် မီးဖိုဆောင်မှတဆင့် ကိန်းခန်းမကြီးသည့် ညစာစားခန်းပါဝင်သော မိသားစုနားနေခန်းသို့ ရောက်ရှိနိုင်သည်။
ထို့အပြင် ဝိုင်သိုလှောင်ခန်း၊ အားကစားခန်းမ၊ ဟင်းလင်းပြင် မီးလင်းဖို၊ ဘတ်စ်ကက်ဘောကွင်း၊ ရေကန်၊ ရေပူစိမ်ကန်ပါဝင်သော ဟင်းလင်းပြင်မီးဖိုဆောင်တို့လည်း ပါဝင်သေးသည်။
ပို့စ်မလုံးသည် ယခင်က လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်ရှိ ကန်ဒေါ်လာ ၂၆ သန်းတန် စံအိမ် တစ်လုံးကို ငှားရမ်းနေထိုင်ခဲ့ခြင်း ဖြစ်သည်။
အမည်ရင်းမှာ အော်စတင် ရစ်ချတ် ပို့စ်ဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် မွေးဖွားကာ ပို့စ်မလုံးဟုသာ လူသိများသည်။ အမေရိကန် ရက်ပ်အဆိုတော်၊ တေးရေးတစ်ဦးဖြစ်သည်။
အတွေးနယ်ချဲ့သော သီချင်းရေးဟန်ဖြင့် နာမည်ကျော်ပြီး မတူညီသော ဂီတအမျိုးအစားများကို ပေါင်းစည်းတတ်မှုဖြင့် ချီးကျူးခံရသည်။
အနုပညာအမည် ပေးခဲ့ပုံမှာ ငယ်နာမည်ကို ရက်ပ်အဆိုတော်အမည် ကျပန်းရှာဖွေပေးသည့် ဝက်ဘ်ဆိုက်တွင် ရိုက်ထည့် ရှာဖွေရင်း ရရှိလာခဲ့သည်ဟု ဆိုသည်။
တေးအယ်လ်ဘမ်ချပ်ရေ သန်း ၈၀ ကျော်ရောင်းချရသည့် ဂီတအနုပညာရှင်များတွင် တစ်ဦးအပါအဝင်ဖြစ်သူ ပို့စ်မလုံးသည် ဘီလ်ဘုတ်ဂီတဆု ၁၀ ကြိမ်၊ အမေရိကန်ဂီတဆု ၃ ကြိမ်၊ MTV ဂီတဗွီဒီယိုဆု ၁ ကြိမ်နှင့် ဂရမ်မီဆု ၆ ကြိမ်အမည်စာရင်းဝင်ခြင်းများ ရရှိထားသည်။
ပို့စ်မလုံးသည် Rap Airplay and Adult Contemporary ဇယားတွင် ထိပ်ဆုံးရပ်တည်နိုင်ခဲ့သည့် ပထမဆုံး တစ်ကိုယ်တော် အနုပညာရှင်တစ်ဦးလည်း ဖြစ်သည်။
သူ၏ Circles တေးသီချင်းသည် Adult Contemporary ဇယားတွင် ရက်သတ္တ ၄၁ ပတ်အထိ နံပါတ် ၁ နေရာတွင် အရှည်ကြာဆုံး ရပ်တည်နိုင်ခဲ့သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Inside Post Malone’s $3M, apocalypse-proof bunker (New York Post)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
CarsDB
42 Mini Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service