စင်ဒီကရောဖို့အပါအဝင် နာမည်ကြီးအမျိုးသမီးပေါင်း ၁၈ ဦးနှင့်ချစ်ကျွမ်းဝင်ခဲ့သူ ရစ်ချတ်ဂျီရာက နယူးယောက်တောပိုင်းရှိ ၄၈ ဧကအကျယ်စံအိမ်ကို ကန်ဒေါ်လာ (၂၈) သန်းဖြင့် အရောင်းဈေးကွက်တင်

စင်ဒီကရောဖို့အပါအဝင် နာမည်ကြီးအမျိုးသမီးပေါင်း ၁၈ ဦးနှင့်ချစ်ကျွမ်းဝင်ခဲ့သူ ရစ်ချတ်ဂျီရာက နယူးယောက်တောပိုင်းရှိ ၄၈ ဧကအကျယ်စံအိမ်ကို ကန်ဒေါ်လာ (၂၈) သန်းဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
27 Jan 2022 11:15 am တွင် တင်ခဲ့သည်
1237 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နယူးယောက်တောပိုင်းရှိ စံအိမ်သစ်တစ်လုံးကို ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် ဝယ်ယူပြီး တစ်နှစ်အကြာ တွင် ရစ်ချတ်ဂျီရာ (Richard Gere) သည် ၁၉၈၆ ခုနှစ်က ၎င်းဝယ်ယူထားခဲ့သော အခြားသော နယူးယောက် တောပိုင်း စံအိမ်တစ်လုံးကို ရောင်းချရန် ကြိုးစားလာသည်။

အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်သည့် ရစ်ချတ်ဂျီရာသည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်မှ လူဦးရေ ၅၀၀၀ ဝန်းကျင်သာရှိသော Pound Ridge အမည်ရှိ တောမြို့ကလေးမှ ၄၈ ဧကကျယ်ဝန်းသော ခြံဝန်းကြီးကို လွန်ခဲ့သော အောက်တိုဘာလအတွင်း ကန်ဒေါ်လာ ၂၈ သန်းဖြင့် အရောင်းဈေးကွက်တင် ခဲ့သည်ဟု သိရသည်။

ရစ်ချတ်ဂျီရာသည် အသက် ၂၀ အရွယ်မှစတင်ပြီး ဗုဒ္ဓဘာသာကို စတင်စိတ်ဝင်စားခဲ့ကာ ၁၉၇၈ ခုနှစ်တွင် နီပေါနိုင်ငံသို့ သွားရောက်ကာ တိဗက်ဘုန်းတော်ကြီးများ၊ လာမာများ များစွာနှင့်တွေ့ဆုံခဲ့သည်။

အိမ်ခြံမြေမှတ်တမ်းများအရ ရစ်ချတ်ဂျီရာသည် အဆိုပါခြံဝန်းကြီးကို လွန်ခဲ့သော ၃၅ နှစ်နီးပါးက ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ ၁ ဒသမ ၅၁ သန်းသာ ပေးခဲ့ရကြောင်း ဖော်ပြသည်။

“Pretty Woman” နှင့် “American Gigolo” ရုပ်ရှင်ဇာတ်ကားများတွင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့မှုဖြင့် နာမည်ကျော်သူ ရစ်ချတ်ဂျီရာသည် ဇနီးဖြစ်သူ Alejandra Silva နှင့် ၂၀၁၉၊ ၂၀၂၀ ခုနှစ်များတွင် ရင်သွေးများ ထွန်းကားပြီးနောက်ပိုင်း နယူးယောက်မြို့လယ်မှ မိုင် ၅၀ အကွာမှ North Salem အမည်ရှိ တောမြို့ကလေးတွင် အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၉ ခန်းပါဝင်သော စံအိမ်တစ်လုံး၌ ဘဝသစ်ကို စတင်နေသည်။

ရစ်ချတ်ဂျီရာသည် စင်ဒီကရောဖို့ဒ် အပါအဝင် နာမည်ကြီးမိန်းကလေးပေါင်းများစွာနှင့် ချစ်ကျွမ်းဝင်ခဲ့ရာ ၎င်းနှင့် ချစ်ကြိုက်ခဲ့သူများမှာ Penelope Milford ၊ Sylvia Martins ၊ Tuesday Weld ၊ Carole Mallory ၊ Dawn Steel ၊ Loree Rodkin ၊ Diane von Furstenberg ၊ Barbara Carrera ၊ Barbra Streisand ၊ Priscilla Presley ၊ Kim Basinger ၊ Laura Bailey ၊ Tina Chow ၊ Dalila Di Lazzaro ၊ Padma Lakshmi ၊ Cindy Crawford ၊ Carey Lowell နှင့် Alejandra Silva တို့ ဖြစ်ကြသည်။

ယခုဈေးကွက်တင်လာသည့် ခြံဝန်းကြီး၏ ပင်မစံအိမ်သည် နယူးယောက်မြို့မှ တစ်နာရီခရီးသာ ဝေးကွာပြီး အိပ်ခန်း ၈ ခန်းနှင့် ရေချိုးခန်း ၁၁ ခန်း ပါဝင်ကာ စံအိမ်အကျယ်အဝန်း ၁၁၆၀၀ စတုရန်းပေ ရှိသည်။

ခြံဝန်းကျယ်ကြီးအတွင်း စုစုပေါင်း အဆောက်အအုံ ၅ လုံးပါဝင်ပြီး မြင်းဇောင်းများနှင့် ရေကန်တစ်ခုလည်း ပါဝင်သည်။

မှော်ဆန်သော ကျေးလက်ခြံကြီးတစ်ခုအဖြစ် သတ်မှတ်ခြင်းခံရပြီး ခြံဝန်းကျယ်ကြီးအတွင်း လေထန်သော ကျေးလက်လမ်း၊ သီးသန့်ရေကန်၊ သဲဆန်သော ကမ်းခြေ၊ လှေလှော်သွားနိုင်သည့် ကျွန်းတစ်ကျွန်းတို့ ပါဝင်ကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

လှိုင်းလုံးများသဖွယ် တောင်ကုန်းတို့၏ အလှဗေဒ၊ (အဆိုပါတောင်ကုန်းများကို မြင်းစီးရန်အတွက် သီးသန့်ထားရှိသည်)။ ဘောလုံးကွင်းတစ်ကွင်းနှင့် ခြံဝန်းကြီးပတ်လည်တွင် သက်ကြီးအပင်ကြီးများစွာ ဝန်းပတ်ထားသည်။

ရစ်ချတ်ဂျီရာသည် စပိန်နိုင်ငံသူ ဆီလ်ဗာ (၃၇ နှစ်) နှင့် ၂၀၁၈ ခုနှစ်တွင် လက်ထပ်ခဲ့သည်။

ယခင်ဇနီးဟောင်း ကာရေး လိုဝဲလ်နှင့်လည်း ဟိုးမားအမည်ရှိ အသက် ၂၁ နှစ်အရွယ် သားတစ်ဦး ရှိသေးသည်။

အရောင်းဈေးကွက်တင်ပေးသူမှာ Ginnel Real Estate အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် မတ်ဖင် ဒေါင်းဒဲလ် ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Richard Gere lists longtime upstate NY compound for $28M (New York Post)

 

[Zawgyi]

စင္ဒီကေရာဖို႔အပါအဝင္ နာမည္ၾကီးအမ်ဳိးသမီးေပါင္း ၁၈ ဦးႏွင့္ခ်စ္ကၽြမ္းဝင္ခဲ့သူ ရစ္ခ်တ္ဂ်ီရာက နယူးေယာက္ေတာပိုင္းရွိ ၄၈ ဧကအက်ယ္စံအိမ္ကို ကန္ေဒၚလာ (၂၈) သန္းျဖင့္ အေရာင္းေစ်းကြက္တင္

နယူးေယာက္ေတာပိုင္းရွိ စံအိမ္သစ္တစ္လံုးကို ကန္ေဒၚလာ ၉ ဒသမ ၈ သန္းျဖင့္ ဝယ္ယူျပီး တစ္ႏွစ္အၾကာ တြင္ ရစ္ခ်တ္ဂ်ီရာ (Richard Gere) သည္ ၁၉၈၆ ခုႏွစ္က ၎ဝယ္ယူထားခဲ့ေသာ အျခားေသာ နယူးေယာက္ ေတာပိုင္း စံအိမ္တစ္လံုးကို ေရာင္းခ်ရန္ ၾကိဳးစားလာသည္။

အသက္ ၇၂ ႏွစ္အရြယ္ရွိျပီျဖစ္သည့္ ရစ္ခ်တ္ဂ်ီရာသည္ အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျပည္နယ္မွ လူဦးေရ ၅၀၀၀ ဝန္းက်င္သာရွိေသာ Pound Ridge အမည္ရွိ ေတာျမိဳ႕ကေလးမွ ၄၈ ဧကက်ယ္ဝန္းေသာ ျခံဝန္းၾကီးကို လြန္ခဲ့ေသာ ေအာက္တိုဘာလအတြင္း ကန္ေဒၚလာ ၂၈ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ ခဲ့သည္ဟု သိရသည္။

ရစ္ခ်တ္ဂ်ီရာသည္ အသက္ ၂၀ အရြယ္မွစတင္ျပီး ဗုဒၶဘာသာကို စတင္စိတ္ဝင္စားခဲ့ကာ ၁၉၇၈ ခုႏွစ္တြင္ နီေပါႏိုင္ငံသို႔ သြားေရာက္ကာ တိဗက္ဘုန္းေတာ္ၾကီးမ်ား၊ လာမာမ်ား မ်ားစြာႏွင့္ေတြ႔ဆံုခဲ့သည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရ ရစ္ခ်တ္ဂ်ီရာသည္ အဆိုပါျခံဝန္းၾကီးကို လြန္ခဲ့ေသာ ၃၅ ႏွစ္နီးပါးက ဝယ္ယူခဲ့ရာတြင္ ကန္ေဒၚလာ ၁ ဒသမ ၅၁ သန္းသာ ေပးခဲ့ရေၾကာင္း ေဖာ္ျပသည္။

“Pretty Woman” ႏွင့္ “American Gigolo” ရုပ္ရွင္ဇာတ္ကားမ်ားတြင္ ေခါင္းေဆာင္မင္းသားအျဖစ္ ပါဝင္ခဲ့မႈျဖင့္ နာမည္ေက်ာ္သူ ရစ္ခ်တ္ဂ်ီရာသည္ ဇနီးျဖစ္သူ Alejandra Silva ႏွင့္ ၂၀၁၉၊ ၂၀၂၀ ခုႏွစ္မ်ားတြင္ ရင္ေသြးမ်ား ထြန္းကားျပီးေနာက္ပိုင္း နယူးေယာက္ျမိဳ႕လယ္မွ မိုင္ ၅၀ အကြာမွ North Salem အမည္ရွိ ေတာျမိဳ႕ကေလးတြင္ အိပ္ခန္း ၇ ခန္း၊ ေရခ်ဳိးခန္း ၉ ခန္းပါဝင္ေသာ စံအိမ္တစ္လံုး၌ ဘဝသစ္ကို စတင္ေနသည္။

ရစ္ခ်တ္ဂ်ီရာသည္ စင္ဒီကေရာဖို႔ဒ္ အပါအဝင္ နာမည္ၾကီးမိန္းကေလးေပါင္းမ်ားစြာႏွင့္ ခ်စ္ကၽြမ္းဝင္ခဲ့ရာ ၎ႏွင့္ ခ်စ္ၾကိဳက္ခဲ့သူမ်ားမွာ Penelope Milford ၊ Sylvia Martins ၊ Tuesday Weld ၊ Carole Mallory ၊ Dawn Steel ၊ Loree Rodkin ၊ Diane von Furstenberg ၊ Barbara Carrera ၊ Barbra Streisand ၊ Priscilla Presley ၊ Kim Basinger ၊ Laura Bailey ၊ Tina Chow ၊ Dalila Di Lazzaro ၊ Padma Lakshmi ၊ Cindy Crawford ၊ Carey Lowell ႏွင့္ Alejandra Silva တို႔ ျဖစ္ၾကသည္။

ယခုေစ်းကြက္တင္လာသည့္ ျခံဝန္းၾကီး၏ ပင္မစံအိမ္သည္ နယူးေယာက္ျမိဳ႕မွ တစ္နာရီခရီးသာ ေဝးကြာျပီး အိပ္ခန္း ၈ ခန္းႏွင့္ ေရခ်ဳိးခန္း ၁၁ ခန္း ပါဝင္ကာ စံအိမ္အက်ယ္အဝန္း ၁၁၆၀၀ စတုရန္းေပ ရွိသည္။

ျခံဝန္းက်ယ္ၾကီးအတြင္း စုစုေပါင္း အေဆာက္အအံု ၅ လံုးပါဝင္ျပီး ျမင္းေဇာင္းမ်ားႏွင့္ ေရကန္တစ္ခုလည္း ပါဝင္သည္။

ေမွာ္ဆန္ေသာ ေက်းလက္ျခံၾကီးတစ္ခုအျဖစ္ သတ္မွတ္ျခင္းခံရျပီး ျခံဝန္းက်ယ္ၾကီးအတြင္း ေလထန္ေသာ ေက်းလက္လမ္း၊ သီးသန္႔ေရကန္၊ သဲဆန္ေသာ ကမ္းေျခ၊ ေလွေလွာ္သြားႏိုင္သည့္ ကၽြန္းတစ္ကၽြန္းတို႔ ပါဝင္ေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

လိႈင္းလံုးမ်ားသဖြယ္ ေတာင္ကုန္းတုိ႔၏ အလွေဗဒ၊ (အဆိုပါေတာင္ကုန္းမ်ားကို ျမင္းစီးရန္အတြက္ သီးသန္႔ထားရွိသည္)။ ေဘာလံုးကြင္းတစ္ကြင္းႏွင့္ ျခံဝန္းၾကီးပတ္လည္တြင္ သက္ၾကီးအပင္ၾကီးမ်ားစြာ ဝန္းပတ္ထားသည္။

ရစ္ခ်တ္ဂ်ီရာသည္ စပိန္ႏိုင္ငံသူ ဆီလ္ဗာ (၃၇ ႏွစ္) ႏွင့္ ၂၀၁၈ ခုႏွစ္တြင္ လက္ထပ္ခဲ့သည္။

ယခင္ဇနီးေဟာင္း ကာေရး လိုဝဲလ္ႏွင့္လည္း ဟိုးမားအမည္ရွိ အသက္ ၂၁ ႏွစ္အရြယ္ သားတစ္ဦး ရွိေသးသည္။

အေရာင္းေစ်းကြက္တင္ေပးသူမွာ Ginnel Real Estate အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ မတ္ဖင္ ေဒါင္းဒဲလ္ ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Richard Gere lists longtime upstate NY compound for $28M (New York Post)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
CarsDB
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service