ဒရာမာဇာတ်ကားများဖြင့် နာမည်ကြီးသူ Kirk Douglas ၏ လော့စ်အိန်ဂျလိစံအိမ်အား အရိုးအထူးကုဆရာဝန်ကြီးက ခေါ်ဈေးထက် ဈေးပိုပေးကာ ဝယ်ယူ

ဒရာမာဇာတ်ကားများဖြင့် နာမည်ကြီးသူ Kirk Douglas ၏ လော့စ်အိန်ဂျလိစံအိမ်အား အရိုးအထူးကုဆရာဝန်ကြီးက ခေါ်ဈေးထက် ဈေးပိုပေးကာ ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
26 Jan 2022 11:09 am တွင် တင်ခဲ့သည်
990 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဒရာမာဇာတ်ကားများဖြင့် နာမည်ကြီးခဲ့ကာ ၂၀၂၀ ပြည့်နှစ်အတွင်း ကွယ်လွန်သွားပြီဖြစ်သော အမေရိကန် ဂန္ထဝင်ရုပ်ရှင်မင်းသားကြီး Kirk Douglas ၏ လော့စ်အိန်ဂျလိစံအိမ်အား အရိုးအထူးကုဆရာဝန်ကြီး စတီဖန် လျူက ခေါ်ဈေးထက် ဈေးပိုပေးကာ ဝယ်ယူသွားသည်။

လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်ရှိ စံအိမ်ကို ကန်ဒေါ်လာ ၉ ဒသမ ၀၁၅ သန်းဖြင့် ဝယ်ယူခဲ့ရာ ခေါ်ဈေးထက် ဒေါ်လာ ၁ ဒသမ ၅၂ သန်း ပိုမိုများပြားသည်။

စပါတာကတ် ဇာတ်ကား သရုပ်ဆောင်ဖြစ်သူ Kirk Douglas ၏ စံအိမ်ကို ဝယ်ယူရန် ကမ်းလှမ်းသူ ၃၁ ဦးထိ မကြုံဖူးအောင် ရှိခဲ့ကြောင်း Nourmand & Associates အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Rochelle Maize က ဝေါစထရိဂျာနယ်သို့ ပြောကြားသည်။

လွန်ခဲ့သော ဒီဇင်ဘာလအတွင်း အရောင်းဈေးကွက် ဝင်လာခဲ့ခြင်းဖြစ်ပြီး ခေါ်ဈေးမှာ ကန်ဒေါ်လာ ၇ ဒသမ ၄၉၅ သန်း ဖြစ်သည်။

Kirk Douglas သည် အဓိကအားဖြင့် ဒရာမာဇာတ်ကားများတွင် သရုပ်ဆောင်ပြီး စစ်ကားများတွင်လည်း သရုပ်ဆောင်လေ့ရှိသည်။

၁၉၅၆ ခုနှစ်တွင် Lust for Life ဇာတ်ကား၌ ဗင်းဆင့်ဗန်ဂိုးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာ အကောင်းဆုံး ဒရာမာ သရုပ်ဆောင်မင်းသားအဖြစ် ရွှေကမ္ဘာလုံးဆု ရရှိခဲ့သည်။

Kirk Douglas (မွေး ၁၉၁၆- ကွယ်လွန် ၂၀၂၀) သည် ရုပ်ရှင်တစ်သက်တာ ဂုဏ်ထူးဆောင် အော်စကာဆုကိုလည်း ရရှိခဲ့ကာ ဒုတိယဇနီးဖြစ်သူနှင့်အတူ ကွယ်လွန်ချိန် ၂၀၂၀ ပြည့်နှစ်အထိ နေထိုင်သွားခဲ့သည်။

“ဒီဈေးနှုန်း အိမ်ခြံမြေတွေဆိုရင် ဝယ်ဖို့ဆက်သွယ်သူ ၄ ဦး ၊ ၅ ဦးလောက်ပဲ ရတတ်တာ ထုံးစံပဲ။ အခုလောက် ကမ်းလှမ်းသူ ပမာဏ ရတတ်တာက ဒေါ်လာ ၁ သန်းတန် အိမ်ခြံမြေတွေမှာပဲ ဖြစ်ပါတယ်” ဟု Maize က ပြောသည်။

၁၉၂၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သည့် စံအိမ်ကြီးသည် အမေရိကန်ပြည်၏ ဈေးအကြီးဆုံး နေရာတွင် တည်ရှိခြင်းဖြစ်ကာ အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၆ ခန်း ပါဝင်ပြီး စတုရန်းပေ ၄၆၄၈ ကျယ်ဝန်းသည့် တစ်ထပ်စံအိမ်ဖြစ်သည်။

ပင်မစံအိမ်အပြင် နှစ်ထပ် ဧည့်ဂေဟာအိမ်တစ်လုံးလည်း ပါဝင်သေးသည်။

စံအိမ်၏ အထူးခြားဆုံး သူမတူသည့်အချက်တစ်ခုမှာ ခြံနောက်ဘက်တွင် ဟောလိဝုဒ်ကြယ်ပွင့်တို့၏ လက်မှတ်ပါဝင်သော ကျောက်တုံး ၂၂ ခုပါဝင်သည့် Walk of Fame ဆောက်လုပ်ထားခြင်း ဖြစ်သည်။

အဆိုပါ ကြယ်ပွင့်များတွင် Frank Sinatra ၊ အဲလစ်ဇဘက် တေလာ၊ လူစီ ဘော၊ ရော်ဂျာမိုး၊ အမေရိကန်သမ္မတ ရော်နယ်ရေဂင်၊ ဂျိန်းဖောင်ဒါနှင့် Douglas ၏ သားများဖြစ်သော ရုပ်ရှင်မင်းသား Michael Douglas နှင့် ကွယ်လွန်သွားပြီဖြစ်သော Eric Douglas တို့ ပါဝင်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Kirk Douglas' Beverly Hills home complete with his very own Hollywood Walk of Fame is bought by orthopedic surgeon for $9.015 million ... which is $1.52 million over asking price

 

[Zawgyi]

ဒရာမာဇာတ္ကားမ်ားျဖင့္ နာမည္ၾကီးသူ Kirk Douglas ၏ ေလာ့စ္အိန္ဂ်လိစံအိမ္အား အရိုးအထူးကုဆရာဝန္ၾကီးက ေခၚေစ်းထက္ ေစ်းပိုေပးကာ ဝယ္ယူ

ဒရာမာဇာတ္ကားမ်ားျဖင့္ နာမည္ၾကီးခဲ့ကာ ၂၀၂၀ ျပည့္ႏွစ္အတြင္း ကြယ္လြန္သြားျပီျဖစ္ေသာ အေမရိကန္ ဂႏၳဝင္ရုပ္ရွင္မင္းသားၾကီး Kirk Douglas ၏ ေလာ့စ္အိန္ဂ်လိစံအိမ္အား အရိုးအထူးကုဆရာဝန္ၾကီး စတီဖန္ လ်ဴက ေခၚေစ်းထက္ ေစ်းပိုေပးကာ ဝယ္ယူသြားသည္။

ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးလ္အရပ္ရွိ စံအိမ္ကို ကန္ေဒၚလာ ၉ ဒသမ ၀၁၅ သန္းျဖင့္ ဝယ္ယူခဲ့ရာ ေခၚေစ်းထက္ ေဒၚလာ ၁ ဒသမ ၅၂ သန္း ပိုမိုမ်ားျပားသည္။

စပါတာကတ္ ဇာတ္ကား သရုပ္ေဆာင္ျဖစ္သူ Kirk Douglas ၏ စံအိမ္ကို ဝယ္ယူရန္ ကမ္းလွမ္းသူ ၃၁ ဦးထိ မၾကံဳဖူးေအာင္ ရွိခဲ့ေၾကာင္း Nourmand & Associates အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Rochelle Maize က ေဝါစထရိဂ်ာနယ္သို႔ ေျပာၾကားသည္။

လြန္ခဲ့ေသာ ဒီဇင္ဘာလအတြင္း အေရာင္းေစ်းကြက္ ဝင္လာခဲ့ျခင္းျဖစ္ျပီး ေခၚေစ်းမွာ ကန္ေဒၚလာ ၇ ဒသမ ၄၉၅ သန္း ျဖစ္သည္။

Kirk Douglas သည္ အဓိကအားျဖင့္ ဒရာမာဇာတ္ကားမ်ားတြင္ သရုပ္ေဆာင္ျပီး စစ္ကားမ်ားတြင္လည္း သရုပ္ေဆာင္ေလ့ရွိသည္။

၁၉၅၆ ခုႏွစ္တြင္ Lust for Life ဇာတ္ကား၌ ဗင္းဆင့္ဗန္ဂိုးအျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့ရာ အေကာင္းဆံုး ဒရာမာ သရုပ္ေဆာင္မင္းသားအျဖစ္ ေရႊကမၻာလံုးဆု ရရွိခဲ့သည္။

Kirk Douglas (ေမြး ၁၉၁၆- ကြယ္လြန္ ၂၀၂၀) သည္ ရုပ္ရွင္တစ္သက္တာ ဂုဏ္ထူးေဆာင္ ေအာ္စကာဆုကိုလည္း ရရွိခဲ့ကာ ဒုတိယဇနီးျဖစ္သူႏွင့္အတူ ကြယ္လြန္ခ်ိန္ ၂၀၂၀ ျပည့္ႏွစ္အထိ ေနထိုင္သြားခဲ့သည္။

“ဒီေစ်းႏႈန္း အိမ္ျခံေျမေတြဆိုရင္ ဝယ္ဖို႔ဆက္သြယ္သူ ၄ ဦး ၊ ၅ ဦးေလာက္ပဲ ရတတ္တာ ထံုးစံပဲ။ အခုေလာက္ ကမ္းလွမ္းသူ ပမာဏ ရတတ္တာက ေဒၚလာ ၁ သန္းတန္ အိမ္ျခံေျမေတြမွာပဲ ျဖစ္ပါတယ္” ဟု Maize က ေျပာသည္။

၁၉၂၀ ျပည့္လြန္ကာလမ်ားက ေဆာက္လုပ္ခဲ့သည့္ စံအိမ္ၾကီးသည္ အေမရိကန္ျပည္၏ ေစ်းအၾကီးဆံုး ေနရာတြင္ တည္ရွိျခင္းျဖစ္ကာ အိပ္ခန္း ၄ ခန္း၊ ေရခ်ဳိးခန္း ၆ ခန္း ပါဝင္ျပီး စတုရန္းေပ ၄၆၄၈ က်ယ္ဝန္းသည့္ တစ္ထပ္စံအိမ္ျဖစ္သည္။ ပင္မစံအိမ္အျပင္ ႏွစ္ထပ္ ဧည့္ေဂဟာအိမ္တစ္လံုးလည္း ပါဝင္ေသးသည္။

စံအိမ္၏ အထူးျခားဆံုး သူမတူသည့္အခ်က္တစ္ခုမွာ ျခံေနာက္ဘက္တြင္ ေဟာလိဝုဒ္ၾကယ္ပြင့္တို႔၏ လက္မွတ္ပါဝင္ေသာ ေက်ာက္တံုး ၂၂ ခုပါဝင္သည့္ Walk of Fame ေဆာက္လုပ္ထားျခင္း ျဖစ္သည္။

အဆိုပါ ၾကယ္ပြင့္မ်ားတြင္ Frank Sinatra ၊ အဲလစ္ဇဘက္ ေတလာ၊ လူစီ ေဘာ၊ ေရာ္ဂ်ာမိုး၊ အေမရိကန္သမၼတ ေရာ္နယ္ေရဂင္၊ ဂ်ိန္းေဖာင္ဒါႏွင့္ Douglas ၏ သားမ်ားျဖစ္ေသာ ရုပ္ရွင္မင္းသား Michael Douglas ႏွင့္ ကြယ္လြန္သြားျပီျဖစ္ေသာ Eric Douglas တို႔ ပါဝင္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Kirk Douglas' Beverly Hills home complete with his very own Hollywood Walk of Fame is bought by orthopedic surgeon for $9.015 million ... which is $1.52 million over asking price

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service