ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ အမေရိကန်ရှိ နေအိမ်ကို တိတ်တဆိတ်ရောင်းချရန် စီစဉ်နေ

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ အမေရိကန်ရှိ နေအိမ်ကို တိတ်တဆိတ်ရောင်းချရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
26 Jan 2022 10:29 am တွင် တင်ခဲ့သည်
2214 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် ကြင်ယာတော် မီဂန်မာကယ်တို့သည် လက်ရှိနေအိမ်ကို တိတ်တဆိတ် ရောင်းချရန် ကြိုးစားနေပြီး လက်ရှိဒေသမှ အခြားနေအိမ်တစ်လုံးကို ဝယ်ယူရန် စီစဉ်နေသည်ဟူသော သတင်းများ ထွက်ပေါ်လာသည်။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာ ဘာဘရာမြို့အနီး ကျေးလက်ဆင်ခြေဖုံး ဒေသရှိ ထိပ်သီးအကျော်အမော်တို့ နေထိုင်ရာနေရာကို နှစ်သက်သော်လည်း လွန်ခဲ့သော ၁၈ လက ဝယ်ယူခဲ့သည့် လက်ရှိနေအိမ်ကိုမူ နှစ်သက်မှု မရှိတော့ကြောင်း သတင်းများထွက်နေသည်။

လက်ရှိနေအိမ်မှာ စတုရန်းပေ ၁၈၀၀၀ ကျယ်ဝန်းသော စံအိမ်ဖြစ်ပြီး ကန်ဒေါ်လာ ၁၄၆၅၀၀၀၀ ပေးခဲ့ရသည်။

စံအိမ်ကြီးမှာ အိပ်ခန်း ၉ ခန်း၊ ရေချိုးခန်း ၁၆ ခန်းပါဝင်သည်။ မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ခြံအကျယ်မှာ ၇ ဒသမ ၅ ဧကရှိကာ မိသားစု ၄ ခု သက်တောင့်သက်သာ နေထိုင်နိုင်သည့် စံအိမ်ကြီးဖြစ်သည်။

ဟယ်ရီနှင့် မီဂန်မာကယ်တို့တွင် ရင်သွေး ၂ ဦးထွန်းကားထားပြီး ၂ နှစ်အရွယ် အာချီနှင့် ၇ လသမီးအရွယ် လီလီဘက် ဒိုင်ယာနာတို့ ဖြစ်သည်။

စံအိမ်ဝန်းအတွင်း မီဂန်မာကယ်၏ မိခင် ဒိုရီယာ ရက်ဂ်လန်း အလည်အပတ်လာပါက တည်းခိုရန်အတွက် အိပ်ခန်း ၂ ခန်းပါ ဧည့်ဂေဟာအိမ်တစ်လုံးလည်း ပါဝင်သည်။

အခြားအရာများအနေဖြင့် ကလေးများအတွက် အိမ်ငယ်တစ်လုံး၊ ရေကန်၊ တင်းနစ်ကွင်း၊ လဘက်ရည်ဆိုင်၊ သံလွင်ပင်တောအုပ်နှင့် နှင်းဆီဥယျာဉ်များ ပါဝင်သည်။

ထို့အပြင် ဟယ်ရီတို့က ၎င်းတို့ကယ်တင်ထားသည့် ကြက်ကလေးများ ထားရှိရန် ကြက်ခြံတစ်ခုလည်း ဖြည့်စွက် ဆောက်လုပ်ထားသေးသည်။

စံအိမ်အတွင်း dry sauna နှင့် ရေနွေးငွေ့ခန်း၊ အိမ်တွင်း ရုပ်ရှင်ရုံ၊ ဝိုင်သိုလှောင်ခန်း၊ ဂိမ်းကစားခန်းနှင့် ကား ၅ စင်းဆန့် ကားဂိုဒေါင်တို့ ပါဝင်သည်။

ဟယ်ရီတို့ ပြောင်းရွှေ့လိုခြင်းမှာ စံအိမ်ကြောင့်ကား မဖြစ်နိုင်ချေ။ တော်ဝင်မိသားစု အကဲခတ်ပုဂ္ဂိုလ်တို့က ဟယ်ရီတို့ စုံတွဲ ယခုနေရာသို့ ပြောင်းရွှေ့လာကြမှုအပေါ် အံ့အားသင့်ကြသည်။

စင်စင်ကား ယခုနေရာသည် ကမ္ဘာကျော်ထိပ်တန်းပုဂ္ဂိုလ်များ အခြေချလေ့ရှိကြသည့် လော့စ်အိန်ဂျလိမှ ဘီဗာလီဟေးလ်၊ ဘရန့်ဝုဒ်၊ ဘဲလ် အဲရ်နှင့် မာလီဘူးဒေသတို့ကဲ့သို့ ထိပ်တန်းနေရာမဟုတ်ချေ။

အချို့သော နာမည်ကျော်တို့မူ ထိုဒေသတွင် နေထိုင်ကြရာ ဟယ်ရီတို့၏ မိတ်ဆွေများဖြစ်သော အော်ပရာ ဝင်းဖရေးနှင့် Ellen DeGeneres တို့ ဖြစ်ကြသည်။

အများ၏ ထင်မြင်ယူဆချက်မှာ ဟယ်ရီတို့ လက်ရှိနေအိမ်မှ ပြောင်းရွှေ့လိုခြင်းမှာ တစ်ကိုယ်ရည် လုံခြုံမှု ကောင်းစွာမရှိသောကြောင့်ဖြစ်နိုင်သည်ဟု ယူဆကြသည်။ သတင်းအချက်အလက်လွတ်လပ်ခွင့် ဥပဒေအရ British PA သတင်းဌာနက ရရှိခဲ့သော သတင်းအရ ၉ လတာ ကာလအတွင်း ဟယ်ရီတို့သည် နေအိမ်သို့ ၉ ကြိမ်အထိ ရဲတပ်ဖွဲ့ကို အကြောင်းကြားခေါ်ယူခဲ့ရသည်ဟု ဆိုသည်။

စိုးရိမ်ဖွယ်အကောင်းဆုံးဖြစ်ရပ်များကား ၂၀၂၀ ပြည်နှစ်၊ ခရစ္စမတ်အကြိုနှင့် ခရစ္စမတ်အပြီး နောက်တစ်ရက် တို့တွင် ဖြစ်ပွားခဲ့သည်။

နစ်ကိုလတ် ဘရွတ်ခ်စ်ဆိုသည့် ကျူးကျော်ဝင်ရောက်သူတစ်ဦးသည် ဟယ်ရီကို တွေ့ရန်အတွက်ဆိုကာ မိုင်ပေါင်း ၂၃၀၀ ကျော် ဝေးကွာသော အိုဟိုင်းအိုးပြည်နယ်မှ ကားမောင်းလာခဲ့သည်ဟု ဆိုသည်။ (ဒုတိယအကြိမ် ထိုသို့လုပ်ဆောင်ရန် ကြိုးစားချိန်တွင်မူ အဖမ်းခံခဲ့ရသည်။)

“လုံခြုံရေးအလွန်တင်းကြပ်တဲ့ ပတ်ဝန်းကျင်က တော်ဝင်မိသားစုမှာ ကြီးပြင်းခဲ့တဲ့ ဟယ်ရီအတွက် ဒါက တော်တော် အနေကြပ်သွားမယ့် ကိစ္စမျိုးပဲ။ ဒီလောက် အပြောကျယ်တဲ့ ခြံဝန်းကြီးထဲမှာ ကျူးကျော်ဝင်ရောက် သူတစ်ဦးဟာ ဘယ်သူမှမသိဘဲ အကြာကြီးနေလို့ ရနိုင်တယ်”ဟု လန်ဒန်တွင် နေထိုင်ခဲ့ပြီး လက်ရှိအားဖြင့် လော့စ်အိန်ဂျလိတွင် နေထိုင်နေသူ ပီတာ လိုရီမာက ပြောသည်။

သူသည် Corcoran Global Living, Beverly Hills ၏ ဒုတိယဥက္ကဌ ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Selling So Soon? Why Prince Harry and Meghan Markle’s California Home Was No Fairy Tale

 

[Zawgyi]

ျဗိတိန္ေတာ္ဝင္မင္းသား ဟယ္ရီ အေမရိကန္ရွိ ေနအိမ္ကို တိတ္တဆိတ္ေရာင္းခ်ရန္ စီစဥ္ေန

ျဗိတိန္ေတာ္ဝင္မင္းသား ဟယ္ရီႏွင့္ ၾကင္ယာေတာ္ မီဂန္မာကယ္တို႔သည္ လက္ရွိေနအိမ္ကို တိတ္တဆိတ္ ေရာင္းခ်ရန္ ၾကိဳးစားေနျပီး လက္ရွိေဒသမွ အျခားေနအိမ္တစ္လံုးကို ဝယ္ယူရန္ စီစဥ္ေနသည္ဟူေသာ သတင္းမ်ား ထြက္ေပၚလာသည္။

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္၊ ဆန္တာ ဘာဘရာျမိဳ႕အနီး ေက်းလက္ဆင္ေျခဖံုး ေဒသရွိ ထိပ္သီးအေက်ာ္အေမာ္တို႔ ေနထိုင္ရာေနရာကို ႏွစ္သက္ေသာ္လည္း လြန္ခဲ့ေသာ ၁၈ လက ဝယ္ယူခဲ့သည့္ လက္ရွိေနအိမ္ကိုမူ ႏွစ္သက္မႈ မရွိေတာ့ေၾကာင္း သတင္းမ်ားထြက္ေနသည္။

လက္ရွိေနအိမ္မွာ စတုရန္းေပ ၁၈၀၀၀ က်ယ္ဝန္းေသာ စံအိမ္ျဖစ္ျပီး ကန္ေဒၚလာ ၁၄၆၅၀၀၀၀ ေပးခဲ့ရသည္။

စံအိမ္ၾကီးမွာ အိပ္ခန္း ၉ ခန္း၊ ေရခ်ဳိးခန္း ၁၆ ခန္းပါဝင္သည္။ ေျမထဲပင္လယ္ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားျပီး ျခံအက်ယ္မွာ ၇ ဒသမ ၅ ဧကရွိကာ မိသားစု ၄ ခု သက္ေတာင့္သက္သာ ေနထိုင္ႏိုင္သည့္ စံအိမ္ၾကီးျဖစ္သည္။

ဟယ္ရီႏွင့္ မီဂန္မာကယ္တို႔တြင္ ရင္ေသြး ၂ ဦးထြန္းကားထားျပီး ၂ ႏွစ္အရြယ္ အာခ်ီႏွင့္ ၇ လသမီးအရြယ္ လီလီဘက္ ဒိုင္ယာနာတုိ႔ ျဖစ္သည္။

စံအိမ္ဝန္းအတြင္း မီဂန္မာကယ္၏ မိခင္ ဒိုရီယာ ရက္ဂ္လန္း အလည္အပတ္လာပါက တည္းခိုရန္အတြက္ အိပ္ခန္း ၂ ခန္းပါ ဧည့္ေဂဟာအိမ္တစ္လံုးလည္း ပါဝင္သည္။

အျခားအရာမ်ားအေနျဖင့္ ကေလးမ်ားအတြက္ အိမ္ငယ္တစ္လံုး၊ ေရကန္၊ တင္းနစ္ကြင္း၊ လဘက္ရည္ဆိုင္၊ သံလြင္ပင္ေတာအုပ္ႏွင့္ ႏွင္းဆီဥယ်ာဥ္မ်ား ပါဝင္သည္။

ထို႔အျပင္ ဟယ္ရီတို႔က ၎တို႔ကယ္တင္ထားသည့္ ၾကက္ကေလးမ်ား ထားရွိရန္ ၾကက္ျခံတစ္ခုလည္း ျဖည့္စြက္ ေဆာက္လုပ္ထားေသးသည္။

စံအိမ္အတြင္း dry sauna ႏွင့္ ေရေႏြးေငြ႔ခန္း၊ အိမ္တြင္း ရုပ္ရွင္ရံု၊ ဝိုင္သိုေလွာင္ခန္း၊ ဂိမ္းကစားခန္းႏွင့္ ကား ၅ စင္းဆန္႔ ကားဂိုေဒါင္တို႔ ပါဝင္သည္။

ဟယ္ရီတို႔ ေျပာင္းေရႊ႕လိုျခင္းမွာ စံအိမ္ေၾကာင့္ကား မျဖစ္ႏိုင္ေခ်။ ေတာ္ဝင္မိသားစု အကဲခတ္ပုဂၢိဳလ္တို႔က ဟယ္ရီတို႔ စံုတြဲ ယခုေနရာသို႔ ေျပာင္းေရႊ႕လာၾကမႈအေပၚ အံ့အားသင့္ၾကသည္။

စင္စင္ကား ယခုေနရာသည္ ကမၻာေက်ာ္ထိပ္တန္းပုဂၢိဳလ္မ်ား အေျခခ်ေလ့ရွိၾကသည့္ ေလာ့စ္အိန္ဂ်လိမွ ဘီဗာလီေဟးလ္၊ ဘရန္႔ဝုဒ္၊ ဘဲလ္ အဲရ္ႏွင့္ မာလီဘူးေဒသတုိ႔ကဲ့သို႔ ထိပ္တန္းေနရာမဟုတ္ေခ်။

အခ်ဳိ႕ေသာ နာမည္ေက်ာ္တို႔မူ ထိုေဒသတြင္ ေနထုိင္ၾကရာ ဟယ္ရီတို႔၏ မိတ္ေဆြမ်ားျဖစ္ေသာ ေအာ္ပရာ ဝင္းဖေရးႏွင့္ Ellen DeGeneres တို႔ ျဖစ္ၾကသည္။

အမ်ား၏ ထင္ျမင္ယူဆခ်က္မွာ ဟယ္ရီတုိ႔ လက္ရွိေနအိမ္မွ ေျပာင္းေရႊ႕လိုျခင္းမွာ တစ္ကိုယ္ရည္ လံုျခံဳမႈ ေကာင္းစြာမရွိေသာေၾကာင့္ျဖစ္ႏိုင္သည္ဟု ယူဆၾကသည္။ သတင္းအခ်က္အလက္လြတ္လပ္ခြင့္ ဥပေဒအရ British PA သတင္းဌာနက ရရွိခဲ့ေသာ သတင္းအရ ၉ လတာ ကာလအတြင္း ဟယ္ရီတို႔သည္ ေနအိမ္သို႔ ၉ ၾကိမ္အထိ ရဲတပ္ဖြဲ႔ကို အေၾကာင္းၾကားေခၚယူခဲ့ရသည္ဟု ဆိုသည္။

စိုးရိမ္ဖြယ္အေကာင္းဆံုးျဖစ္ရပ္မ်ားကား ၂၀၂၀ ျပည္ႏွစ္၊ ခရစၥမတ္အၾကိဳႏွင့္ ခရစၥမတ္အျပီး ေနာက္တစ္ရက္ တို႔တြင္ ျဖစ္ပြားခဲ့သည္။

နစ္ကိုလတ္ ဘရြတ္ခ္စ္ဆိုသည့္ က်ဴးေက်ာ္ဝင္ေရာက္သူတစ္ဦးသည္ ဟယ္ရီကို ေတြ႔ရန္အတြက္ဆိုကာ မိုင္ေပါင္း ၂၃၀၀ ေက်ာ္ ေဝးကြာေသာ အိုဟိုင္းအိုးျပည္နယ္မွ ကားေမာင္းလာခဲ့သည္ဟု ဆိုသည္။ (ဒုတိယအၾကိမ္ ထိုသို႔လုပ္ေဆာင္ရန္ ၾကိဳးစားခ်ိန္တြင္မူ အဖမ္းခံခဲ့ရသည္။)

“လံုျခံဳေရးအလြန္တင္းၾကပ္တဲ့ ပတ္ဝန္းက်င္က ေတာ္ဝင္မိသားစုမွာ ၾကီးျပင္းခဲ့တဲ့ ဟယ္ရီအတြက္ ဒါက ေတာ္ေတာ္ အေနၾကပ္သြားမယ့္ ကိစၥမ်ဳိးပဲ။ ဒီေလာက္ အေျပာက်ယ္တဲ့ ျခံဝန္းၾကီးထဲမွာ က်ဴးေက်ာ္ဝင္ေရာက္ သူတစ္ဦးဟာ ဘယ္သူမွမသိဘဲ အၾကာၾကီးေနလို႔ ရႏိုင္တယ္”ဟု လန္ဒန္တြင္ ေနထုိင္ခဲ့ျပီး လက္ရွိအားျဖင့္ ေလာ့စ္အိန္ဂ်လိတြင္ ေနထုိင္ေနသူ ပီတာ လိုရီမာက ေျပာသည္။

သူသည္ Corcoran Global Living, Beverly Hills ၏ ဒုတိယဥကၠဌ ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Selling So Soon? Why Prince Harry and Meghan Markle’s California Home Was No Fairy Tale

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ အမေရိကန်ရှိ နေအိမ်ကို တိတ်တဆိတ်ရောင်းချရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service