အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ဇနီး ကွယ်လွန်ချိန်ထိ နေထိုင်ခဲ့သော ပဉ္စမရိပ်သာလမ်း အဆောက်အအုံရှိ Duplex ခန်း ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်ဝင်လာ

အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ဇနီး ကွယ်လွန်ချိန်ထိ နေထိုင်ခဲ့သော ပဉ္စမရိပ်သာလမ်း အဆောက်အအုံရှိ Duplex ခန်း ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
25 Jan 2022 11:57 am တွင် တင်ခဲ့သည်
798 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်သမ္မတ ဂျွန်အက်ဖ် ကနေဒီ၏ ဇနီး ဂျက်ကလင်း ကနေဒီ အိုနာစစ် နေထိုင်ခဲ့ဖူးသော နယူးယောက်မြို့၊ ပဉ္စမရိပ်သာလမ်း၊ အမှတ် ၁၀၄၀ အဆောက်အအုံ ၇ လွှာနှင့် ၈ လွှာရှိ Duplex ခန်းတစ်ခန်း ကန်ဒေါ်လာ ၇ ဒသမ ၉၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

လူနေခန်းတည်ရှိရာ အဆောက်အအုံမှာ ထုံးကျောက်ဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံဖြစ်ပြီး ရာစုနှစ် ထက်ဝက်နီးပါးကာလအတွင်းပထမဆုံးအကြိမ် အရောင်းဈေးကွက်ဝင်လာခြင်းလည်း ဖြစ်သည်။

ရိုဆာရီယို ကန်ဒဲလာက ၁၉၃၀ ပြည့်နှစ်တွင် ဒီဇိုင်းရေးဆွဲပေးခဲ့သော အဆောက်အအုံကြီး ဖြစ်သည်။

ဂျက်ကလင်း ကနေဒီ အိုနာစစ်သည် ခင်ပွန်းဖြစ်သူ သမ္မတ ဂျွန် အက်ဖ် ကနေဒီ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် မကြာမီတွင် ယခုအဆောက်အအုံကြီး၏ ၁၅ လွှာရှိ penthouse ခန်းကို ဝယ်ယူကာ သူမ ကွယ်လွန်ချိန် ၁၉၉၄ ခုနှစ်အထိ နေထိုင်သွားခဲ့သည်။

ယခုဈေးကွက်ဝင်လာသော Duplex ခန်းတွင် အခန်း ၁၀ ခန်း ပါဝင်ပြီး အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၄ ခန်း ပါဝင်ကာ လစဉ်ထိန်းသိမ်းစရိတ်မှာ ကန်ဒေါ်လာ ၁၁၇၄၇ ကျသင့်မည် ဖြစ်သည်။

၇ လွှာရှိ ခမ်းနားလှသော သံကြွပ်လက်ရန်းတို့ဖြင့် ပြုလုပ်ထားသော လှေကား အကွေ့အဝိုက်က ၈ လွှာရှိ အိပ်ခန်း ၃ ခန်းသို့ ဦးတည်သွားသည်။

နေအိမ်ခန်းအတွင်း ကြမ်းခင်းများမှာ ကင်းခြေချုပ်အသွင် ခင်းကျင်းထားပြီး မြင့်မားသည့် မျက်နှာကြက်၊ သစ်သားနံရံစင်မြင့်များဖြင့် စာကြည့်ခန်း၊ ထင်းသုံးမီးလင်းဖိုများ ပါဝင်ကာ နယူးယောက်၏ နာမည်ကျော် Central Park ပန်းခြံကြီး၏ မြင်ကွင်းများ ပိုင်ဆိုင်ထားသည်။

ကြီးမားလှသော ညစာစားခန်း၊ စတိုခန်းနှင့် စားသောက်ရန် နေရာပါဝင်သည့် မီးဖိုဆောင်နှင့် အိမ်နောက်ဖေး လှေကားတို့လည်း ပါဝင်သည်။

ဝန်ထမ်းအခန်း ၂ ခန်းလည်း ပါဝင်ရာ အိမ်တွင်းရုံးခန်း (သို့မဟုတ်) ဧည့်သည်ဆောင်အဖြစ် ပြောင်းလဲ အသုံးပြုနိုင်သည်။

ဂျက်ကလင်း ကနေဒီ၏ အထင်ကရအဖြစ်ဆုံး ဓာတ်ပုံအချို့အနက် သတင်းမုဆိုးတစ်ဦးဖြစ်သူ ရွန် ဂါလယ်လာက ဂျက်ကလင်းကနေဒီကို ယခုအဆောက်အအုံရှေ့တွင် ရှိနေစဉ် ရိုက်ကူးထားသော ဓာတ်ပုံလည်း ပါဝင်သည်။

ဂျက်ကလင်း ကနေဒီ ကွယ်လွန်သွားပြီးနောက်ပိုင်း ထိုအခန်းကို ဘီလျံနာ ဒေးဗစ်ကို့ချ်နှင့် ဇနီးဖြစ်သူ ဂျူလီယာတို့က ဝယ်ယူခဲ့သည်။

ဂျူလီယာသည် ယခုအခါ နယူးယောက်မြို့တွင် အချမ်းသာဆုံး အမျိုးသမီး ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Duplex at Jackie Kennedy Onassis’ former Fifth Avenue lair asks $8M (New York Post)

 

 

[Zawgyi]

အေမရိကန္သမၼတ ဂၽြန္အက္ဖ္ကေနဒီ၏ ဇနီး ကြယ္လြန္ခ်ိန္ထိ ေနထိုင္ခဲ့ေသာ ပဥၥမရိပ္သာလမ္း အေဆာက္အအံုရွိ Duplex ခန္း ေဒၚလာ ၈ သန္းျဖင့္ ေစ်းကြက္ဝင္လာ

အေမရိကန္သမၼတ ဂၽြန္အက္ဖ္ ကေနဒီ၏ ဇနီး ဂ်က္ကလင္း ကေနဒီ အိုနာစစ္ ေနထုိင္ခဲ့ဖူးေသာ နယူးေယာက္ျမိဳ႕၊ ပဥၥမရိပ္သာလမ္း၊ အမွတ္ ၁၀၄၀ အေဆာက္အအံု ၇ လႊာႏွင့္ ၈ လႊာရွိ Duplex ခန္းတစ္ခန္း ကန္ေဒၚလာ ၇ ဒသမ ၉၉ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

လူေနခန္းတည္ရွိရာ အေဆာက္အအံုမွာ ထံုးေက်ာက္ျဖင့္ ေဆာက္လုပ္ထားေသာ အေဆာက္အအံုျဖစ္ျပီး ရာစုႏွစ္ ထက္ဝက္နီးပါးကာလအတြင္းပထမဆံုးအၾကိမ္ အေရာင္းေစ်းကြက္ဝင္လာျခင္းလည္း ျဖစ္သည္။

ရိုဆာရီယို ကန္ဒဲလာက ၁၉၃၀ ျပည့္ႏွစ္တြင္ ဒီဇိုင္းေရးဆြဲေပးခဲ့ေသာ အေဆာက္အအံုၾကီး ျဖစ္သည္။

ဂ်က္ကလင္း ကေနဒီ အိုနာစစ္သည္ ခင္ပြန္းျဖစ္သူ သမၼတ ဂၽြန္ အက္ဖ္ ကေနဒီ လုပ္ၾကံသတ္ျဖတ္ခံရျပီးေနာက္ မၾကာမီတြင္ ယခုအေဆာက္အအံုၾကီး၏ ၁၅ လႊာရွိ penthouse ခန္းကို ဝယ္ယူကာ သူမ ကြယ္လြန္ခ်ိန္ ၁၉၉၄ ခုႏွစ္အထိ ေနထိုင္သြားခဲ့သည္။

ယခုေစ်းကြက္ဝင္လာေသာ Duplex ခန္းတြင္ အခန္း ၁၀ ခန္း ပါဝင္ျပီး အိပ္ခန္း ၃ ခန္းႏွင့္ ေရခ်ဳိးခန္း ၄ ခန္း ပါဝင္ကာ လစဥ္ထိန္းသိမ္းစရိတ္မွာ ကန္ေဒၚလာ ၁၁၇၄၇ က်သင့္မည္ ျဖစ္သည္။

၇ လႊာရွိ ခမ္းနားလွေသာ သံၾကြပ္လက္ရန္းတို႔ျဖင့္ ျပဳလုပ္ထားေသာ ေလွကား အေကြ႔အဝိုက္က ၈ လႊာရွိ အိပ္ခန္း ၃ ခန္းသို႔ ဦးတည္သြားသည္။

ေနအိမ္ခန္းအတြင္း ၾကမ္းခင္းမ်ားမွာ ကင္းေျခခ်ဳပ္အသြင္ ခင္းက်င္းထားျပီး ျမင့္မားသည့္ မ်က္ႏွာၾကက္၊ သစ္သားနံရံစင္ျမင့္မ်ားျဖင့္ စာၾကည့္ခန္း၊ ထင္းသံုးမီးလင္းဖိုမ်ား ပါဝင္ကာ နယူးေယာက္၏ နာမည္ေက်ာ္ Central Park ပန္းျခံၾကီး၏ ျမင္ကြင္းမ်ား ပိုင္ဆိုင္ထားသည္။

ၾကီးမားလွေသာ ညစာစားခန္း၊ စတိုခန္းႏွင့္ စားေသာက္ရန္ ေနရာပါဝင္သည့္ မီးဖိုေဆာင္ႏွင့္ အိမ္ေနာက္ေဖး ေလွကားတို႔လည္း ပါဝင္သည္။

ဝန္ထမ္းအခန္း ၂ ခန္းလည္း ပါဝင္ရာ အိမ္တြင္းရံုးခန္း (သို႔မဟုတ္) ဧည့္သည္ေဆာင္အျဖစ္ ေျပာင္းလဲ အသံုးျပဳႏိုင္သည္။

ဂ်က္ကလင္း ကေနဒီ၏ အထင္ကရအျဖစ္ဆံုး ဓာတ္ပံုအခ်ဳိ႕အနက္ သတင္းမုဆိုးတစ္ဦးျဖစ္သူ ရြန္ ဂါလယ္လာက ဂ်က္ကလင္းကေနဒီကို ယခုအေဆာက္အအံုေရွ႕တြင္ ရွိေနစဥ္ ရိုက္ကူးထားေသာ ဓာတ္ပံုလည္း ပါဝင္သည္။

ဂ်က္ကလင္း ကေနဒီ ကြယ္လြန္သြားျပီးေနာက္ပိုင္း ထိုအခန္းကို ဘီလ်ံနာ ေဒးဗစ္ကို႔ခ်္ႏွင့္ ဇနီးျဖစ္သူ ဂ်ဴလီယာတို႔က ဝယ္ယူခဲ့သည္။

ဂ်ဴလီယာသည္ ယခုအခါ နယူးေယာက္ျမိဳ႕တြင္ အခ်မ္းသာဆံုး အမ်ဳိးသမီး ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Duplex at Jackie Kennedy Onassis’ former Fifth Avenue lair asks $8M (New York Post)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service