နယူးယောက်က ဒေါ်လာ ၄ ဒသမ ၉ သန်းတန် သီးသန့်ကျွန်း

နယူးယောက်က ဒေါ်လာ ၄ ဒသမ ၉ သန်းတန် သီးသန့်ကျွန်း - Property News in Myanmar from iMyanmarHouse.com
24 Jan 2022 11:33 am တွင် တင်ခဲ့သည်
1059 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၏ အရှေ့တောင်ဘက် ဝက်ချက်စ်တာ ခရိုင်၊ နယူး ရိုရှဲလ် (New Rochelle) မြို့ကလေးတွင် သီးသန့်ကျွန်းကလေးတစ်ခုပေါ်မှ မြေထဲပင်လယ် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော ကမ်းစပ်နေအိမ်တစ်လုံး ကန်ဒေါ်လာ ၄ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက် ရောက်လာသည်။

“Premium Point လို နေရာမျိုးမှာ အိမ်တစ်လုံးရှာဖို့ဆိုတာ မဖြစ်နိုင်သလောက်နီးပါး ကိစ္စတစ်ခုပါပဲ” ဟု အရောင်းဈေးကွက်တင်ပေးခဲ့သည့် Berkshire Hathaway အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်အမျိုးသမီး မာဂရက် ဂရာ့ဆိုက ပြောသည်။

(Premium Point မှာ နယူး ရိုရှဲလ်မြို့၏ အရှေ့ဘက်တွင်ရှိပြီး ခြံစည်းဂိတ်တံခါးလုံခြုံရေးတို့ဖြင့် ထားရှိသည့် လူနေအသိုက်အဝန်းတစ်ခု ဖြစ်သည်။) ယခုနှစ်အစောပိုင်းက မာဂရက် ဂရာ့ဆို၏ မိသားစုမှာ အဆိုပါဒေသတွင် နေအိမ်တစ်လုံး ဝယ်ယူထားကြောင်း သူမက ပြောသည်။

Premium Point သည် လူကြိုက်များပြီး ပိုင်ရှင်အပြောင်းအလဲ အလွန်နည်းပါးသည့် နေရာတစ်ခုဖြစ်သည်။

“အဲဒီမှာ နေထိုင်တဲ့သူတွေဟာ အနည်းဆုံး နှစ်ပေါင်း ၃၀၊ ၄၀ လောက် နေထိုင်ကြသူတွေ ဖြစ်ပါတယ်”ဟု မာဂရက်က ပြောသည်။

ယခု ဈေးကွက်ဝင်လာသည့်နေအိမ်မှာ ၁၉၁၇ ခုနှစ်က ဆောက်လုပ်ခဲ့သည့်နေအိမ်ဖြစ်ပြီး အိပ်ခန်း ၆ ခန်း၊ ခြံတွင်း ရေကူးကန်တစ်ခု၊ အိမ်တွင်း အားကစားခန်းမ၊ ကား ၂ စင်းဆန့် ဂိုဒေါင်တို့ ပါဝင်ပြီး နေအိမ် အကျယ်အဝန်းမှာ ၇၇၉၆ စတုရန်းပေ ရှိသည်။

၁၁၀ မိုင် ရှည်လျားသော Long Island ရေလက်ကြားနှင့် နယူးရိုရှဲလ်ရှိ နာမည်ကျော် ရေကန်ကြီးဖြစ်သော Premium Mill Pond တို့၏ ခမ်းနားလှသော မြင်ကွင်းများ ပိုင်ဆိုင်ထားသည်။

Premium Point ဝန်းအတွင်း နေအိမ်ပေါင်း ၃၁ လုံးတည်ရှိပြီး ယခုနေအိမ်မှာမူ ပိုမို၍ပင် သီးသန့်ဆန်သည်။

Premium Point ဝန်းအတွင်းမှ သီးသန့်ကျွန်းဟု ခေါ်ဆိုကြသည့်နေရာတွင် တည်ရှိပြီး အရပ် ၃ မျက်နှာတွင် ရေပြင်ဖြင့် ဝန်းပတ်ထားသည်။

ပြီးခဲ့သော ရာစုနှစ်တစ်ခုလုံးအတွင်း ယခုအိမ်ကို ပိုင်ဆိုင်ခဲ့သူ ၆ ဦးထက်မပိုချေ။ ယခု ရောင်းချသူများ ပိုင်ဆိုင်ထားသည်မှာပင် ၃၅ နှစ်ရှိခဲ့ပြီ ဖြစ်သည်။

လက်ရှိပိုင်ရှင်များ ပြန်လည်ပြုပြင်မွမ်းမံထားသည်များမှာ မိသားစုနားနေခန်း၊ ဝိုင်သိုလှောင်ခန်း၊ အိပ်ခန်းတစ်ခန်းနှင့် ရေချိုးခန်းတစ်ခန်းတို့အပြင် ရေကန်ကို စီးမိုးမြင်နေရသည့် မီးလင်းဖိုပါသော နားနေဆောင်တို့ ပါဝင်သည်။

တစ်ညတာ တည်းခိုမည့် ဧည့်သည်များအတွက် ပြီးပြည့်စုံသည့်နေရာဖြစ်သော ရေကူးကန်ဘေးအိမ်တွင် အိပ်ခန်း ၁ ခန်း၊ ရေချိုးခန်း၊ မီးဖိုဆောင်နှင့် အဝတ်လဲခန်းတို့ ပါဝင်သည်။

မီးဖိုဆောင်တွင်ကား အဆင့်မြင့်တန်ဖိုးကြီး ပစ္စည်းများဖြစ်သော Christopher Peacock မီးဖိုဆောင်စင်များ၊ Sub-Zero အအေးခန်း ၂ ခု၊ Wolf မီးဖို ၂ ခုနှင့် Bosch ပန်းကန်ဆေးစက် တစ်ခုတို့ ထည့်သွင်းထားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖောပြှသညြ။)

Credit: iMyanmarHouse.com

Ref: $4.9M Private Island in New York Is the ‘Ultimate Staycation

 

[Zawgyi]















(iMyanmarHouse.com Team မှ ရေးသား ဖောျပွသညျ။)

Credit: iMyanmarHouse.com

Ref: $4.9M Private Island in New York Is the ‘Ultimate Staycation

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service