ကိုဗစ်ဆေးထိုးမထားသောကြောင့် သြစတေးလျမှ ပြည်နှင်ဒဏ်ခံရသော ကမ္ဘာ့နံပါတ် ၁ တင်းနစ်ကစားသမား ဂျိုကိုဗစ်က ကိုဗစ်ဆေးဝါးထုတ်လုပ်မည့်ကုမ္ပဏီ၏ ရှယ်ယာ ၈၀ ရာခိုင်နှုန်း ဝယ်ယူထား

ကိုဗစ်ဆေးထိုးမထားသောကြောင့် သြစတေးလျမှ ပြည်နှင်ဒဏ်ခံရသော ကမ္ဘာ့နံပါတ် ၁ တင်းနစ်ကစားသမား ဂျိုကိုဗစ်က ကိုဗစ်ဆေးဝါးထုတ်လုပ်မည့်ကုမ္ပဏီ၏ ရှယ်ယာ ၈၀ ရာခိုင်နှုန်း ဝယ်ယူထား - Property News in Myanmar from iMyanmarHouse.com
21 Jan 2022 11:17 am တွင် တင်ခဲ့သည်
759 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာ့နံပါတ် ၁ တင်းနစ်ကြယ်ပွင့် ဂျိုကိုဗစ်သည် ကိုဗစ်ကုသဆေး ထုတ်လုပ်ရန် စိုင်းပြင်းနေသည့် ဇီဝနည်းပညာကုမ္ပဏီတစ်ခု၏ ရှယ်ယာ ၈၀ ရာခိုင်နှုန်း ဝယ်ယူခဲ့ကြောင်း The Guardian တွင် ဖော်ပြသည်။

ဂျိုကိုဗစ် ရှယ်ယာအများစု ဝယ်ယူလိုက်သည့် QuantBioRes ကုမ္ပဏီသည် ကိုဗစ်ကာကွယ်ဆေးထုတ်ခြင်း မဟုတ်ဘဲ ကုသဆေးထုတ်လုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

QuantBioRes ၏ အမှုဆောင်အရာရှိချုပ်က ပြောကြားရာတွင် ဂျိုကိုဗစ်သည် ကာကွယ်ဆေး ဆန့်ကျင်ရေးသမား တစ်ဦးမဟုတ်ကြောင်း ပြောကြားသည်။

ဂျိုကိုဗစ်သည် သြစတေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ချန်ပီယံသရဖူကာကွယ်မည့် ကစားပွဲအတွက် လာရောက်ခဲ့ရာ ကိုဗစ်ကာကွယ်ဆေးထိုးနှံမထားသောကြောင့် ၎င်းအတွက် ဆေးဘက်ကင်းလွတ်ခွင့်ပြုရေး ဆိုင်ရာ အငြင်းပွားမှု ပေါ်ပေါက်ပြီးနောက် သြစတေးလျအစိုးရက ၎င်း၏ ဗီဇာကို ဖျက်သိမ်းကာ သြစတေးလျမှ ယခုရက်သတ္တပတ်အတွင်း ပြန်ပို့ခြင်းခံခဲ့ရသည်။

ဂျိုကိုဗစ်သည် QuantBioRes ၏ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ၂၀၂၀ ပြည့်နှစ်အတွင်းက ဝယ်ယူထားခဲ့သူ ဖြစ်ကြောင်း ယခုအခါ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

QuantBioRes ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် အိုင်ဗန် လွန်ကာရီဗစ်ခ်က ဂျိုကိုဗစ်၏ ရင်းနှီးမြှုပ်နှံထားမှု အကြောင်းကို ရိုက်တာသတင်းဌာနထံ အတည်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။

လွန်ကာရီဗစ်ခ်က Financial Times သတင်းဌာနသို့ ပြောကြားခဲ့ရာတွင်လည်း နိုဝင်ဘာလကတည်းက ဂျိုကိုဗစ်နှင့် စကားမပြောဖြစ်ကြောင်း၊ ဂျိုကိုဗစ်သည် ကာကွယ်ဆေး ဆန့်ကျင်ရေးသမားတစ်ဥိးမဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဂျိုကိုဗစ်သည် တင်းနစ်ပြိုင်ပွဲ ဆုရရှိမှုများမှ စုစုပေါင်း ကန်ဒေါ်လာ သန်း ၁၅၀ ကျော် ရရှိထားသူ ဖြစ်သည်။

သြစတေးလျ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Alex Hawke က ဗီဇာပယ်ဖျက်ခဲ့မှုကို ဥပဒေအရ ရင်ဆိုင်ရာတွင် ရှုံးနိမ့်ခဲ့မှုကြောင့် ပြီးခဲ့သော တနင်္ဂနွေက သြစတေးလျမှ ဂျိုကိုဗစ်ထွက်ခွာခဲ့ရသည်။

လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးက ပြောရာတွင် ဂျိုကိုဗစ်သည် ကာကွယ်ဆေး ဆန့်ကျင်ရေး သဘောထားရှိသူများ ၏ ကိုယ်စားလှယ်တစ်ဦးသဖွယ် ဖြစ်နေသောကြောင့် သြစတေးလျတွင် ဂျိုကိုဗစ်ရှိနေခြင်းမှာ ပြည်တွင်း မငြိမ်သက်မှုများ ပေါ်ပေါက်စေနိုင်ကြောင်း ပြောကြားသည်။

လွန်ကာရီဗစ်ခ်၏ ပြောကြားချက်အရ ဒိန်းမတ်၊ သြစတေးလျနှင့် စလိုဗေးနီးယား နိုင်ငံများတွင် QuantBioRes ၏ သုတေသနပညာရှင် ၁၁ ဦး တာဝန်ထမ်းဆောင်နေကြကြောင်း ပြောကြားသည်။

ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း Covid-19 တိုက်ဖျက်ရေး ယန္တယားတစ်ခု စတင်တည်ထောင်နေကြောင်း ဖော်ပြထားသည်။

ဂျိုကိုဗစ်သည် လာမည့်မေလတွင် ပြင်သစ်နိုင်ငံ၌ ကျင်းပမည့် ပြင်သစ်အိုးပင်းပြိုင်ပွဲ ချန်ပီယံဆုကို ကာကွယ်ရေးမှလည်း ပိတ်ပင်ခံရဖွယ်ရှိနေသည်။

အားကစားပြိုင်ပွဲများသည့် တက်ရောက်မည့်၊ ယှဉ်ပြိုင်မည့်သူများသည် ကာကွယ်ဆေးထိုးနှံထားသူများ ဖြစ်ရမည်ဟု ပြင်သစ်အစိုးရက ပြီးခဲ့သော တနင်္လာနေ့တွင် စည်းမျဉ်းချမှတ်ထားလိုက်ခြင်းကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖောျပွသညျ။)

Credit: iMyanmarHouse.com

Ref: Djokovic has 80% stake in biotech firm developing Covid drug

 

[Zawgyi]



















(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Djokovic has 80% stake in biotech firm developing Covid drug

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service