အင်ဒိုနီးရှားက မြို့တော်သစ်ကြီးကို ဒေါ်လာ ၃၂ ဘီလီယံကျော် အကုန်အကျခံ တည်ဆောက်မည်
အင်ဒိုနီးရှားက မြို့တော်သစ်ကြီးကို ဒေါ်လာ ၃၂ ဘီလီယံကျော် အကုန်အကျခံ တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
20 Jan 2022 3:16 pm တွင် တင်ခဲ့သည်
2385 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အင်ဒိုနီးရှားနိုင်ငံသည် ပင်လယ်ရေအောက်နစ်မြှုပ်ရန် နီးကပ်လာနေသော ဂျကာတာမြို့ကြီးအား အစားထိုးရန်အတွက် နုဆန်တာရာ အမည်ရှိ မြို့တော်သစ်ကြီး ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည်။
အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို၏ ပြောကြားချက်အရ ဘော်နီယိုကျွန်းရှိ အရှေ့ ကလီမန်တန်ပြည်နယ်တွင် မြို့တော်သစ်ကြီးကို ဆောက်လုပ်မည်ဖြစ်ပြီး နုဆန်တာရာဟု အမည်ပေးမည်ဖြစ်ကြောင်း၊ နုဆန်တာရာ၏ အဓိပ္ပာယ်မှာ ကျွန်းနိုင်ငံတစ်ခုဟု အဓိပ္ပာယ်ရကြောင်း ပြောကြားသည်။
အစိုးရ၏ အဆိုပါအရွေ့သစ်အတွက် လွှတ်တော်အမတ်များက ဥပဒေတစ်ခု အတည်ပြုပေးခဲ့ကြသည်။
မြို့တော်သစ်၏ အမည်ကို သမ္မတကိုယ်တိုင် အဆိုပြုခဲ့ခြင်း ဖြစ်သည်။
မြို့တော်သစ်သည် ဂျကာတာ၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၀၀၀ ခန့်တွင် တည်ရှိပြီး ပြည်နယ် အုပ်ချုပ်ရေး အစိုးရအဖွဲ့တစ်ခု ဖွဲ့စည်းပေးမည်ဖြစ်ကာ အင်ဒိုနီးရှား၏ ၃၄ ပြည်နယ်မြောက်အဖြစ် တည်ရှိမည် ဖြစ်သည်။
မြို့တော်သစ်သို့ နေရာရွှေ့ပြောင်းမှု စတင်ပြီးနောက် ၁၀ နှစ်တာအတွင်း နိုင်ငံခြား သံရုံးများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ မြို့သစ်သို့ ပြောင်းရွှေ့ရုံးစိုက်ရန်လည်း အစိုးရက မြေနေရာ ပေးအပ်သွားမည်ဟု ဆိုသည်။
သမ္မတ၏ ပြောကြားချက်အရ ဂျကာတာသည် အင်ဒိုနီးရှား၏ ဘဏ္ဍာရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဗဟိုချက်အဖြစ် ဆက်လက်တည်ရှိမည်ဟု ဆိုသည်။
လက်ရှိမြို့တော် ဂျကာတာမှာ ကြောက်မက်ဖွယ် ယာဉ်ကြောပိတ်ဆို့မှု၊ လေထုညစ်ညမ်းမှု၊ လူဦးရေ အလွန်ထူထပ်မှု၊ ကမ်းရိုးတန်း ရေကြီးမှု ပြဿနာများ အစရှိသည်တို့ကြောင့် ဂျာဗားကျွန်းမှ နေရာသစ်တစ်ခု ရှာဖွေရန် လိုအပ်လာသည်။
ဝီဒိုဒိုသည် ၂၀၁၉ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် သမ္မတ နေရာဆက်ခံခဲ့ပြီး မကြာမီတွင်ပင် မြို့တော်ကို ပြောင်းရွှေ့ရန် စီမံကိန်းအား ထုတ်ဖော်ကြေညာခဲ့သည်။
ဝီဒိုဒိုအနေဖြင့် တတိယအကြိမ် သမ္မတတာဝန် ရယူခွင့် မရှိတော့ချေ။
လွှတ်တော်အမတ်များကလည်း မြို့တော်ပြောင်းရွှေ့ရေး အစီအစဉ်ကို သဘောတူခဲ့ကြပြီး ၁၀ နှစ်တာ အမျိုးသား ဦးစားပေး စီမံကိန်းအဖြစ် သတ်မှတ်ခ့ကြသည်။
ယခု ခြေလှမ်းအပေါ် ငွေကြေးအထောက်အကူအဖြစ် နိုင်ငံတော်ရန်ပုံငွေများကို အသုံးပြုရန် လွှတ်တော်အမတ်များက ဆုံးဖြတ်ခဲ့ကြပြီး ၁၀ နှစ်တာအတွင်း ကုန်ကျစရိတ် မျှဝေသုံးစွဲသွားမည်ဖြစ်သည်။
အင်ဒိုနီးရှားအစိုးရ၏ ခန့်မှန်းချက်အရ မြို့တော်သစ်စီမံကိန်းသည် အင်ဒိုနီးရှား ရူပီးယားငွေ ၄၆၆ ထရီလီယံ (ကန်ဒေါ်လာ ၃၂ ဒသမ ၅ ဘီလီယံ) ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။
ဝီဒိုဒို စီမံကိန်းချမှတ်ပြီးနောက်ပိုင်း ကိုဗစ်ကပ်ဘေးပေါ်ပေါက်လာရာ အဆိုပါ ခန့်မှန်းကုန်ကျငွေကို ပြန်လည်သုံးသပ်ရခြင်း မရှိသေးချေ။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Indonesia to build new capital called ‘Nusantara’ to replace sinking Jakarta
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service