ထိုင်းက အဆင့်မြင့်ကျွမ်းကျင်လုပ်သားများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ချမ်းသာကြွယ်ဝသည့် နိုင်ငံခြားသားများကို စွဲဆောင်ရန်အတွက် နှစ်ရှည်နေထိုင်ခွင့်ဗီဇာထုတ်ပေးမည်
ထိုင်းက အဆင့်မြင့်ကျွမ်းကျင်လုပ်သားများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ချမ်းသာကြွယ်ဝသည့် နိုင်ငံခြားသားများကို စွဲဆောင်ရန်အတွက် နှစ်ရှည်နေထိုင်ခွင့်ဗီဇာထုတ်ပေးမည် - Property News in Myanmar from iMyanmarHouse.com
20 Jan 2022 1:59 pm တွင် တင်ခဲ့သည်
914 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ချမ်းသာကြွယ်ဝသော နိုင်ငံခြားသားများကို စွဲဆောင်ရန်အတွက် ထိုင်းတွင် နှစ်ရှည်နေထိုင်ခွင့်ပေးအပ်မည့် အစီအစဉ်ကို ထိုင်းအစိုးရအဖွဲ့က မူအားဖြင့် အတည်ပြုပေးလိုက်သည်။
ထိုင်းအစိုးရက ပစ်မှတ်ထားသည်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၊ အရည်အချင်းမြင့်မားသည့် ကျွမ်းကျင် ပညာရှင်များနှင့် ချမ်းသာကြွယ်ဝသော အနားယူသူများကို ကိုဗစ်ကြောင့် ချုံးချုံးကျနေသော စီးပွားရေး ပြန်လည်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ရေရှည်နေထိုင်ခွင့်အနေဖြင့် ၁၀ နှစ်နှင့်အထက် ပေးအပ်သွားရန် စီစဉ်ထားပြီး အရည်အသွေးပြည့်မီသူများကို အလုပ်လုပ်ခွင့်များလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း Thai PBS World သတင်းဌာနက ဖော်ပြသည်။
အစိုးရ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ရာချာဒါ ဒနာဒီရက်ခ်က ရှင်းပြသည်မှာ ဗီဇာသက်တမ်းကို အရည်အချင်းမီသူများအတွက် ၁၀ နှစ်ပေးမည်ဟုဆိုရာတွင် ၅ နှစ်ပြည့်ပြီးလျှင် သက်တမ်းတိုးရမည် ဖြစ်ကြောင်း၊ သက်တမ်းတိုးခြင်းအတွက် နောက်ထပ် ၅ နှစ်သတ်မှတ်ပေးထားကြောင်း ပြောကြားသည်။
သတ်မှတ်ချက်များနှင့် ပြည့်စုံသည်ဟု ယူဆသော နိုင်ငံခြားသားများသည် ဦးစွာအားဖြင့် “အရည်အချင်းမီမှု လက်မှတ်” (qualification certificate) ဦးစွာလျှောက်ထားရမည်ဖြစ်ပြီး မိမိတို့၏ သက်ဆိုင်ရာ အချက်အလက် စာရွက်စာတမ်းများ တင်ပြလျှောက်ထားရမည် ဖြစ်သည်။ အရည်အချင်းမီမှုလက်မှတ် လျှောက်ထားခြင်းကို ထိုင်းရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (Thai Board of Investment) (သို့မဟုတ်) မည်သည့်ထိုင်းသံရုံး၊ ကောင်စစ်ဝန်ရုံးတွင်မဆို လျှောက်ထားနိုင်ကြောင်း သိရသည်။
အဆိုပါလက်မှတ်ရရှိပြီးသော နိုင်ငံခြားသားများအနေဖြင့် မိမိတို့ကိုယ်တိုင်အတွက်သာမက မိမိတို့၏ အိမ်ထောင်ဖက်များအတွက်ပါ ရေရှည်နေထိုင်ခွင့်ဗီဇာလျှောက်ထားနိုင်သည်။
ဗီဇာခအနေဖြင့် လူတစ်ဦးအတွက် တစ်နှစ်လျှင် ဘတ်ငွေ ၁၀၀၀၀ (မြန်မာကျပ်ငွေ ၅၃၉၀၀၀ -၂၀၂၂ ဇန်နဝါရီ ၂၀ ငွေလဲနှုန်းအရ ) ကျသင့်မည်ဖြစ်ပြီး မိမိတို့ နေထိုင်ချိန်တွင် သက်ဆိုင်ရာ အာဏာပိုင်များထံ သတင်းပို့ရမည်ဖြစ်ကာ တစ်နှစ်လျှင် တစ်ကြိမ် သတင်းပို့ရမည်ဟု ဆိုသည်။ အလုပ်လုပ်လိုသူများအနေဖြင့်လည်း အရည်အချင်းမီမှုလက်မှတ်ရရှိပြီးပါက အလုပ်ပါမစ် လျှောက်ထားနိုင် သည်။ အလုပ်ပါမစ်ကို လျှောက်ထားသူ၏ အလုပ်စာချုပ်သက်တမ်းအတိုင်း ထုတ်ပေးမည်ဖြစ်ပြီး အများဆုံး ကန့်သတ်ကာလမှာ ၅ နှစ် ဖြစ်သည်။
ယင်းနောက်ပိုင်း ဆက်လက်သက်တမ်းတိုးနိုင်သော်လည်း ၅ နှစ်ထက် မပိုရချေ။ ရေရှည်နေထိုင်ခွင့် ဗီဇာသက်တမ်းကုန်ဆုံးလျှင်လည်း အလုပ်လုပ်ခွင့်ပါမစ်သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။ ယင်းနောက်ပိုင်းတွင်ကား အဆိုပါဗီဇာကိုင်ဆောင်သူများအနေဖြင့် ထိုင်းလူဝင်မှုကြီးကြပ်ရေး၏ လုပ်ထုံးလုပ်နည်းများအတိုင်း အခြားသော ဗီဇာအမျိုးအစားမျိုးကို ပြောင်းလဲလျှောက်ထားနိုင်သေးသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Thailand approves plan to attract highly-skilled foreign workers, investors, wealthy retiree
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service