လော့စ်အိန်ဂျလိရှိ စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၉၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာရာ အမေရိကန် အိမ်ခြံမြေသမိုင်းတွင် ဈေးအကြီးဆုံးစံအိမ်ကြီးဖြစ်လာ

လော့စ်အိန်ဂျလိရှိ စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၉၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာရာ အမေရိကန် အိမ်ခြံမြေသမိုင်းတွင် ဈေးအကြီးဆုံးစံအိမ်ကြီးဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
18 Jan 2022 11:55 am တွင် တင်ခဲ့သည်
832 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကန်ဒေါ်လာ ၂၉၅ သန်းဖြင့် မည်သည့်အရာ ဝယ်ယူနိုင်ပါသနည်း။ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိမြို့ရှိ စံအိမ်ကြီးတစ်လုံးသည် အမေရိကန်ပြည်ထောင်စုတွင် အရောင်းအဝယ်ဖြစ်ခဲ့သည့် အိမ်ခြံမြေများတွင် ဈေးအကြီးဆုံးအဖြစ် စံချိန်တင်ဖွယ်ရာရှိသည်။

စံအိမ်ကြီးတွင် ပါဝင်သောအရာများကား

• ရေကန် ၅ ခု

• ကြီးမားလှသော ညကလပ် ၁ ခု

• ဝန်ဆောင်မှုအပြည့်ပါဝင်သည့် အလှပြင်ခန်းမ

• Spa

• စတုရန်းပေ ၁၀၀၀၀ ကျယ်ဝန်းသော အမိုးပေါ်လသာဆောင်

• ထိုင်ခုံ ၄၀ ကျော်ဆန့်သော အိမ်တွင်းရုပ်ရှင်ရုံ

• ဂိမ်းကစားခန်း

• လဟာပြင် အရက်ဘား အစရှိသည်တို့ ပါဝင်လေသည်။

လော့စ်အိန်ဂျလိမြို့၏ လူကုံထံရပ်ကွက်တစ်ခုဖြစ်သော Bel Air အရပ်တွင် တည်ရှိပြီး ယခင်က ကန်ဒေါ်လာ သန်း ၅၀၀ အထိ ဈေးပေါက်ခဲ့ဖူးသည်။ စံအိမ်အကျယ်အဝန်း စတုရန်းပေ ၁၀၀၀၀၀ ကျော်ရှိရာ အမေရိကန်သမ္မတ အိမ်ဖြူတော်ထက် ၂ ဆကြီးမားသည်။

၁၀၅၀၀၀ စတုရန်းပေ ကျယ်ဝန်းသည့် စံအိမ်ကြီးကို ဖေဖော်ဝါရီလအတွင်း Concierge Auctions လေလံကုမ္ပဏီမှတဆင့် လေလံတင်ရောင်းချသွားရန် စီစဉ်ထားသည်။

Compass အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Aaron Kirman နှင့် The Beverly Hills Estates အိမ်ခြံမြေ ကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော Branden နှင့် Rayni Williams တို့ ပူးပေါင်းကာ ယခုလေလံကို စီစဉ်ခဲ့ခြင်း ဖြစ်သည်။

“၂၀၂၁ ခုနှစ်တုန်းက NFT စံအိမ်ဟာ အထင်ကရ အရောင်းအဝယ်စံအိမ်ကြီးအဖြစ် သတင်းခေါင်းကြီးဖြစ်ခဲ့ပြီး ၂၀၂၂ မှာတော့ The One စံအိမ်ကြီးဟာ တခြားဘယ်အိမ်နဲ့မှမတူတဲ့ အရွယ်အစားပမာဏ၊ လုံခြုံမှုနဲ့ ခမ်းနားကြီးကျယ်တဲ့ ဒီဇိုင်းတို့ရှိပါတယ်”ဟု မစ္စတာ Kirman က ပြောသည်။

The One စံအိမ်ကြီးကို ရုပ်ရှင်ထုတ်လုပ်သူဘဝမှ အိမ်ခြံမြေ developer ဘဝကူးပြောင်းလာသူ နိုင်းလ် နီယာမီ (အသက် ၅၃ နှစ်အရွယ်) က လွန်ခဲ့သော ၁၀ နှစ်ခန့်က ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။

The One စံအိမ်ကြီး၏ ခြံအကျယ်မှာ ၃ ဒသမ ၈ ဧကရှိပြီး ၃ ဘက် ၃ တန်တွင် ကျုံးရေပြင်ဖြင့် ဝန်းပတ်ထားကာ ပစိဖိတ်သမုဒ္ဒရာ၊ လော့စ်အိန်ဂျလိမြို့လယ်နှင့် ဆန် ဂါဘရီယယ်တောင်တန်းတို့ကို ရှုမြင်နိုင်သည့် မြင်ကွင်းများ ပိုင်ဆိုင်ထားသည်။

အကျိုးဆောင်များ၏ ပြောကြားချက်အရ ရေကန် ၅ ခု၊ ကြီးမားသည့် ညကလပ်၊ ဝန်ဆောင်မှု အပြည့်ပါသော အလှပြင်ခန်းမ၊ Spa ၊ စတုရန်းပေ ၁၀၀၀၀ ကျယ်ဝန်းသည့် အမိုးပေါ်လသာဆောင်၊ လူ ၄၀ ကျော် ဝင်ဆန့်သော အိမ်တွင်းရုပ်ရှင်ရုံတို့ ပါဝင်သည်ဟု ဆိုသည်။

စံအိမ်ကြီးတွင် ပေ ၄၀၀ ခန့် ရှည်လျားသည့် သီးသန့်ပြေးလမ်းတစ်ခုလည်း ပါဝင်ပြီး လော့စ်အိန်ဂျလိမြို့ကြီးကို မှန်နံရံများနောက်မှတဆင့် ရှုမြင်ခံစားနိုင်သည်။

အခြား ထူးခြားသည့်အရာများအနေဖြင့်ဆိုပါကလည်း ကြမ်းပြင်မှ မျက်နှာကျက်ထိ မြင့်မားသည့် ပြတင်းများ ပါဝင်သော အိပ်ခန်း ၃ ခန်းပါ ဧည့်ဂေဟာတစ်လုံး၊ lane ၄ ခုပါ ဘိုးလင်းကစားကွင်း၊ တင်းနစ်ကွင်း ၁ ခု၊ ဝိုင်ပုလင်း ၁၀၀၀၀ ဆန့် ဝိုင်သိုလှောင်ခန်း၊ ကားစင်းရေ ၃၀ ဆန့် ကားဂိုထောင်တို့လည်း ပါဝင်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: ‘The One’ Megamansion Heads to Market in Los Angeles for $295 Million, Vying for a U.S. Price Record

 

[Zawgyi]

ေလာ့စ္အိန္ဂ်လိရွိ စံအိမ္ၾကီးတစ္လံုး ကန္ေဒၚလာ ၂၉၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာရာ အေမရိကန္ အိမ္ျခံေျမသမိုင္းတြင္ ေစ်းအၾကီးဆံုးစံအိမ္ၾကီးျဖစ္လာ

ကန္ေဒၚလာ ၂၉၅ သန္းျဖင့္ မည္သည့္အရာ ဝယ္ယူႏိုင္ပါသနည္း။ အေမရိကန္ျပည္ေထာင္စု ေလာ့စ္အိန္ဂ်လိျမိဳ႕ရွိ စံအိမ္ၾကီးတစ္လံုးသည္ အေမရိကန္ျပည္ေထာင္စုတြင္ အေရာင္းအဝယ္ျဖစ္ခဲ့သည့္ အိမ္ျခံေျမမ်ားတြင္ ေစ်းအၾကီးဆံုးအျဖစ္ စံခ်ိန္တင္ဖြယ္ရာရွိသည္။

စံအိမ္ၾကီးတြင္ ပါဝင္ေသာအရာမ်ားကား

• ေရကန္ ၅ ခု

• ၾကီးမားလွေသာ ညကလပ္ ၁ ခု

• ဝန္ေဆာင္မႈအျပည့္ပါဝင္သည့္ အလွျပင္ခန္းမ

• Spa

• စတုရန္းေပ ၁၀၀၀၀ က်ယ္ဝန္းေသာ အမိုးေပၚလသာေဆာင္

• ထိုင္ခံု ၄၀ ေက်ာ္ဆန္႔ေသာ အိမ္တြင္းရုပ္ရွင္ရံု

• ဂိမ္းကစားခန္း

• လဟာျပင္ အရက္ဘား အစရွိသည္တို႔ ပါဝင္ေလသည္။

ေလာ့စ္အိန္ဂ်လိျမိဳ႕၏ လူကုံထံရပ္ကြက္တစ္ခုျဖစ္ေသာ Bel Air အရပ္တြင္ တည္ရွိျပီး ယခင္က ကန္ေဒၚလာ သန္း ၅၀၀ အထိ ေစ်းေပါက္ခဲ့ဖူးသည္။ စံအိမ္အက်ယ္အဝန္း စတုရန္းေပ ၁၀၀၀၀၀ ေက်ာ္ရွိရာ အေမရိကန္သမၼတ အိမ္ျဖဴေတာ္ထက္ ၂ ဆၾကီးမားသည္။

၁၀၅၀၀၀ စတုရန္းေပ က်ယ္ဝန္းသည့္ စံအိမ္ၾကီးကို ေဖေဖာ္ဝါရီလအတြင္း Concierge Auctions ေလလံကုမၸဏီမွတဆင့္ ေလလံတင္ေရာင္းခ်သြားရန္ စီစဥ္ထားသည္။

Compass အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Aaron Kirman ႏွင့္ The Beverly Hills Estates အိမ္ျခံေျမ ကုမၸဏီမွ အက်ဳိးေဆာင္မ်ားျဖစ္ေသာ Branden ႏွင့္ Rayni Williams တို႔ ပူးေပါင္းကာ ယခုေလလံကို စီစဥ္ခဲ့ျခင္း ျဖစ္သည္။

“၂၀၂၁ ခုႏွစ္တုန္းက NFT စံအိမ္ဟာ အထင္ကရ အေရာင္းအဝယ္စံအိမ္ၾကီးအျဖစ္ သတင္းေခါင္းၾကီးျဖစ္ခဲ့ျပီး ၂၀၂၂ မွာေတာ့ The One စံအိမ္ၾကီးဟာ တျခားဘယ္အိမ္နဲ႔မွမတူတဲ့ အရြယ္အစားပမာဏ၊ လံုျခံဳမႈနဲ႔ ခမ္းနားၾကီးက်ယ္တဲ့ ဒီဇိုင္းတို႔ရွိပါတယ္”ဟု မစၥတာ Kirman က ေျပာသည္။

The One စံအိမ္ၾကီးကို ရုပ္ရွင္ထုတ္လုပ္သူဘဝမွ အိမ္ျခံေျမ developer ဘဝကူးေျပာင္းလာသူ ႏိုင္းလ္ နီယာမီ (အသက္ ၅၃ ႏွစ္အရြယ္) က လြန္ခဲ့ေသာ ၁၀ ႏွစ္ခန္႔က ေဆာက္လုပ္ေပးခဲ့ျခင္းျဖစ္သည္။

The One စံအိမ္ၾကီး၏ ျခံအက်ယ္မွာ ၃ ဒသမ ၈ ဧကရွိျပီး ၃ ဘက္ ၃ တန္တြင္ က်ံဳးေရျပင္ျဖင့္ ဝန္းပတ္ထားကာ ပစိဖိတ္သမုဒၵရာ၊ ေလာ့စ္အိန္ဂ်လိျမိဳ႕လယ္ႏွင့္ ဆန္ ဂါဘရီယယ္ေတာင္တန္းတို႔ကို ရႈျမင္ႏိုင္သည့္ ျမင္ကြင္းမ်ား ပိုင္ဆိုင္ထားသည္။

အက်ဳိးေဆာင္မ်ား၏ ေျပာၾကားခ်က္အရ ေရကန္ ၅ ခု၊ ၾကီးမားသည့္ ညကလပ္၊ ဝန္ေဆာင္မႈ အျပည့္ပါေသာ အလွျပင္ခန္းမ၊ Spa ၊ စတုရန္းေပ ၁၀၀၀၀ က်ယ္ဝန္းသည့္ အမိုးေပၚလသာေဆာင္၊ လူ ၄၀ ေက်ာ္ ဝင္ဆန္႔ေသာ အိမ္တြင္းရုပ္ရွင္ရံုတို႔ ပါဝင္သည္ဟု ဆိုသည္။

စံအိမ္ၾကီးတြင္ ေပ ၄၀၀ ခန္႔ ရွည္လ်ားသည့္ သီးသန္႔ေျပးလမ္းတစ္ခုလည္း ပါဝင္ျပီး ေလာ့စ္အိန္ဂ်လိျမိဳ႕ၾကီးကို မွန္နံရံမ်ားေနာက္မွတဆင့္ ရႈျမင္ခံစားႏိုင္သည္။ အျခား ထူးျခားသည့္အရာမ်ားအေနျဖင့္ဆိုပါကလည္း ၾကမ္းျပင္မွ မ်က္ႏွာက်က္ထိ ျမင့္မားသည့္ ျပတင္းမ်ား ပါဝင္ေသာ အိပ္ခန္း ၃ ခန္းပါ ဧည့္ေဂဟာတစ္လံုး၊ lane ၄ ခုပါ ဘိုးလင္းကစားကြင္း၊ တင္းနစ္ကြင္း ၁ ခု၊ ဝိုင္ပုလင္း ၁၀၀၀၀ ဆန္႔ ဝိုင္သိုေလွာင္ခန္း၊ ကားစင္းေရ ၃၀ ဆန္႔ ကားဂိုေထာင္တို႔လည္း ပါဝင္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: ‘The One’ Megamansion Heads to Market in Los Angeles for $295 Million, Vying for a U.S. Price Record

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service