မက်ဒေါနားနေထိုင်ခဲ့သော မီယာမီစံအိမ် အရောင်းဈေးကွက်တင်ပြီး တစ်လမပြည့်မီ ဒေါ်လာ ၂၉ သန်းဖြင့် ရောင်းထွက်

မက်ဒေါနားနေထိုင်ခဲ့သော မီယာမီစံအိမ် အရောင်းဈေးကွက်တင်ပြီး တစ်လမပြည့်မီ ဒေါ်လာ ၂၉ သန်းဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
18 Jan 2022 11:36 am တွင် တင်ခဲ့သည်
1012 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပေါ့ပ်ဂီတ၏ ဘုရင်မဟု တင်စားခြင်းခံရသူ မက်ဒေါနား နေထိုင်ခဲ့ဖူးသည့် အမေရိကန်ပြည်ထောင်စု၊ မီယာမီရှိ စံအိမ်ကြီးသည် အရောင်းဈေးကွက်တင်ပြီး တစ်လမပြည့်မီတွင် ကန်ဒေါ်လာ ၂၉ သန်းဖြင့် ရောင်းထွက်သွားပြီ ဖြစ်သည်။

မက်ဒေါနားသည် တပ်စ်ကန် ဗိသုကာဟန်စံအိမ်ကို ၁၉၉၂ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ၈ နှစ်ကြာ ပိုင်ဆိုင်ခဲ့ဖူးသည်။

အိမ်ခြံမြေဈေးကွက်အတွင်း နေအိမ်များစွာ ဝင်ထွက်မစဲအမြဲရှိနေမည်သာဖြစ်သော်လည်း တစ်ချိန်က မက်ဒေါနားပိုင်ဆိုင်ခဲ့ဖူးသော ကမ်းစပ်နေအိမ်ဟူသည်မှာမူ ဈေးကွက်အတွင်း မကြာခဏတွေ့ရမည့်အရာမျိုး မဟုတ်ချေ။

“Material Girl” နှင့် “Vogue” တို့ကဲ့သို့ ပုရိသတို့အား ဖမ်းစားနိုင်သည့် တေးသီချင်းများ သီဆိုခဲ့သူ မက်ဒေါနား တစ်ခါက နေထိုင်ခဲ့ဖူးသော စံအိမ်ကြီး၏ အမည်မှာ Brickell Avenue ဖြစ်သည်။

မက်ဒေါနားသည် ၁၉၉၂ ခုနှစ်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်အထိ ပိုင်ဆိုင်ခဲ့သည်။ ပိုင်ဆိုင်စဉ်ကာလအတွင်း ကန်ဒေါ်လာ ၇၀၀,၀၀၀ သုံးစွဲကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ကြောင်း South Florida Sun Sentinel သတင်းဌာနက ၂၀၀၀ ပြည့်နှစ်အတွင်း ရေးသားဖော်ပြခဲ့ဖူးသည်။

ယခုဈေးကွက်တင်ရောင်းချသူ Gunther Corp., ကုမ္ပဏီမတိုင်မီက မက်ဒေါနားပိုင်ဆိုင်ခဲ့ဖူးကြောင်း ဈေးကွက်တင်ပေးသည့် အကျိုးဆောင်များဖြစ်သော Compass အိမ်ခြံမြေကုမ္ပဏီမှ Ruthie Assouline နှင့် Ethan Assouline တို့ကလည်း ပြောသည်။

ယခုအရောင်းအဝယ်တွင် ဝယ်လက်ဘက်မှ အကျိုးဆောင်မှာ The Corcoran Group အိမ်ခြံမြေကုမ္ပဏီမှ ဂျူလီယန် ဂျွန်စတန်ဖြစ်သည်။

စံအိမ်တည်ရှိသည့် မြေအကျယ်မှာ စတုရန်းပေ ၅၁၀၀၀ ဖြစ်ပြီး ကမ်းခြေနှင့် ထိစပ်မှု ပေ ၁၀၀ ပါဝင်ရာ Biscayne Bay နှင့် မီယာမီ၏ အလှအပကို ခံစားနိုင်မည့်အပြင် ကိုယ်ပိုင်ဆိပ်ခံတစ်ခုလည်း ပါဝင်ကြောင်း အကျိုးဆောင်များက ပြောကြားသည်။

“စံအိမ်ဝန်းထဲရောက်လိုက်ခြင်းဆိုသလိုပဲ တောင်ဖလော်ရီဒါရဲ့ ကြီးကျယ်ခမ်းနားမှုကို ချက်ခြင်း ခံစားရပါတယ်။ စီရရီရှိနေတဲ့ အုန်းပင်တန်းက စံအိမ်ဆီကို ဆောင်ကြဉ်းခေါ်ဆောင်သွားမှာဖြစ်ပြီး သီးသန့် ကမ်းခြေမြင်ကွင်းတွေကိုလည်း ခံစားရပါတယ်”ဟု အကျိုးဆောင် မစ္စ Assouline က ပြောသည်။

စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၈၇၀၀ နီးပါးရှိပြီး အိပ်ခန်း ၉ ခန်းနှင့် ရေချိုးခန်း ၈ ခန်း ပါဝင်သည်။

စံအိမ်နှင့် ရေကူးကန် ၂ ခုလုံးမှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၀ အမြင့်တွင် တည်ရှိကြောင်းလည်း သူမက ဖြည့်စွက်ပြောကြားသည်။

မက်ဒေါနားသည် ယခုစံအိမ်ကို ၂၀၀၀ ပြည့်နှစ်အတွင်း Gunther Corp. ကုမ္ပဏီထံ ကန်ဒေါ်လာ ၇ ဒသမ ၅ သန်း (ငွေသား) ဖြင့် ရောင်းချခဲ့ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Madonna’s Former Miami Mansion Fetches $29 Million, Just One Month After Listing

 

[Zawgyi]

မက္ေဒါနားေနထိုင္ခဲ့ေသာ မီယာမီစံအိမ္ အေရာင္းေစ်းကြက္တင္ျပီး တစ္လမျပည့္မီ ေဒၚလာ ၂၉ သန္းျဖင့္ ေရာင္းထြက္

ေပါ့ပ္ဂီတ၏ ဘုရင္မဟု တင္စားျခင္းခံရသူ မက္ေဒါနား ေနထိုင္ခဲ့ဖူးသည့္ အေမရိကန္ျပည္ေထာင္စု၊ မီယာမီရွိ စံအိမ္ၾကီးသည္ အေရာင္းေစ်းကြက္တင္ျပီး တစ္လမျပည့္မီတြင္ ကန္ေဒၚလာ ၂၉ သန္းျဖင့္ ေရာင္းထြက္သြားျပီ ျဖစ္သည္။

မက္ေဒါနားသည္ တပ္စ္ကန္ ဗိသုကာဟန္စံအိမ္ကို ၁၉၉၂ ခုႏွစ္မွ ၂၀၀၀ ျပည့္ႏွစ္အထိ ၈ ႏွစ္ၾကာ ပိုင္ဆိုင္ခဲ့ဖူးသည္။

အိမ္ျခံေျမေစ်းကြက္အတြင္း ေနအိမ္မ်ားစြာ ဝင္ထြက္မစဲအျမဲရွိေနမည္သာျဖစ္ေသာ္လည္း တစ္ခ်ိန္က မက္ေဒါနားပိုင္ဆိုင္ခဲ့ဖူးေသာ ကမ္းစပ္ေနအိမ္ဟူသည္မွာမူ ေစ်းကြက္အတြင္း မၾကာခဏေတြ႔ရမည့္အရာမ်ဳိး မဟုတ္ေခ်။

“Material Girl” ႏွင့္ “Vogue” တို႔ကဲ့သို႔ ပုရိသတို႔အား ဖမ္းစားႏိုင္သည့္ ေတးသီခ်င္းမ်ား သီဆိုခဲ့သူ မက္ေဒါနား တစ္ခါက ေနထိုင္ခဲ့ဖူးေသာ စံအိမ္ၾကီး၏ အမည္မွာ Brickell Avenue ျဖစ္သည္။

မက္ေဒါနားသည္ ၁၉၉၂ ခုႏွစ္အတြင္း ကန္ေဒၚလာ ၄ ဒသမ ၉ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ၂၀၀၀ ျပည့္ႏွစ္အထိ ပိုင္ဆိုင္ခဲ့သည္။ ပိုင္ဆိုင္စဥ္ကာလအတြင္း ကန္ေဒၚလာ ၇၀၀,၀၀၀ သံုးစြဲကာ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း South Florida Sun Sentinel သတင္းဌာနက ၂၀၀၀ ျပည့္ႏွစ္အတြင္း ေရးသားေဖာ္ျပခဲ့ဖူးသည္။

ယခုေစ်းကြက္တင္ေရာင္းခ်သူ Gunther Corp., ကုမၸဏီမတိုင္မီက မက္ေဒါနားပိုင္ဆိုင္ခဲ့ဖူးေၾကာင္း ေစ်းကြက္တင္ေပးသည့္ အက်ဳိးေဆာင္မ်ားျဖစ္ေသာ Compass အိမ္ျခံေျမကုမၸဏီမွ Ruthie Assouline ႏွင့္ Ethan Assouline တို႔ကလည္း ေျပာသည္။

ယခုအေရာင္းအဝယ္တြင္ ဝယ္လက္ဘက္မွ အက်ဳိးေဆာင္မွာ The Corcoran Group အိမ္ျခံေျမကုမၸဏီမွ ဂ်ဴလီယန္ ဂၽြန္စတန္ျဖစ္သည္။

စံအိမ္တည္ရွိသည့္ ေျမအက်ယ္မွာ စတုရန္းေပ ၅၁၀၀၀ ျဖစ္ျပီး ကမ္းေျခႏွင့္ ထိစပ္မႈ ေပ ၁၀၀ ပါဝင္ရာ Biscayne Bay ႏွင့္ မီယာမီ၏ အလွအပကို ခံစားႏိုင္မည့္အျပင္ ကိုယ္ပိုင္ဆိပ္ခံတစ္ခုလည္း ပါဝင္ေၾကာင္း အက်ဳိးေဆာင္မ်ားက ေျပာၾကားသည္။

“စံအိမ္ဝန္းထဲေရာက္လိုက္ျခင္းဆိုသလိုပဲ ေတာင္ဖေလာ္ရီဒါရဲ႕ ၾကီးက်ယ္ခမ္းနားမႈကို ခ်က္ျခင္း ခံစားရပါတယ္။ စီရရီရွိေနတဲ့ အုန္းပင္တန္းက စံအိမ္ဆီကို ေဆာင္ၾကဥ္းေခၚေဆာင္သြားမွာျဖစ္ျပီး သီးသန္႔ ကမ္းေျချမင္ကြင္းေတြကိုလည္း ခံစားရပါတယ္”ဟု အက်ဳိးေဆာင္ မစၥ Assouline က ေျပာသည္။

စံအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၈၇၀၀ နီးပါးရွိျပီး အိပ္ခန္း ၉ ခန္းႏွင့္ ေရခ်ဳိးခန္း ၈ ခန္း ပါဝင္သည္။

စံအိမ္ႏွင့္ ေရကူးကန္ ၂ ခုလံုးမွာ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပ ၂၀ အျမင့္တြင္ တည္ရွိေၾကာင္းလည္း သူမက ျဖည့္စြက္ေျပာၾကားသည္။

မက္ေဒါနားသည္ ယခုစံအိမ္ကို ၂၀၀၀ ျပည့္ႏွစ္အတြင္း Gunther Corp. ကုမၸဏီထံ ကန္ေဒၚလာ ၇ ဒသမ ၅ သန္း (ေငြသား) ျဖင့္ ေရာင္းခ်ခဲ့ေၾကာင္း အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Madonna’s Former Miami Mansion Fetches $29 Million, Just One Month After Listing

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service