ဗြိတိန်တော်ဝင်မိသားစုဝင် အင်ဒရူးမင်းသားကြီး အိပ်ခန်း ၃၁ ခန်းပါ စံအိမ်တော်မှ ဖယ်ရှားခံရ

ဗြိတိန်တော်ဝင်မိသားစုဝင် အင်ဒရူးမင်းသားကြီး အိပ်ခန်း ၃၁ ခန်းပါ စံအိမ်တော်မှ ဖယ်ရှားခံရ - Property News in Myanmar from iMyanmarHouse.com
18 Jan 2022 10:50 am တွင် တင်ခဲ့သည်
1014 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိန်တော်ဝင်မိသားစုဝင် ယော့ခ်မြို့စား အင်ဒရူးမင်းသားကြီးသည် အဲလစ်ဇဘက် ဘုရင်မကြီး၏ စကားလုံး ၄၂ လုံးပါ ထုတ်ပြန်ချက်တစ်ရပ်အရ အိပ်ခန်း ၃၁ ခန်းပါ စံအိမ်တော်မှ ဖယ်ရှားခံလိုက်ရသည့်အပြင် ရဲတပ်ဖွဲ့၏ ကာကွယ်စောင့်ရှောက်မှုလည်း ဆုံးရှုံးခဲ့ကြောင်း The Sun သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဘုရင်မကြီးသည် ချားလ်စ်မင်းသား၊ မင်းသား ဝီလျံတို့နှင့် တစ်နာရီခန့် တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်းတွင် အင်ဒရူးမင်းသားကြီး၏ တော်ဝင်အဆောင်အယောင်များအပြင် ဝင်ဆာရဲတိုက်ရှိ စစ်ဘက်ရာထူးများကိုပါ ရုပ်သိမ်းလိုက်ခြင်းလည်း ဖြစ်သည်။

အင်ဒရူးမင်းသားကြီး စံမြန်းခဲ့သည့်စံအိမ်မှာ Royal Lodge ဟု အမည်တွင်ပြီး အိပ်ခန်း ၃၁ ခန်းပါ စံအိမ်ဖြစ်ကာ ဝင်ဆာရဲတိုက်မှ ၃ မိုင်အကွာတွင် တည်ရှိသည်။ အဆိုပါစံအိမ်သည် ယခင်က ဘုရင်မကြီး၏ မယ်တော် စံမြန်းခဲ့ရာစံအိမ်တော်ဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် အနိမ့်ဆုံး ပေါင် သန်း ၃၀ ခန့် တန်ကြေးရှိသည်။

အင်ဒရူးမင်းသားကြီးသည် အဆိုပါ စံအိမ်ကို ၂၀၀၃ ခုနှစ်အတွင်း Crown Estate ထံမှ ပေါင် ၁ သန်းဖြင့် ၇၅ နှစ် ငှားရမ်းခဲ့ခြင်းဖြစ်ရာ ရက်သတ္တပတ်လျှင် ငှားရမ်းခ ပေါင် ၂၅၀ ကျသင့်မည် ဖြစ်သည်။

အမေရိကန်သူ အမျိုးသမီးတစ်ဦးက ယော့ခ်မြို့စား အင်ဒရူးကို လိင်မဖွယ်မရာပြုမှုဖြင့် တရားစွဲသည့် ဖြစ်ရပ်ပေါ်ပေါက်ပြီးနောက်ပိုင်း တော်ဝင်မိသားစုဝင် မြို့စားကြီး၏ အဆောင်အယောင်များ ရုပ်သိမ်းခံလိုက်ရခြင်းလည်း ဖြစ်သည်။

အမေရိကန်တရားရုံးတစ်ခုက အဆိုပါအမှုကို ဆက်လက်ကြားနာစစ်ဆေးရန် လက်ခံလိုက်ုခြင်းဖြစ်သည်။ အမေရိကန်သူ Virginia Giuffre က ၂၀၀၁ ခုနှစ်အတွင်း မြို့စားကြီး အင်ဒရူးက မဖွယ်မရာပြုလုပ်ခဲ့သည်ဟု တရားစွဲလာခြင်း ဖြစ်သည်။ မြို့စားကြီး အင်ဒရူးကမူ အဆိုပါစွပ်စွဲချက်ကို ငြင်းပယ်ထားသည်။

ယခုအမှုကို ဆက်လက်ကြားနာစစ်ဆေးရန် တရားရုံးက ဆုံးဖြတ်ခဲ့မှုအပေါ် ကျေနပ်မိကြောင်း မစ္စ Virginia Giuffre က ပြောသည်။ အမှန်တရားကို ဆက်လက်ဖော်ထုတ်ရန် အခွင့်အရေးတစ်ခုရှိလာမှုအပေါ် ဝမ်းမြောက်မိကြောင်းလည်း သူမက ဆိုသည်။

လိင်မှုဆိုင်ရာ ပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ ဂျက်ဖရီ အက်ပ်စတိန်း၏ လိင်ကုန်ကူးခံရသည့် သားကောင်ဖြစ်ခဲ့ရကြောင်း၊ မိမိအသက် ၁၇ နှစ်သမီးအရွယ်တွင် မင်းသား အင်ဒရူးနှင့် လိင်ဆက်ဆံရန် လူကုန်ကူးခံရခြင်းဖြစ်ကြောင်း မစ္စ Virginia Giuffre က စွပ်စွဲထားသည်။

“ကျွန်မရဲ့ ရည်ရွယ်ချက်ကတော့ ချမ်းသာပြီး အာဏာရှိတဲ့သူတွေဟာ ဥပဒေရဲ့ အပေါ်မှာ မရှိရဘူး။ တာဝန်ခံမှုရှိရမယ်ဆိုတာကို ပြချင်လို့ပါ။ ဒီလမ်းကို ကျွန်မတစ်ယောက်တည်း မလျှောက်ပါဘူး။ မရေမတွက်နိုင်တဲ့ လိင်မဖွယ်မရာလုပ်ခံရသူတွေ၊ လူကုန်ကူးခံရသူတွေနဲ့အတူ လျှောက်လှမ်းမှာဖြစ်မှာတယ်”ဟု သူမက တွစ်တာအကောင့်တွင် ရေးသားခဲ့သည်။

မင်းသားနှင့် နီးစပ်သည့်သတင်းရင်းမြစ်က ပြောသည်မှာ မစ္စ Giuffre က နယူးယောက်မြို့တွင် တရားစွဲထားသည့်အမှုကို မင်းသားအနေဖြင့် ကိုယ်တိုင်ရင်ဆိုင်ကာ ခုခံကာကွယ်သွားမည်ဟု ဆိုသည်။

ဘက်ကင်ဟမ်နန်းတော်၏ ထုတ်ပြန်ချက်တွင် “ဘုရင်မကြီး၏ အတည်ပြု ခွင့်ပြုချက်အရ ယော့ခ်မြို့စား၏ စစ်ဘက်နဲ့ သက်ဆိုင်တဲ့ တာဝန်တွေနဲ့ တော်ဝင် အဆောင်အယောင်များကို ဘုရင်မကြီးထံ ပြန်လည်အပ်နှင်းခဲ့ပြီး ဖြစ်ပါတယ်။ ယော့ခ်မြို့စားဟာ ဘယ်လိုပြည်သူ့တာဝန်မှာ ဆက်လက်ထမ်းဆောင်ရ တော့မှာ မဟုတ်ပါဘူး။ သူဟာ ဒီအမှုကို သာမန်အရပ်သားတစ်ဦးအနေနဲ့ပဲ ခုခံကာကွယ်သွားရမှာ ဖြစ်ပါတယ်”ဟု ဖော်ပြထားသည်။

ယော့ခ်မြို့စားသည် ဗြိတိန်တော်ဝင်ရေတပ်တွင် စစ်မှုထမ်းသက်တမ်း ၂၂ နှစ်ရှိပြီး ဖော့က်လန်စစ်ပွဲတွင် ရဟတ်ယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: BBC

 

[Zawgyi]

ျဗိတိန္ေတာ္ဝင္မိသားစုဝင္ အင္ဒရူးမင္းသားၾကီး အိပ္ခန္း ၃၁ ခန္းပါ စံအိမ္ေတာ္မွ ဖယ္ရွားခံရ

ျဗိတိန္ေတာ္ဝင္မိသားစုဝင္ ေယာ့ခ္ျမိဳ႕စား အင္ဒရူးမင္းသားၾကီးသည္ အဲလစ္ဇဘက္ ဘုရင္မၾကီး၏ စကားလံုး ၄၂ လံုးပါ ထုတ္ျပန္ခ်က္တစ္ရပ္အရ အိပ္ခန္း ၃၁ ခန္းပါ စံအိမ္ေတာ္မွ ဖယ္ရွားခံလိုက္ရသည့္အျပင္ ရဲတပ္ဖြဲ႔၏ ကာကြယ္ေစာင့္ေရွာက္မႈလည္း ဆံုးရံႈးခဲ့ေၾကာင္း The Sun သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ဘုရင္မၾကီးသည္ ခ်ားလ္စ္မင္းသား၊ မင္းသား ဝီလ်ံတို႔ႏွင့္ တစ္နာရီခန္႔ ေတြ႔ဆံုေဆြးေႏြးျပီးေနာက္ပိုင္းတြင္ အင္ဒရူးမင္းသားၾကီး၏ ေတာ္ဝင္အေဆာင္အေယာင္မ်ားအျပင္ ဝင္ဆာရဲတိုက္ရွိ စစ္ဘက္ရာထူးမ်ားကိုပါ ရုပ္သိမ္းလိုက္ျခင္းလည္း ျဖစ္သည္။

အင္ဒရူးမင္းသားၾကီး စံျမန္းခဲ့သည့္စံအိမ္မွာ Royal Lodge ဟု အမည္တြင္ျပီး အိပ္ခန္း ၃၁ ခန္းပါ စံအိမ္ျဖစ္ကာ ဝင္ဆာရဲတိုက္မွ ၃ မိုင္အကြာတြင္ တည္ရွိသည္။ အဆိုပါစံအိမ္သည္ ယခင္က ဘုရင္မၾကီး၏ မယ္ေတာ္ စံျမန္းခဲ့ရာစံအိမ္ေတာ္ျဖစ္ျပီး ကာလတန္ဖိုးအားျဖင့္ အနိမ့္ဆံုး ေပါင္ သန္း ၃၀ ခန္႔ တန္ေၾကးရွိသည္။

အင္ဒရူးမင္းသားၾကီးသည္ အဆိုပါ စံအိမ္ကို ၂၀၀၃ ခုႏွစ္အတြင္း Crown Estate ထံမွ ေပါင္ ၁ သန္းျဖင့္ ၇၅ ႏွစ္ ငွားရမ္းခဲ့ျခင္းျဖစ္ရာ ရက္သတၱပတ္လွ်င္ ငွားရမ္းခ ေပါင္ ၂၅၀ က်သင့္မည္ ျဖစ္သည္။

အေမရိကန္သူ အမ်ဳိးသမီးတစ္ဦးက ေယာ့ခ္ျမိဳ႕စား အင္ဒရူးကို လိင္မဖြယ္မရာျပဳမႈျဖင့္ တရားစြဲသည့္ ျဖစ္ရပ္ေပၚေပါက္ျပီးေနာက္ပိုင္း ေတာ္ဝင္မိသားစုဝင္ ျမိဳ႕စားၾကီး၏ အေဆာင္အေယာင္မ်ား ရုပ္သိမ္းခံလိုက္ရျခင္းလည္း ျဖစ္သည္။

အေမရိကန္တရားရံုးတစ္ခုက အဆိုပါအမႈကို ဆက္လက္ၾကားနာစစ္ေဆးရန္ လက္ခံလိုက္ုျခင္းျဖစ္သည္။ အေမရိကန္သူ Virginia Giuffre က ၂၀၀၁ ခုႏွစ္အတြင္း ျမိဳ႕စားၾကီး အင္ဒရူးက မဖြယ္မရာျပဳလုပ္ခဲ့သည္ဟု တရားစြဲလာျခင္း ျဖစ္သည္။ ျမိဳ႕စားၾကီး အင္ဒရူးကမူ အဆိုပါစြပ္စြဲခ်က္ကို ျငင္းပယ္ထားသည္။

ယခုအမႈကို ဆက္လက္ၾကားနာစစ္ေဆးရန္ တရားရံုးက ဆံုးျဖတ္ခဲ့မႈအေပၚ ေက်နပ္မိေၾကာင္း မစၥ Virginia Giuffre က ေျပာသည္။ အမွန္တရားကို ဆက္လက္ေဖာ္ထုတ္ရန္ အခြင့္အေရးတစ္ခုရွိလာမႈအေပၚ ဝမ္းေျမာက္မိေၾကာင္းလည္း သူမက ဆိုသည္။

လိင္မႈဆိုင္ရာ ပုဒ္မမ်ားျဖင့္ ေထာင္ဒဏ္ခ်မွတ္ခံထားရသူ ဂ်က္ဖရီ အက္ပ္စတိန္း၏ လိင္ကုန္ကူးခံရသည့္ သားေကာင္ျဖစ္ခဲ့ရေၾကာင္း၊ မိမိအသက္ ၁၇ ႏွစ္သမီးအရြယ္တြင္ မင္းသား အင္ဒရူးႏွင့္ လိင္ဆက္ဆံရန္ လူကုန္ကူးခံရျခင္းျဖစ္ေၾကာင္း မစၥ Virginia Giuffre က စြပ္စြဲထားသည္။

“ကၽြန္မရဲ႕ ရည္ရြယ္ခ်က္ကေတာ့ ခ်မ္းသာျပီး အာဏာရွိတဲ့သူေတြဟာ ဥပေဒရဲ႕ အေပၚမွာ မရွိရဘူး။ တာဝန္ခံမႈရွိရမယ္ဆိုတာကို ျပခ်င္လို႔ပါ။ ဒီလမ္းကို ကၽြန္မတစ္ေယာက္တည္း မေလွ်ာက္ပါဘူး။ မေရမတြက္ႏိုင္တဲ့ လိင္မဖြယ္မရာလုပ္ခံရသူေတြ၊ လူကုန္ကူးခံရသူေတြနဲ႔အတူ ေလွ်ာက္လွမ္းမွာျဖစ္မွာတယ္”ဟု သူမက တြစ္တာအေကာင့္တြင္ ေရးသားခဲ့သည္။

မင္းသားႏွင့္ နီးစပ္သည့္သတင္းရင္းျမစ္က ေျပာသည္မွာ မစၥ Giuffre က နယူးေယာက္ျမိဳ႕တြင္ တရားစြဲထားသည့္အမႈကို မင္းသားအေနျဖင့္ ကိုယ္တိုင္ရင္ဆိုင္ကာ ခုခံကာကြယ္သြားမည္ဟု ဆိုသည္။

ဘက္ကင္ဟမ္နန္းေတာ္၏ ထုတ္ျပန္ခ်က္တြင္ “ဘုရင္မၾကီး၏ အတည္ျပဳ ခြင့္ျပဳခ်က္အရ ေယာ့ခ္ျမိဳ႕စား၏ စစ္ဘက္နဲ႔ သက္ဆိုင္တဲ့ တာဝန္ေတြနဲ႔ ေတာ္ဝင္ အေဆာင္အေယာင္မ်ားကို ဘုရင္မၾကီးထံ ျပန္လည္အပ္ႏွင္းခဲ့ျပီး ျဖစ္ပါတယ္။ ေယာ့ခ္ျမိဳ႕စားဟာ ဘယ္လိုျပည္သူ႔တာဝန္မွာ ဆက္လက္ထမ္းေဆာင္ရ ေတာ့မွာ မဟုတ္ပါဘူး။ သူဟာ ဒီအမႈကို သာမန္အရပ္သားတစ္ဦးအေနနဲ႔ပဲ ခုခံကာကြယ္သြားရမွာ ျဖစ္ပါတယ္”ဟု ေဖာ္ျပထားသည္။

ေယာ့ခ္ျမိဳ႕စားသည္ ျဗိတိန္ေတာ္ဝင္ေရတပ္တြင္ စစ္မႈထမ္းသက္တမ္း ၂၂ ႏွစ္ရွိျပီး ေဖာ့က္လန္စစ္ပြဲတြင္ ရဟတ္ယာဥ္မွဴးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: BBC

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service