လူနဲ့တူတဲ့ အီတလီမြို့ငယ်
လူနဲ့တူတဲ့ အီတလီမြို့ငယ် - Property News in Myanmar from iMyanmarHouse.com
18 Jan 2022 10:35 am တွင် တင်ခဲ့သည်
885 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အီတလီရှေးဟောင်းရွာတစ်ရွာကို အပေါ်စီးကနေ ဓာတ်ပုံရိုက်လိုက်တဲ့အခါ လက်မောင်းတွေ ဘေးဘက်ဆန့်ထုတ်ထားတဲ့ လူတစ်ယောက်သဖွယ် သူရဲ့ ပုံသဏ္ဍာန်ကို ထူးခြားစွာတွေ့ရှိခဲ့ကြရပါတယ်။
စစ္စလီကျွန်း‌ပေါ်က မြို့ငယ်လေး Centuripe ကို ဝေဟင်ကနေ ဒရုန်းနဲ့ ဓာတ်ပုံရိုက်ခဲ့ရာ ငါးဖက်ချွန်နေတဲ့ ၎င်းရဲ့ပုံပန်းသဏ္ဍာန်ဟာ အတိုင်းသားပေါ်ထွက်လာခဲ့ပါတယ်။
Google Earth ကနေ ၎င်းမြို့ကို ကြည့်တဲ့အခါ လူပုံနဲ့တူတာကို အသက် ၃၂ နှစ်ရှိ ဒရုန်းဓာတ်ပုံဆရာ Pio Andrea Peri က ပထမဆုံးရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။
“ခက်ခက်ခဲခဲရိုက်ယူခဲ့ရတာပါ။ ဒရုန်းရဲ့ အမြင့်ကန့်သတ်ချက်ကြောင့် အချက်ပေါင်းများစွာ ရိုက်ယူခဲ့ရပါတယ်။” လို့ Pio က ပြောပါတယ်။
ဒါပေမဲ့ အဲဒီလိုမျိုး ဓာတ်ပုံဆရာ Pio က ၎င်းမြို့ကို ဒရုန်းနဲ့ မြင့်နိုင်သမျှအမြင့်ဆုံးကနေ ရိုက်ယူလို့ရတဲ့ဓာတ်ပုံတွေကို သူ့ရဲ့အင်စတာဂရမ်စာမျက်နှာမှာ တင်ခဲ့တဲ့အခါမှာတော အချို့ကဆို Pio ဟာ အဲဒီဓာတ်ပုံတွေကို အမှန်မကန်ပြုပြင်ထားတာလို့တောင် စွပ်စွဲခဲ့ကြကာ ပုံအစစ်တွေအဖြစ် မယုံကြည်နိုင်ခဲ့ကြပါဘူး။
ဒါပေမဲ့ သူတို့တွေ Google Earth ကနေ ၎င်းမြို့ကို ရိုက်ရှာကြည့်လိုက်တဲ့အခါ ဒါဟာ အမှန်တရားဆိုတာကို သိရှိခဲ့ကြရပြီး တော်တော်များများက သူတို့ပြောဆိုစွပ်စွဲမိခဲ့ကြတာတွေအတွက်ကို တောင်းပန်ခဲ့ကြတယ်လို့ Pio ရဲ့ပြောပြချက်အရ သိရပါတယ်။
“ဒီဓာတ်ပုံတွေအတွက် ကျွန်တော် ဂုဏ်ယူတယ်၊ ကိုယ်လုပ်တဲ့အရာအပေါ် အရမ်းယုံကြည်တဲ့ ကိုယ့်ဘာသာသင်ယူလေ့လာသူတစ်ဦးအဖြစ် ကိုယ့်ရလဒ်တွေအပေါ် ကျေနပ်ပျော်ရွှင်မိပါတယ်” လို့လည်း Pio က ဆိုပါတယ်။
၎င်းဓာတ်ပုံတွေမရိုက်ယူခင်မှာ Pio ဟာ အဲဒီဒေသနဲ့ပတ်သက်တဲ့ ပထဝီအနေအထားနဲ့ ရာသီဥတုအခြေအနေအသေးစိတ်ကို လေ့လာခဲ့ရပါသေးတယ်။ အကောင်းဆုံးရိုက်ချက်တွေရယူခြင်းကနေ လေပြင်းတွေက သူ့ဒရုန်းကို မတိုက်ထုတ်နိုင်စေဖို့ပဲ ဖြစ်ပါတယ်။
Centuripe မြို့ရဲ့ ယင်းဓာတ်ပုံတွေက မြင်ရသူတွေကို ရင်သပ်ရှုမောအံ့သြစေခဲ့ပြီးနောက်မှာတော့ အခုဆို ၎င်းမြို့ငယ်လေးရဲ့ မြို့တော်ဝန်က Pio အနေနဲ့ သူ့ရဲ့ဓာတ်ပုံတွေကို ပြပွဲတစ်ခုပြုလုပ်ဖို့အတွက်ပါ ဖိတ်ခေါ်လိုက်ပြီဖြစ်ပါတယ်။
၁၆ ရာစုခေတ်ကို နောက်ပြန်ဆွဲထားသလို အဆင်အပြင်နဲ့ Centuripe မြို့ကို ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂,၄၀၀ ခန့်၊ တောင်ကုန်းတစ်ခုပေါ်မှာ တည်ထားတာဖြစ်ပြီး ၎င်းမြို့ငယ်လေးမှာ နေထိုင်သူဦးရေ ၅ ‌ထောင်ဝန်းကျင်လောက်ပဲ ရှိတယ်လို့ သိရပါတယ်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Dailymail
[Zawgyi]
Ref: Dailymail
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
CarsDB
Central Shop House
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service