Properties Questions and Answers

တိုက်ခန်းတစ်ခန်းကို ကန်ထရိုက်ဆီကနေ ဝယ်ယူတုန်းက ကန်ထရိုက်က Commercial Tax 3% ကောက်ယူထားခဲ့ပါတယ်။ ထိုတိုက်ခန်းကို နောက်ထပ်တစ်ဦးဆီ ပထမဝယ်ယူထားသူက ပြန်လည်ရောင်းချမည်ဆိုပါက နောက်ထပ်ဝယ်သူက Commercial Tax ဆောင်ဖို့လိုအပ်သေးလားခင်ဗျာ။ ဆောင်ဖို့လိုအပ်တယ်ဆို ဘယ်လောက်ဆောင်ရပါသလဲ။ဆောင်ဖို့လိုအပ်တယ်ဆိုရင် တိုက်ခန်းတစ်ခန်းထဲကို Commercial Tax 2 ကြိမ်ဆောင်ရသလိုဖြစ်နေမလားခင်ဗျာ။

ေမးသူ - Myo Min Aung

[Unicode] တိုက်ခန်းတစ်ခန်းကို ကန်ထရိုက်ဆီကနေ ဝယ်ယူတုန်းက ကန်ထရိုက်က Commercial Tax 3% ကောက်ယူထားခဲ့ပါတယ်။ ထိုတိုက်ခန်းကို နောက်ထပ်တစ်ဦးဆီ ပထမဝယ်ယူထားသူက ပြန်လည်ရောင်းချမည်ဆိုပါက နောက်ထပ်ဝယ်သူက Commercial Tax ဆောင်ဖို့လိုအပ်သေးလားခင်ဗျာ။ ဆောင်ဖို့လိုအပ်တယ်ဆို...

ဂရန်အမည်ပေါက်ထံမှ ဝယ်ယူခဲ့သောမြေကွက်တွင် မြေပုံအညွန်း၌ အရှေ့သို့ လားသော် BGFS နောက်ဖေးလမ်းကြားဟုပါနေသော်လည်း ထိုနေရာတွင် ရပ်ကွက်ရုံး၏ ဝန်ထမ်းတစ်ဦးက ၉ပေ ၃၀ပေလောက် ယာယီအိမ်ကလေးဆောက်ပြီးနေထိုင်နေပါသည်၊ ရောင်းလိုက်သူကိုလည်းအပူမကပ်ချင်ပါ ရပ်ကွက်အုပ်ချုပ်ရေးမူးရုံးသည် ပြည်သူထက် ပို၍ ethics or law ကို ပိုမိုသိရှိသင့်ပါသည်။ဘယ်လို ရှင်းသင့်ပါသလဲ ၊ လေးစားစွာဖြင့်

ေမးသူ - U Ko Ko

[Unicode] မိမိပိုင်ဆိုင်သည့်မြေဧရိယာထဲတွင် ပါဝင်ဆောက်လုပ်ထားခြင်းရှိ/မရှိ အရင်စိစစ်ရပါမည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခြင်း ဟုတ်မဟုတ် သေချာစုံစမ်းစိစစ်စေလိုပါသည်။ အကယ်၍ မိမိပိုင်မြေပေါ်တွင် ဆောက်လုပ်ထားခြင်းမဟုတ်ပါက...

မင်္ဂလာပါခင်ဗျာ မြို့မြေ ပုံစံ ၁၀၅ သာ ရှိတဲ့ အိမ် ခြံ မြေ ကို ဝယ်ချင်လို့ပါ။ မြေပေးမိန့် လျှောက် ၊ ဂရန် အမည်ပေါက် လျှောက်တာတို့ ကို ဝယ်ပြီးမှ ဝယ်သူက ပြန်လုပ်ရင်အဆင်ပြေနိုင်သလား ခင်ဗျာ။ ဥပဒေအရ လုပ်ပိုင်ခွင့်ရှိပါသလား ခင်ဗျာ။ လေးစားစွာဖြင့် ။

ေမးသူ - Nay Lin Aung

[Unicode] ပုံစံ (၁၀၅) ဆိုတာက “မြေစာရင်းဌာန” က ထုတ်ပေးတဲ့ "ပုံစံ တစ်ခုသာ" ဖြစ်ပါတယ်။ အဲဒီ ပုံစံက လယ်ယာမြေပဲ ဖြစ်ဖြစ်၊ ရွာမြေ၊ ဥယျာဉ်ခြံမြေပဲ ဖြစ်ဖြစ်၊ ဂရန်မြေပဲ ဖြစ်ဖြစ် သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနအပိုင် နယ်နိမိတ် အတွင်းမှာရှိတဲ့ မြေတို့ရဲ့အကျယ်အဝန်းနဲ့...

ယခုကာလအတွင်းအိမ်ခြံမြေအရောင်းအဝယ် အငှားတွေပိတ်ထားတယ်ဆိုတာဟုတ်ပါသလား ရပ်ကွက်ရုံးကအမိန့်ထုတ်ပြန်ထားပါတယ်။ အငှားတွေကလမ်းဘေးအိပ်ရမဲ့ကိစကြုံနေရပါပြီး အိမ်ခြံမြေဥပဒေကတရားဝင်ထုတ်ပြန်ထားတာလား လက်ရှိဖြစ်ပွားနေသောပြသနာများကိုဘယ်လိုဖြေရှင်းရပါမလဲ ဘယ်အဖွဲ့အစည်းကိုအကူအညီတောင်းရမလဲ အိမ်ငှားပြသနာတွေကအရမ်းကိုရှုပ်ထွေးနေပါပြီတရားဝင်ပြဌာန်းထားတဲ့ဥပဒေလားဆိုတာသိချင်ပါတယ် ။

ေမးသူ - Min Makha

[Unicode] အိမ်ခြံမြေဥပဒေတွင်တရားဝင်ထုတ်ပြန်ထားခြင်းမရှိပါ။ တိုက်ခန်းလက်ရောက်ပိုင်ဆိုင်သူ၊ ကန်ထရိုက်၊ မြေရှင်တို့အပေါ်မူတည်ပါသည်။ အငှားမချရဟု ထုတ်ပြန်ထားခြင်းမရှိသည့်အတွက် အငှားချလိုသော...

ပုံစံ(၇)ရှိပြီးယာမြေကို ရပ်ကျေးလယ်စီနဲ့ လွန်ခဲ့တဲ့(၂)နှစ်က အရောင်းအဝယ် စာချူပ် ချုုပ်ဆိုပြီး ထိုရောင်းသူဆီမှာပဲ နှုတ်ကတိနဲ့တစ်နှစ်တစ်ဖိုး သက်မှတ်၍ အငှားပြန်ချထားခဲ့ပြီး စာချုပ်နဲ့ ပုံစံ(၇)တော့ယူထားပါတယ်။ ယခုမြေငှားခမပေးလို့ မြေမငှားတော့ဘူးပြောတာကို ဆက်လက်စိုက်ပျိုးနေပါတယ် သိလိုတာက ရပ်ကျေးလယ်စီကိုမူလမြေယာမှု့ခင်းဖွင့်လှစ်တိုင်းရမလား တရားရုံကိုအမှု့ဖွင့်ရမလား မသိပါသဖြင့် ရိုသေစွာမေးမြန်အပ်ပါတယ် ဆရာခင်ဗျာ

ေမးသူ - Ko Yan Naing Oo

[Unicode] လယ်ယာမြေလုပ်ပိုင်ခွင့်နှင့်စပ်လျဉ်း၍ အငြင်းပွားမှုကို ရပ်ကွက်(သို့)ကျေးရွာအုပ်စုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့သည်လယ်ယာမြေဥပဒေပုဒ်မ -၂၂ အရ မူလမှုခင်း ဖွင့်လှစ်၍ စုံစမ်းစစ်ဆေးခြင်း၊ ကြားနာခြင်းနှင့် ဆုံးဖြတ်ခြင်းပြုရမည်။...

ဂရန်အမည်ပေါက်ထံမှဝယ်ယူခဲ့သောမြေကွက်တွင်မြေပုံအညွန်း၌အရှေ့သို့လားသော် BGFS နောက်ဖေးလမ်းကြားဟုပါနေသော်လည်းထိုနေရာတွင် ရပ်ကွက်ရုံး၏ဝန်ထမ်းတစ်ဦးက ၉ပေပေ ၃၀ လောက် ယာယီအိမ်ကလေးဆောက်ပြီးနေထိုင်နေပါသည်။ရောင်းလိုက်သူကိုလည်းအပူမကပ်ချင်ပါ ရပ်ကွက်အုပ်ချုပ်ရေးမူးရုံးသည် ပြည်သူထက်ပို၍ ethics or law ကိုပိုမိုသိရှိသင့်ပါသည် ဘယ်လိုရှင်းသင့်ပါသလဲလေးစားစွာဖြင့်

ေမးသူ - U Ko Ko

[Unicode] မိမိပိုင်ဆိုင်သည့်မြေဧရိယာထဲတွင် ပါဝင်ဆောက်လုပ်ထားခြင်းရှိ/မရှိ အရင်စိစစ်ရပါမည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခြင်း ဟုတ်မဟုတ် သေချာစုံစမ်းစိစစ်စေလိုပါသည်။ အကယ်၍ မိမိပိုင်မြေပေါ်တွင် ဆောက်လုပ်ထားခြင်းမဟုတ်ပါက...

အိမ်ငှါးလျှင် commercial tax 5% ကိုအိမ်ရှင်မှဆောင်ရမည်လား ၊ အိမ်ငှါးဘက်မှဆောင်ရမည်လား ။ အိမ်ရှင်ဘက်မှ income tax အပြင် မည်သည့်အခွန်တွေပါပေးဆောင်ရပါမလဲရှင်။

ေမးသူ - Aye Nandar

[Unicode] ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၅ (ခ) အရ အခန်းငှားယူသူထံမှ ငှားရမ်းခရငွေနှင့်အတူ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကို တစ်ပါတည်းကောက်ခံပြီး ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၁၂ (က) အရ ငှားရမ်းခရရှိသည့် လကုန်ဆုံးပြီး (၁၀) ရက်အတွင်း သက်ဆိုင်ရာအခွန်ရုံးသို့...

ဆရာခင်ဗျာ...ကျွန်တော်က (15 x 60) ဂရံမြေကိုမိတ္တူခြမ်းဝယ်ထားသူပါ....မေးချင်တာက.... (၁) ဘေးအိမ်ကနာမည်မပြောင်းရင် ကျွန်တော်ပဲပြောင်းလို့ရသလား (၂) နောင်အခါ ဘေးအိမ်လေးရောင်းလို့ ကိုယ်ပိုင်ပြီးအမည်ပေါက်ပြောင်းချင်ရင်ရောအရပ်စာချုပ်တွေနဲ့ အဆင်ပြေမလား? တဆင့်ခံဖြစ်လို့ ဂရန်မူရင်းတယောက်မှမရှိ...မသိတော့ပါဘူး (၃) လက်ရှိ နေထိုင်နေတဲ့ဘက်မှာဂရန်အမည်ပေါက်ထဲကမှတ်ပုံတင် နဲ့ မှတ်ပုံတင် မိတ္တူမှာ ၁၂/ ရောအနောက်ကမှတ်ပုံတင်အမှတ်ရောမှန်ပြီးအလယ်ကမြို့နယ်လွဲနေတာကရောပြသာနာရှိလားအမည်ပေါက်ပြောင်းရင်ရောအဲ့နေရာမှာပြသာနာရှိနိုင်သလား (၄) လိုအပ်တာလေးတွေ ဖြေကြားပေးပါ၊ ကျေးဇူးပြုပြီးဖြေကြားပေးပါခင်ဗျာ....

မေးသူ - ကိုထက်

[Unicode] က) ခွဲစိတ်ရန် လျှောက်ထားသော မြေကွက်အတိုင်းအတာသည် မျက်နှာစာတွင် အနည်းဆုံးပေ (၂၀×၆၀) ရှိရမည်ဖြစ်ပြီး ကျန်ရှိမြေကွက် ဧရိယာသည်လည်း အနည်းဆုံး ပေ(၂၀×၆၀) ရှိရမည်။ (ခ) ခွဲစိတ်မည့်မြေကွက်အသုံးပြုရန်အတွက် အများပိုင်လမ်း (သို့) ကိုယ်ပိုင်လမ်းမရှိပါက...

အိမ်ရှိပြီး ပျဉ်ထောင်အိမ်ကို လိုင်းခန်းပုံစံနှစ်ထပ်ဆောက်ရင် အိုးအိမ်ကိုဆောက်လုပ်ခွင့် ပါမစ်တင်ရလား? မတင်ဘဲဆောက်ရင် နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ဘာတွေဖြစ်မလဲ။ ဆောက်လုပ်ခွင့်ပါမစ်တင်ရင် ဘာတွေလိုအပ်လဲသိချင်ပါတယ်။ ရွှေပြည်သာမြို့နယ်ထဲကပါ။

ေမးသူ - U Tin Soe Win

[Unicode] ကိုယ်ပိုင်အိမ်ဆောက်လုပ်ထားသည့် မြေသည်အိုးအိမ်က ချမှတ်ပေးထားသည့်မြေ (သို့) မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနကချမှတ်ပေးထားသည့်မြေ ဦးစွာသိရှိရပါမည်။ မြေဂရန်ထုတ်ပေးရာဌာနသိရှိမှသာ သက်ဆိုင်ရာဌာနတွင် အောက်ပါအချက်အလက်များနှင့်...

အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ရာတွင် special powerကိုရောင်းသူနှင့်ဝယ်သူပူးပေါင်း၍ စာချုပ်စာတမ်းရုံးတွင်ပြုလုပ်ရသည်ကို သိရှိပါသည်။ စည်ပင်ရုံးတွင်ဂရန်မှန်မမှန်အမည်ပေါက်မှန်မမှန်စစ်ဆေးသည်မှ နောက်ဆုံးအဆင့်စည်ပင်ရုံးတွင် နာမည်ပေါက်ပြောင်းသည်အထိ အဆင့်အားလုံးရုံးအားလုံးအတွက် special power တခုတည်းနှင့်လိုက်လုပ်၍ရပါသလား။ သို့မဟုတ် အဆင့်တခုစီအတွက် special power တစ်စောင်စီလုပ်ရပါသလား။ ဆိုလိုသည်မှာခေါင်းစဉ်တမျိုးစီအတွက် SP တစ်စောင်စီပြုလုပ်ရပါသလား။ ဂရန်မှန်မမှန် အမည်ပေါက်မှန်မမှန်စစ်ဆေးခြင်း၊ အရောင်းမြေပုံထုတ်ယူခြင်း၊ ရာဖြတ်ရုံးသို့တင်ခြင်း၊ မြို့နယ်အခွန်ရုံးကိစ္စပြုလုပ်ခြင်း၊ စာချုပ်ရုံးတွင်စာချုပ်ကြီးတင်ခြင်း၊ စည်ပင်ရုံးတွင်အမည်ပြောင်းခြင်းအားလုံးအတွက် SP တစ်စောင်ထဲနှင့်လုံလောက်ပါသလား။ခေါင်းစဉ်တစ်ခုအတွက် (သို့) ရုံးတစ်ခုစီအတွက် SP တစ်စောင်စီလိုအပ်ပါသလား။

ေမးသူ - Htay Kywel

[Unicode] Special Power ဆိုသည်မှာ လူတစ်ဦးတစ်ယောက်က မိမိပိုင်ဆိုင်သော မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ပိုင်ဆိုင်မှုအပြီးသတ်လွှဲပြောင်းပေးသော တရားဝင်ကိုယ်စားလှယ် ခွင့်ပြုမိန့်ဖြစ်သည့်အတွက် SP တစ်စောင် ယူထားရုံမျှဖြင့် ပိုင်ဆိုင်ခွင့်ပေးထားသော...