ဂရန်အမည်ပေါက်ထံမှ ဝယ်ယူခဲ့သောမြေကွက်တွင် မြေပုံအညွန်း၌ အရှေ့သို့ လားသော် BGFS နောက်ဖေးလမ်းကြားဟုပါနေသော်လည်း ထိုနေရာတွင် ရပ်ကွက်ရုံး၏ ဝန်ထမ်းတစ်ဦးက ၉ပေ ၃၀ပေလောက် ယာယီအိမ်ကလေးဆောက်ပြီးနေထိုင်နေပါသည်၊ ရောင်းလိုက်သူကိုလည်းအပူမကပ်ချင်ပါ ရပ်ကွက်အုပ်ချုပ်ရေးမူးရုံးသည် ပြည်သူထက် ပို၍ ethics or law ကို ပိုမိုသိရှိသင့်ပါသည်။ဘယ်လို ရှင်းသင့်ပါသလဲ ၊ လေးစားစွာဖြင့်
မေးသူ - U Ko Ko [Unicode]
မိမိပိုင်ဆိုင်သည့်မြေဧရိယာထဲတွင် ပါဝင်ဆောက်လုပ်ထားခြင်းရှိ/မရှိ အရင်စိစစ်ရပါမည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခြင်း ဟုတ်မဟုတ် သေချာစုံစမ်းစိစစ်စေလိုပါသည်။ အကယ်၍ မိမိပိုင်မြေပေါ်တွင် ဆောက်လုပ်ထားခြင်းမဟုတ်ပါက ၎င်းဆောက်လုပ်ထားသည့်မြေမှာ စည်ပင်ပိုင်မြေဖြစ်နေခဲ့လျှင် ယင်းယာယီအဆောက်အဦးကို ဓာတ်ပုံမှတ်တမ်းတင်ကာ တိုင်စာဖြင့်ရေးသားပြီး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံးသို့ သွားရောက်တင်ပြပါ။ ခွင့်ပြုချက်တစ်ရပ်ရပ်မရှိခဲ့လျှင်မူ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံးသို့တိုင်ကြားဆောင်ရွက်နိုင်ပါသည်။ခွင့်ပြုချက်ဖြင့် နေထိုင်ခြင်းဟုတ်မဟုတ် စုံစမ်းရန်လိုအပ်ပါသည်။
[Zawgyi]
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.