962 Views

လူငယ်ဆန်တဲ့ အခန်းတစ်ခုဖြစ်လာအောင် ဘယ်လိုဖန်တီးကြ မလဲ

 

အသက် ၂၀ နားကပ်လာတဲ့ လူငယ်တစ်ယောက်အဖို့ ကိုယ့်အ တွက် သီးသန့်၊ သီးခြားဖြစ်စေမယ့် ကိုယ်ပိုင်အခန်းငယ်တစ်ခန်း တော့ ပိုင်ဆိုင်ထားသင့်ပါတယ်။ အရင်ကလို မိသားစုနဲ့ တစ်ချိန်လုံး ပူးပြီးနေထိုင်တဲ့ အချိန်တွေထက် ကိုယ့်အတွက်လွပ်လွပ် သီးသန့် နေထိုင်ရမယ့် အချိန်တစ်ခုဖန်တီးပြီး ကိုယ့်စိတ်ကြိုက်လုပ်ချင်တာ လေးတွေ၊ ကိုယ့်စိတ်ကြိုက်လွတ်လွတ်လပ်လပ်နေထိုင်လို့ ရနိုင် မယ့် ကိုယ့်ရဲ့သီးသန့်ကမ္ဘာလေးတစ်ခုကို ပိုင်ဆိုင်ထားဖို့ပါပဲ။

 

 

ကိုယ့်တစ်ဘဝလုံးစာအတွက် ပထမဆုံး ပိုင်ဆိုင်လာရမယ့် ကိုယ့်ရဲ့ ကိုယ်ပိုင်ကမ္ဘာ၊ ကိုယ့်ရဲ့သီးသန့်နေရာသစ်တစ်ခုအတွက် စိတ် ကြိုက်ပုံဖော်ပြီး အကောင်းဆုံး တည်ဆောက်နိုင်ဖို့တော့ လိုလိမ် မယ်လို့ ထင်ပါတယ်။
ဒီ့အတွက်ဆိုရင်တော့ လူငယ်ဆန်ဆန် အခန်းငယ်တစ်ခုကို ဘယ် လိုမျိုး ပြီးပြည့်စုံအောင် ဖန်တီးပြင်ဆင်လို့ရမယ့် ဒီဇိုင်းပုံစံနဲ့ နည်း လမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

 



၁။ အခန်းသစ်တစ်ခုဖွဲ့တော့မယ်ဆိုရင် အဓိကအရေးကြီးဆုံး သိ ထားရမယ့် အချက်ကတော့ လူငယ်ဆန်ဖို့ပါပဲ။ ဟုတ်ပါတယ်။ ကိုယ်ကလူငယ်တစ်ယောက်ဖြစ်တာကြောင့် လူငယ်ဆန်တဲ့ဒီဇိုင်း ကိုပဲ အဓိကဦးစားပေးပြီး တည်ဆောက်သင့်ပါတယ်။

 

 

အခန်းတစ်ခု လုံးစာ အပြင်အဆင်၊ အရောင်၊ ဒီဇိုင်း၊ အခန်းဖွဲ့မှုကအစ အခန်း တစ်ခုလုံး အသုံးပြုတဲ့ အရာတွေအားလုံးကို ခေတ်မီပြီးဒီဇိုင်းဆန်း သစ်တဲ့ လူငယ်ဆန်ဆန်ပစ္စည်းတွေကိုသာ အသုံးပြုတတ်ရပါမယ်။

 


၂။ အခန်းအရောင်လေးတွေသုံးတာကို ဂရုစိုက်ပါ။ ကျားမ ကွဲပြား တဲ့ အကြိုက်အရောင်လေးတွေ သုတ်ခြယ်ပါ။ မိန်းကလေးဆန်တဲ့ အရောင်၊ ယောက်ျားလေးဆန်တဲ့ အရောင်လေးတွေကို မိမိစိတ် ကြိုက်အသုံးပြုနိုင်ပါတယ်။ ကိုယ့်အတွက် သီးသန့်အခန်းဖြစ်လာ မှာ ဖြစ်တာကြောင့် တခြားသူတွေ အမြင်မယဉ်တာတွေ၊ ထူးထူး ဆန်းဆန်းဖြစ်တာမျိုးတွေကို ဂရုစိုက်စရာတော့ မလိုပါဘူး။ ဒီ့အ တွက်ကြောင့် ဆန်းကြယ်တဲ့ အရောင်စပ်တွေ၊ ထူးထူးခြားခြားအ ရောင်တွေ အသုံးပြုတာတွေကို စိတ်ကြိုက်အသုံးပြုပါ။

 



၃။ အခန်းထဲမှာအသုံးပြုမယ့် အိမ်အလှဆင်ပစ္စည်းတွေကို လူငယ် ဆန်တာကို ရွေးချယ်ပါ။ အိမ်တစ်လုံးစာ ပြင်ဆင်မှုအတွက်ဆိုရင် တော့ တစ်အိမ်လုံးစာခြုံပြီး ကြည့်လို့အဆင်ပြေနိုင်မယ့်အိမ်အလှ ဆင်ပစ္စည်းတွေ၊ ပန်းချီကား၊ နံရံအလှဆင်ပစ္စည်းတွေ၊ ခန်းစီး၊ လိုက် ကာ အစရှိတဲ့ အရာတွေကိုသင့်တင့်လှပအောင် ရွေးချယ်ကြပေ မယ့်လည်း ကိုယ့်အခန်းအတွက်ကိုတော့ ထူးခြားပြီးစွဲဆောင်မှုရှိတဲ့ အလှဆင်ပစ္စည်း ခပ်မိုက်မိုက်တွေနဲ့ ပြင်ဆင်သင့်တယ်လို့ အကြံ ပေးချင်ပါတယ်။

 

 

အရင်ကလို ပန်းတွေ၊ မိန်းကလေးဆန်ဆန် ဖန်စီ အလှဆင် ပစ္စည်းလေးတွေ မဟုတ်တော့ပဲနဲ့ ခေတ်လူငယ်နဲ့ ဆိုင်တဲ့ အမှတ်အသား သင်္ကေတပုံတွေ ရေးဆွဲပုံဖော်ထားတဲ့ အလှဆင် ပစ္စည်းတွေ အသုံးများလာကြတာကို တွေ့ရပါတယ်။

 


၎။ အိမ်ခန်းရဲ့နံရံမှာဆိုရင်လည်း သာမန်အရောင်တွေထူးခြားတဲ့ အရောင်စပ်တွေ၊ ဒီဇိုင်းဆန်းတွေ နောက် ပြီး အခုနောက်ပိုင်းမှာ ဈေးကွက်ထဲရောက်ရှိလာတဲ့ ဆန်းကြယ်တဲ့ ရုပ်ပုံ၊ စာလုံးဒီဇိုင်း၊ ခပ် လန်းလန်း၊ သရီးဒီပန်းချီကားဒီဇိုင်းတွေ၊ လူငယ်ဆန်တဲ့ရုပ်ပုံတွေစ တာတွေနဲ့ နံရံတွေမှာ အလှဆင်ပြင်ဆင်လာကြပါတယ်။

 

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)