301 Views

ဖိနပ်အဟောင်းလေးတွေနဲ့ နေအိမ်ကို ဘယ်လိုချစ်စရာကောင်း အောင်ပြင်ဆင်ကြမလဲ

 

အိမ်အလှပြင်ဆင်ခြင်းနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား အပြင်အဆင် နည်းလမ်းလေးတွေကို အမြဲလိုလိုရေးသားဖော်ပြပေးနေလျှက်ရှိနေ ရာကနေ အခုတစ်ခေါက်ဖော်ပြပေးမယ့် နည်းလမ်းကလေးကလည်း တကယ့်ကိုလွယ်ကူပြီး သင့်အိမ်ကလေးကို အလှဆုံးပုံဖော်ပေးနိုင် မယ့် နည်းလမ်းကောင်းလေးတွေ ဖြစ်လာပါလိမ့်မယ်။ တချို့နေအိမ် တိုင်းလိုလိုမှာ ရှိတတ်ကြပါတယ်။ မပျက်စီးသေးပေမယ့် မစီးဖြစ် တော့တဲ့ ဖိနပ်အဟောင်းကလေးတွေပါ။

 

 

ဒီဖိနပ်အဟောင်းကလေး တွေကနေ နေအိမ်ရဲ့အလှကို ဖန်တီးပုံဖော်ပေးလို့ရနိုင်လိမ့်မယ်ဆို တာ ဘယ်သူကမှ သတိထားမိကြမှာ မဟုတ်ပါဘူး။ ဟုတ်ပါတယ် နော်။ ကဲဒီတော့ ဒီဖိနပ်အဟောင်းအနွမ်းကလေးတွေနဲ့ အိမ်တွေမှာ ဘယ်လိုမျိုး ချစ်စရာကောင်းအောင် ဖန်တီးပေးနိုင်မလဲဆိုတာလေ့ လာကြည့်ရအောင်……

 



၁။ များသောအားဖြင့် မိုးတွင်းဘက်တွေမှာ စီးကြတဲ့ လည်ရှည်ဖိနပ် တွေ၊ နောက်ပြီး ကန်းထရီးဆန်ဆန် အမျိုးသားလည်သာဖိနပ်ရှည် ကြီးစတဲ့ ဖိနပ်တွေက အိပ်ခန်းထဲက စာကြည့်မီးအိမ်အတွက် အောက်ကအလှခံထားလို့ရတဲ့ အလှဆင်ပစ္စည်းလေးအဖြစ် ပြောင်း လဲ ပြင်ဆင်နိုင်ပါတယ်။

 

 

နောက်ပြီး သူတို့ရဲ့အတွင်းဘက်ထဲမှာ လှပ ပြီး အရောင်စုံပွင့်လန်းနေတဲ့ ပန်းပွင့်လေးတွေ စိုက်ထိုးထားမယ်ဆို ရင်လည်း အလှပန်းအိုးထိုးစရာမလိုပဲ ဖိနပ်ကလေးတစ်ရံနဲ့တင် လှပ တဲ့ ပန်းပင်ပြင်ဆင်ခြင်းတွေရရှိသွားပါလိမ့်မယ်။ အိမ်အဝင်အဝက လေးမှာ အလှထိုးတာတို့၊ အိမ်ရဲ့တံခါးဝမှာချိတ်ပြီး အလှပြင်ဆင် ထားတာတွေကလည်း ထူးခြားလှပပြီး စွဲဆောင်မှုရှိပါတယ်။

 



၂။ နောက် သဲကြိုးဖိနပ်အပါးရောင်စုံလေးတွေလည်း ရှိကောင်းရှိ ကြမှာပါ။ ဒီဖိနပ်ကလေးတွေကလည်း တကယ့်ကိုအသုံးဝင်တဲ့ အိမ် အလှဆင်ပစ္စည်းလေးတွေ ဖြစ်ကြပါတယ်။ ပါးပါးလေးမို့လို့ အိမ်ရဲ့ အလှဆင်ပစ္စည်းအပြင်၊ အသုံးအဆောင်လေးတွေ အဖြစ်နဲ့တောင် ပြောင်းလဲအသုံးနိုင်ပါတယ်။

 

 

ဖိနပ်ပါးကလေးတွေနောက်ဖနောင့်နဲ့ အလယ်ပိုင်းနေရာလေးကို ဖြတ်ပြီး တစ်သျှူးလိပ်ရိုလာအဖြစ် ပြောင်းလဲနိုင်သလို ရေချိုးခန်းတို့၊ အဝတ်လဲခန်းတို့မှာ အသုံးပြုနိုင် တဲ့ အဝတ်ချိတ်တဲ့ ချိတ်၊ ပုဝါချိတ်လှမ်းတဲ့ ချိတ်ကလေးတွေ အဖြစ် ပြင်ဆင်နိုင်ပါသေးတယ်။

 



၃။ ချစ်စရာကောင်းတဲ့ ရောင်စုံဖိနပ်ပါးကလေးတွေက အပြင်က ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ဈေးကြီးကြီး အိမ်အလှဆင်ပစ္စည်း တွေထက်တောင် ပိုပြီးတော့ အလှပြင်ဆင်လို့ရသလို စရိတ်လည်း သက်သာတာကြောင့် ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။

 

 

ဖိနပ်ပါးကလေးတွေမှာ အလှဆင်ပန်းအိုးလေးတွေ ချိတ်ထားတာမျိုး ၊ အိမ်အဝင်အဝ အလှဆင်ထားတာမျိုးနဲ့ မိမိစိတ်ကူးပုံဖော်လို့ရတဲ့ ဒီဇိုင်းမျိုးစုံနဲ့ ချစ်စရာကောင်းအောင် ပုံဖော်လို့ရနိုင်ပါသေးတယ်။

 

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)