472 Views

စက်ဘီးဟောင်းလေးတွေနဲ့ အိမ်တွင်းအလှပြင်ဆင်တတ်ဖို့

 

တချို့နေအိမ်ရဲ့ ချောင်ချိုချောင်ကြားတွေထဲမှာ စက်ဘီးအစုတ်က လေးတွေ တစ်စီး၊ နှစ်စီး ရှိနေတတ်ပါတယ်။ ကလေးဘဝက စီးခဲ့ တဲ့ စက်ဘီးလေးတွေ၊ လူငယ်ဘဝကစီးခဲ့တဲ့ အားကစားစက်ဘီးတွေ ကို အသုံးမပြုတော့တာကို ပစ်ရမှာလည်းနှမြော၊ ငယ်ဘဝအမှတ်တ ရလေးတွေကိုလည်း အမှတ်ရချင်လို့ သိမ်းထားကြတာက အသိမ်း အဆည်းမတော်လို့ ချောင်ထိုးထားသ လို ဖြစ်နေရတာပါ။ ဒီလိုမျိုး ဖြစ်နေတဲ့အတွက် စက်ဘီးလေးတွေရဲ့ ကြာရှည်ခံမှုသက်တမ်းက လည်း ကြာကြာမခံတော့ပဲ ပျက်စီးသွားမှာဖြစ်သလို အိမ်အတွက် လည်း အလှကိုဖျက်ဆီးပစ်သလို ဖြစ်နေပါတယ်။

ဒီ့အတွက်ကြောင့် ကိုယ့်အိမ်ကစက်ဘီးအဟောင်းလေးတွေကို ထိန်း သိမ်းရာလည်း ရောက်မယ်။ နောက်ပြီး အိမ်ကိုလည်းအလှဆင်နိုင် မယ်ဆိုရင် တကယ့်အကျိုးရှိတဲ့နည်းလမ်းလေးတွေ ရှိနေပါတယ်။ ဒါ ကို အတူလေ့လာကြည့်မယ်နော်….

 



၁။ ဆေးသုတ်ပြီး အသစ်ဖြစ်အောင် ပြုပြင်ထားတဲ့ စက်ဘီးကိုယ် ထည်နဲ့ အတူတွဲဖက်ပြီး စင်လေးတွေရိုက်ပါ။ အလှတင်မယ့် ပစ္စည်း တွေ၊ စာအုပ်စာတမ်း၊ ဓာတ်ပုံမှန်ဘောင်၊ အိမ်အလှထားစရာ အရာ လေးတွေ တင်နိုင်မယ့် စင်လေးတွေကိုဒီအတိုင်း မရိုက်ပဲ ပုံမှာပြ ထားတဲ့အတိုင်း စက်ဘီးကိုယ်ထည်လေးကိုပါ ထည့်သွင်းစင်ရိုက် မယ်ဆိုရင် စက်ဘီးလေးတွေအတွက်လည်း အလှဆင်၊ အလှပြပြီး သားဖြစ်သွားမှာပါ။ နောက်ပြီး ဘေစင်၊ စားပွဲခုံတန်း စသဖြင့်တို့ကို လည်း ထောက်တံ ထောက်စရာမလိုပဲ စက်ဘီးရဲ့ကိုယ်ထည်နဲ့ပဲ ထောက်သုံးပြုနိုင်ပါတယ်။

 



၂။ ဧည့်ခန်းကျယ်ကျယ်ရှိတဲ့ နေအိမ်မျိုးမှာဆိုရင်တော့ နံရံကပ် အလှဆင်ပစ္စည်းအဖြစ် အိမ်ကစက်ဘီးအဟောင်းလေးတွေကို အသုံးပြုနိုင်ပါတယ်။

 

 

ဆေးပြန်သုတ် ပြုပြင်အလှဆင်ပြီး ချစ်စရာ ကောင်းနေတဲ့ စက်ဘီးကို နံရံမှာ အလှပန်းချီကားတွေချိတ်ဆွဲထား သလိုမျိုး ခိုင်ခိုင်ခံ့ခံ့ ချိတ်ဆွဲပြီး အလှဆင်နိုင်ပါသေးတယ်။ ဆေး ရောင်တစ်ရောင်မကပဲ ရုပ်ပုံလေးတွေ၊ ဒီဇိုင်းတွေကိုလည်း စက်ဘီး ရဲ့ ကိုယ်ထည်မှာရေးဆွဲပြီး အလှဆင်လို့လည်း ရနိုင်ပါတယ်။

 



၃။ နေအိမ်ပန်းခြံရဲ့ ပန်းပွင့်ပန်းပင်လေးထဲမှာလည်း ချစ်ဖို့ကောင်းတဲ့ စက်ဘီးလေးတစ်စီးအဖြစ် ပြောင်းလဲလို့ရနိုင်ပါသေးတယ်။

 

 

ဆေး ရောင်စုံလှလှကလေးတွေသုတ်၊ စက်ဘီးရဲ့ခြင်းလေးတွေ၊ နောက် ဘက်ထိုင်ခုံပေါ်လေးတွေမှာ ရောင်စုံပန်းပွင့်လေးတွေ စိုက်ပျိုးထား ပြီး ဖူးပွင့်လာတဲ့အခါ စက်ဘီးလေးက တကယ့်ကို နှစ်သက်စရာ ကောင်းလာမှာပါ။

 



၎။ အိမ်ရဲ့အသုံးအဆောင်တွေမှာလည်း ဒီစက်ဘီးလေးတွေကို ပြောင်းလဲအသုံးပြုနိုင်ပါသေးတယ်။ အဝတ်ချိတ်တန်းတို့၊ စင်တို့၊ ပစ္စည်းထည့်စရာ လှည်းတို့၊ စားပွဲခုံတို့အဖြစ်လည်း ဘက်စုံသုံး ပြောင်းလဲအသုံးပြုလို့ရပါတယ်။

 

 

စက်ဘီးကိုယ်ထည်ကိုဖြစ်ဖြစ်၊ တစ်စီးလုံးရဲ့ အစိတ်အပိုင်းတွေကို တစ်စစီဖြုတ်ပစ်တာဖြစ်ဖြစ် ကိုယ့်စိတ်ကူးရှိသလောက် ပြန်လည်အသုံးပြုလို့ရနိုင်မယ့် အရာ တွေကို ပုံဖော်ဖန်တီးနိုင်ပါတယ်။

 

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)