348 Views

ခဲတံလေးတွေနဲ့ အိမ်အလှဆင်ကြမယ်

တစ်ခါတစ်လေမှာ ထူးခြားတဲ့အရာလေးတွေ၊ တီထွင်ဆန်းသစ်မှု လေးတွေနဲ့ ကိုယ့်ရဲ့ငြီးငွေ့နေတဲ့ စိတ်တွေကိုပြန်လည်လန်းဆန်း သွားအောင် ပြုလုပ်လို့ရပါတယ်။ အိုင်ဒီယာကောင်းကောင်းလေး တွေက စိတ်ကိုအပန်းဖြေလို့ရပါတယ်။ နောက်ပြီးသူများနဲ့မတူတဲ့ တီထွင်ဖန်တီးမှုတွေကလည်း ထူးခြားပြီးစိတ်ဝင်စားစရာကောင်း တာကြောင့် ပိုပြီးတော့နှစ်သက်သဘောကျ ကြတာလည်းဖြစ်ပါ တယ်။
သင်တို့အိမ်မှာရှိတဲ့ ရောင်စုံခဲတံလေးတွေက တကယ့်ကိုလှပပြီး ထူးခြားတဲ့ နေအိမ်လေးအဖြစ် ပြောင်းလဲပေးနိုင်မယ်လို့ ဘယ်သူ ကမှ ထင်ကြမှာမဟုတ်ပါဘူးလေ။ အခု ဒီမှာဖော်ပြပေးထားတဲ့ ဒီ ဇိုင်းလေးတွေက ချစ်စရာရောင်စုံခဲတံလေးအသုံးပြုပြီး ချစ်စဖွယ် အပြင်အဆင်လေးတွေကို ပြင်ဆင်ထားတာပါ။

 



၁။  ပန်းပွင့်လေးတွေ၊ အပင်လေးတွေထည့်ပြီးစိုက်ပျိုးမယ့် ပန်းအိုး ဖြစ်ဖြစ်၊ အလှထိုးစရာ သံဘူးလေးတွေပဲဖြစ်ဖြစ် အဲ့ဒီဘူးခွံလေးတွေ ရဲ့ အပြင်ဘက်မှာ ဒီလိုမျိုးလေး ရောင်စုံခဲတံလေးတွေနဲ့ ကာပြီး စည်းထားလိုက်မယ်ဆိုရင် တကယ်ကိုချစ်စရာကောင်းတဲ့ ပန်းအိုး လေးတွေဖြစ်သွားပါပြီ။ ငွေကုန်ကြေးကျလည်းသက်သာတယ်။ ချစ်စရာကောင်းတဲ့ ပန်းအိုးလေးလည်းဖန်တီးလိုက်လို့ရပါတယ်။

 



၂။ ရောင်စုံခဲတံလေးတွေကို ပန်းချီဆွဲထားတဲ့ ပန်းချီကားလေး တွေက အရောင်အသွေးစုံလင်ပြီး ကြည့်လို့လှပပါတယ်။ နံရံမှာ ရောင်စုံဆေးသုတ်စရာမလိုပဲ အခုလို ရောင်စုံခဲတံလေးတွေကို ပန်း ချီပုံဖော်ထားတဲ့ နံရံကပ်စက္ကူလေးတွေ၊ ပန်းချီကားလေးတွေကို ကပ်လိုက်ရုံနဲ့ လှပပြီးချစ်စရာကောင်းတဲ့ အခန်းလေးရရှိလာမှာပါ။

 



၃။ ကလေးငယ် သားသားမီးမီးလေးတွေရှိတဲ့ အိမ်တွေမှာဆိုရင် လည်း အရင်လိုအရုပ်တွေ၊ ကာတွန်းဇာတ်ကောင် ရုပ်ပုံလေးတွေ နဲ့ နံရံပန်းချီဆွဲတာမျိုး မလုပ်တော့ပဲ သက်တံ့ရောင်စုံခြယ်နိုင်တဲ့ ရောင် စုံခဲတံအချောင်းလေးတွေ ရေးဆွဲပေးလိုမယ်ဆိုရင်လည်း ထူးခြားပြီး ကလေးငယ်လေးတွေနဲ့ ခဲတံအသုံးပြုမှုအကြောင်းကို ပိုပြီးရင်းနှီး လွယ်စေပါတယ်။

 



၎။ ထိုင်ခုံလေးတွေ၊ ဒန်းလေးတွေ၊ သစ်သားခုံလေးတွေမှာ အရင် ကလို သစ်သား၊ သံ၊ အလူမီနီယမ်တို့နဲ့ဆောက်လုပ်ထားတာမျိုးမ ဟုတ်ပဲ အခုလိုရောင်စုံခဲတံတစ်ချောင်းချင်းစီကို ခုံရိုက်ပြီးအသုံး ပြုတာက တကယ့်ကိုကောင်းမွန်တဲ့စိတ်ကူးစိတ်သန်းပုံဖော်မှုလေး ပါပဲ။

 



၅။ နေအိမ်ရဲ့ခြံစည်းရိုးလေးမှာလည်း ဒီလိုပါပဲ။ ဖြူနီပြာဝါရောင်စုံခဲ တံလေးတွေကို ထောင်ထားပြီး ခြံစည်းရိုးကာ၊ တံခါးပြုလုပ်ထားတာ က တကယ့်ကိုချစ်စရာကောင်းပါတယ်။

 



၆။ အိမ်ကြမ်းခင်း၊ ဖယောင်းပုဆိုးခင်း စသဖြင့် နေအိမ်အသုံးအ ဆောင်တွေမှာလည်း ရောင်စုံခဲတံလေးတွေ ပုံရိပ်ဖော်ထားတဲ့ အ သုံးအဆောင်လေးတွေက အရောင်စုံပြီး ကြည့်လို့ကောင်းပါတယ်။

 



၇။ ထူးထူးခြားခြား အိမ်အလှဆင်ပစ္စည်းအဖြစ် စိတ်ကြိုက်ပုံဖော် ပြီး အိမ်မှာ အလှဆင်ထားလို့ရပါသေးတယ်။

 


၈။ သာမန်ပန်းချီကားတွေလိုမျိုး ရှုခင်းတွေ၊ ရုပ်ပုံတွေနဲ့မဟုတ်ပဲ ခဲတံလေးတွေကို ရေးဆွဲထားတာ၊ နောက် ခဲတံလေးတွေကိုဘောင် သွင်းပြီး အနုပညာတစ်ခုပြုလုပ်ကာ အိမ်မှာအလှချိတ်ထားလို့ရနိုင် ပါတယ်။

 



၉။ ကလေးငယ်လေးတွေအတွက် ဆော့ကစားလို့ရမယ့် နည်းလမ်း လေးတွေမှာလည်း အသုံးပြုလို့ရပါတယ်။ သူတို့စိတ်ကူးလေးတွေအ ကြောင်းကို ရောင်စုံခဲတံလေးတွေနဲ့ ပုံဖော်ပြီးဖန်တီးလို့ရနိုင်ပါတယ်။

 

 



၁၀။ စာကြည့်ခန်းတို့၊ ရုံးခန်းတို့မှာလည်း အဖိုးတန် ဂန္တဝင်ပန်းချီ ကားတို့၊ ဓာတ်ပုံတို့မှ မဟုတ်ပဲ ဒီလိုမျိုးရောင်စုံခဲတံလေးကို ဘောင် သွင်းပြီး အလှချိတ်ဆွဲထားမယ်ဆိုရင်လည်း ထူးခြားတဲ့ခံစားမှုကို ပေးနိုင်မှာပါ။

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)