642 Views

သင့်ရဲ့ရေချိုးခန်းအတွက် ဒီလိုလေးပြင်ဆင်ကြရအောင်

 

ကျွန်တော်တို့ရဲ့ နေ့တစ်ရက်အစနဲ့အဆုံးအချိန်တွေကို ရေချိုးခန်း ကနေ စတင်ပြီး ရေချိုးခန်းမှာပဲအဆုံးသတ်ကြပါတယ်။ နေ့တစ်နေ့ တာလုပ်ငန်းတွေကို မလုပ်ခင်မှာ ရေချိုးခန်းထဲဝင်ပြီး စိတ်ရောကိုယ် ပါ လန်းလန်းဆန်းဆန်းဖြစ်သွားအောင် ရေချိုးကြပါတယ်။

 



 ပြီး ညနေ ခင်းအလုပ်ပြန်လာရင်လည်း တစ်နေ့တာလုံးပင်ပန်းနွမ်းလာခဲ့သမျှ  ရေချိုးခန်းထဲဝင် ပြန်လည်သန့်စင်လန်းဆန်းသွားအောင် ရေပြန်ချိုး ကြပါတယ်။  

 


ဒီတော့လူတစ်ယောက်ရဲ့ တစ်နေ့တာလုံးကို ပြန်ပြီး လန်းဆန်းလာ အောင် လုပ်ဖို့အရေးကြီးဆုံးနေရာဖြစ်တဲ့ ရေချိုးခန်းကို ဘယ်လိုပြင် ဆင်ကြမလဲနဲ့ ဘာလိုအရာတွေထည့်ပြီး အသုံးပြုကြမလဲဆိုတာစိတ် ကူးကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 


ရေချိုးဇလုံရဲ့ ဘေးဘက်မှာပိုနေတဲ့ နေရာလွတ်လေးတွေမှာ ရေချိုး ဆပ်ပြာဘူးတို့၊ ခေါင်းလျှော်ရည်၊ သန့်စင်ဆေးရေနဲ့ တခြားလိမ်းတဲ့ ခရင်မ်ဘူးလေးတွေကို အကန့်လေးတွေပြုလုပ်ပြီး သိမ်းထားလို့ရနိုင် ပါတယ်။

 



ရေချိုးခန်း တံခါးရွက်ပေါ်မှာ စင်လေးတစ်စင်ရိုက်ပြီး ရေချိုးခန်းသုံး ပစ္စည်းပစ္စယာတွေ တင်ထားနိုင်ပါတယ်။ တစ်သျူးတို့၊ ခြင်းတောင်း တို့စသဖြင့် တင်နိုင်ပါတယ်။

 


တဘက်တို့၊ မျက်နှာသုတ်ပုဝါတို့ တင်လှမ်းနိုင်တဲ့ သံတန်းလေးတွေ ကို ဘေးနံရံတွေ၊ တံခါးရွက်နောက်ကျောဘက်တွေမှာ တန်းလုပ်ပြင် ဆင်နိုင်ပါတယ်။ စင်တန်းလေးတွေ ပြုလုပ်ပြီးတော့လည်း တင်ထား နိုင်ပါသေးတယ်။

 


ရေချိုးခန်းသုံး ပစ္စည်းတွေဖြစ်တဲ့ brush တို့၊ သွားပွတ်တံ၊ ဂျီးတွန်း တံ၊ နားကျပ်တောင်၊ နောက် လိမ်းကျံခရင်မ်တွေ၊ ဆပ်ပြာ၊ အမွှေး ဆီ၊ ဘီး၊ အခြောက်ခံစက်၊ ကြည့်မှန်သေး စသဖြင့် အသုံးအဆောင် တွေကို ထားရှိဖို့ စင်ငယ်လေးတွေ၊ ချိတ်နိုင်တဲ့ အကန့်ငယ်၊ ခွက် ငယ်လေးတွေ ပြုလုပ်ပြီး ထားရှိလို့ရနိုင်ပါတယ်။

 



ဘေစင်ပေါ်မှာဆိုရင်လည်း အလှပန်းအိုးလေးတွေ၊ တဘက်တင် အကန့်ငယ်လေးတွေ၊ ခရင်မ်ဘူးလေးတွေ တင်နိုင်မယ့်စင်၊ အကန့် ငယ်လေးတွေ ထည့်သွင်းပြီးတည်ဆောက်နိုင်ပါသေးတယ်။

 

 

ကလေး ငယ်လေးတွေပါ ချိုးမယ့်ရေချိုးခန်းဆိုရင်တော့ သူတို့လေးတွေ အ တွက် ကစားစရာလေးတွေ၊ အသုံးအဆောင်လေးအတွက် ပါထည့် သွင်းပြင်ဆင်နိုင်ပါသေးတယ်။

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)