1173 Views

ဘိုးဘွားပိုင်မြေကွက်ကို ဝယ်ယူလို့ပါက မည့်သည့်စာရွက်စာတမ်းများ တောင်းယူရန်လိုအပ်ပါသလဲ ?

မေးသူ - Aung Aung Oo

[Unicode]

ဘိုးဘွားပိုင်မြေကွက်ဝယ်ယူလိုပါက ဘိုးဘွားဘီဘင်လက်ထက်ကတည်းက ပိုင်ဆိုင်နေထိုင်လာခဲ့သည့် အမည်ပေါက်ထံမှ တိုက်ရိုက်ဝယ်ယူနိုင်ပါက ပို၍ခိုင်မာမှုရှိပါသည်။ ယခုနောက်ပိုင်းရောင်းချသော ဘိုးဘွားပိုင်မြေကွက်များသည် မြေအမည်ပေါက်ထံမှ တိုက်ရိုက်ဝယ်ယူနိုင်မှုမရှိသလောက်နည်းပါးပါသည်။

၎င်းအမည်ပေါက်၏ အမွေစား၊ အမွေခံများကတစ်ဆင့်ပြန်လည်ရောင်းချသည်ထက် အဆင့်ဆင့် ဝယ်ယူထား သူများထံမှ ဝယ်ယူထားမိသူသည် ၎င်းအမည်ပေါက်အဖြစ်ပြောင်းလဲရန်ခက်ခဲမှုရှိပါသည်။ ဘိုးဘွားပိုင်အမည်ပေါက်မှာလည်းသက်ရှိထင်ရှားမရှိတော့ပဲ ၎င်း၏ဆွေမျိုးသားချင်းများလည်း ရှာဖွေရခက်ခဲတတ်ပါသည်။

ထိုအခါမှာတရားရုံးတွင် ပဋိညာဉ်အတိုင်းဆောင်ရွက်ပေးစေလိုမှုဖြင့် ဦးတိုက်လျှောက်ထားတရားစွဲဆိုရသည့်အမှုများလည်းရှိသည်။ ထို့ကြောင့် ဘိုးဘွားပိုင်မြေဝယ်ယူလိုပါက အမည်ပေါက်မှအစပြု၍ရောင်းချခဲ့သောရောင်းသူဝယ်သူအဆင့်ဆင့်တို့၏အရောင်းအဝယ်စာချုပ်စာတမ်းများအဆင့်ဆင့်တို့ကိုကွင်းဆက်မပြတ်စေပဲ ဝယ်ယူ၍ ရောင်းချသူထံမှ မြေနှင့်ပက်သက်၍ အထူးကိုယ်စားလှယ်လွှဲစာ(သို့) အထွေထွေကိုယ်စားလှယ်လွှဲစာ လွှဲပြောင်းရယူထားသင့်ပါသည်။

မြေကွက်ကိုလက်ရောက်ရယူထားပြီး ဝယ်ယူစဉ်ကပင်စပြီး တရားဝင်အမည်ပေါက်အဖြစ် ဆောင်ရွက်ထားသင့်ပါကြောင်း အကြံပြုလိုက်ရပါသည်။

 

[Zawgyi]

ဘိုးဘြားပိုင္ေျမကြက္ကို ဝယ္ယူလို႔ပါက မည့္သည့္စာ႐ြက္စာတမ္းမ်ား ေတာင္းယူရန္လိုအပ္ပါသလဲ ?

ဘိုးဘြားပိုင္ေျမကြက္ဝယ္ယူလိုပါက ဘိုးဘြားဘီဘင္လက္ထက္ကတည္းက ပိုင္ဆိုင္ေနထိုင္လာခဲ့သည့္ အမည္ေပါက္ထံမွ တိုက္႐ိုက္ဝယ္ယူႏိုင္ပါက ပို၍ခိုင္မာမႈရွိပါသည္။ ယခုေနာက္ပိုင္းေရာင္းခ်ေသာ ဘိုးဘြားပိုင္ေျမကြက္မ်ားသည္ ေျမအမည္ေပါက္ထံမွ တိုက္႐ိုက္ဝယ္ယူႏိုင္မႈမရွိသေလာက္နည္းပါးပါသည္။

၎အမည္ေပါက္၏ အေမြစား၊ အေမြခံမ်ားကတစ္ဆင့္ျပန္လည္ေရာင္းခ်သည္ထက္ အဆင့္ဆင့္ ဝယ္ယူထား သူမ်ားထံမွ ဝယ္ယူထားမိသူသည္ ၎အမည္ေပါက္အျဖစ္ေျပာင္းလဲရန္ခက္ခဲမႈရွိပါသည္။ ဘိုးဘြားပိုင္အမည္ေပါက္မွာလည္းသက္ရွိထင္ရွားမရွိေတာ့ပဲ ၎၏ေဆြမ်ိဳးသားခ်င္းမ်ားလည္း ရွာေဖြရခက္ခဲတတ္ပါသည္။

ထိုအခါမွာတရား႐ုံးတြင္ ပဋိညာဥ္အတိုင္းေဆာင္႐ြက္ေပးေစလိုမႈျဖင့္ ဦးတိုက္ေလွ်ာက္ထားတရားစြဲဆိုရသည့္အမႈမ်ားလည္းရွိသည္။ ထို႔ေၾကာင့္ ဘိုးဘြားပိုင္ေျမဝယ္ယူလိုပါက အမည္ေပါက္မွအစျပဳ၍ေရာင္းခ်ခဲ့ေသာေရာင္းသူဝယ္သူအဆင့္ဆင့္တို႔၏အေရာင္းအဝယ္စာခ်ဳပ္စာတမ္းမ်ားအဆင့္ဆင့္တို႔ကိုကြင္းဆက္မျပတ္ေစပဲ ဝယ္ယူ၍ ေရာင္းခ်သူထံမွ ေျမႏွင့္ပက္သက္၍ အထူးကိုယ္စားလွယ္လႊဲစာ(သို႔) အေထြေထြကိုယ္စားလွယ္လႊဲစာ လႊဲေျပာင္းရယူထားသင့္ပါသည္။

ေျမကြက္ကိုလက္ေရာက္ရယူထားၿပီး ဝယ္ယူစဥ္ကပင္စၿပီး တရားဝင္အမည္ေပါက္အျဖစ္ ေဆာင္႐ြက္ထားသင့္ပါေၾကာင္း အႀကံျပဳလိုက္ရပါသည္။

ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.

To Make Property Questions

Other Property Questions And Answers

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)