576 Views

လူသားတွေကို ကောင်းကျိုးပြုတဲ့ ဖုန်းရွှေရဲ့အလွယ်ကူးဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းများ

 

[Unicode]

 

လူသားတွေအတွက် ကောင်းခြင်းမင်္ဂလာအဖြာဖြာနဲ့ ကြီးပွားချမ်းသာခြင်းတွေ သယ်ဆောင်လာပေးတယ်ဆိုတဲ့ တရုတ်ရိုးရာ ဖုန်းရွှေအစီအရင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ခေတ်အဆက်ဆက်လက်ဆင့်ကမ်း ကျင့်သုံးထိန်းသိမ်းလာတဲ့ ရှေးဟောင်း အမွေအနှစ် အစီအရင်တစ်ခုဖြစ်ပါတယ်။ ပညာရပ်ကို လေးစားယုံကြည် လိုက်နာကြတဲ့သူတွေက ဖုန်းရွှေနည်းလမ်းကောင်းတွေက ဘဝပေါင်းများစွာမှာ ကောင်းကျိုး အဖြာဖြာတွေပေးစွမ်းနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် ဖုန်းရွှေ ဘာသာရပ် ကျွမ်းကျင် လေ့လာ လိုက်စားသူတွေက မျှဝေပေးတဲ့ လွယ်ကူတဲ့ အစီအရင်နဲ့ နည်းလမ်းကောင်းတွေကို အသုံးချနိုင်အောင်လို့ ဖော်ပြပေးချင်ပါတယ်။


ပထမဦးစွာ ဖုန်းရွှေပညာဟာ ဘာလဲဆိုတာ ရှင်းပြပေးပါမယ်။ ဖုန်းရွှေပညာရပ်ဆိုတာ သင့်ဘဝမှာ ပိုမိုပျော်ရွှင်ပြီး ကောင်းမွန်တဲ့ ကူညီပံ့ပိုးမှုတွေကိုပေးမယ့် ဘာသာရပ်တစ်ခုဖြစ်ပါတယ်။ လက်တွေ့ကျတဲ့ ဖုန်းရွှေအစီအရင်မှာ အိပ်ခန်းပြင်ဆင်မှုက စိတ်အပန်းပြေစေတဲ့ အရောင်ခြယ်သခြင်း ဒါမှမဟုတ် မကောင်းတဲ့ စွမ်းအင်တွေကို ဖယ်ရှားပေးမယ့် အိမ်တွင်းအပင်တွေ ထားရှိပေးခြင်းနဲ့ သင့်ရဲ့ အိမ်ခန်းကို အေးချမ်းတဲ့ အရပ် ဖြစ်အောင် အရောင်တွေနဲ့ စီရင်ခြင်း စသဖြင့် နည်းလမ်းတွေ အများအပြားရှိပါတယ်။

 

လူသားတွေကို ကောင်းကျိုးပြုတဲ့ ဖုန်းရွှေရဲ့အလွယ်ကူးဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းများ

 

ဖုန်းရွှေ ဟူသော စကားလုံးမှာ တရုတ်ဘာသာကနေ ဆင်းသက်လာပြီးလေနဲ့ ရေလို့ ဘာသာပြန်ပါတယ်။ လေဟာ ကျွန်ုပ်တို့အတွက် ထွက်သက်ဝင်သက်ဖြစ်ပြီး ရေဟာလည်း လူသားတွေရဲ့ ခန္ဓာကိုယ်က ၆၀ ရာခိုင်နှုန်းသော မဖြစ်မရှိလိုအပ်တဲ့ အရာဖြစ်ကာ ဖုန်းရွှေ နည်းလမ်းဟာလည်း ထိုနည်းတူစွာ ရည်ညွှန်းပါတယ်။ သမိုင်းကြောင်းအရ ဖုန်းရွှေဟာ တောင် ဘာသာရပ်နဲ့ ဗုဒ္ဓဘာသာရပ်ကို အရင်းခံလာခဲ့ကာ ယနေ့ ခေတ်မှာတော့ တိုးတက်တဲ့ ခေတ်မီ လူနေမှု ပတ်ဝန်းကျင်အသိုင်းအဝိုင်းက လေ့လာလိုက်စားသူတွေနဲ့ ကျင့်သုံးသူတွေ အများကြီးရှိလာပါတယ်။

 


ဖုန်းရွှေနည်းလမ်းနဲ့ အိပ်ရာ၊ စားပွဲ၊ မီးဖိုတို့ကို နေရာချပါ။

 

လူသားတွေကို ကောင်းကျိုးပြုတဲ့ ဖုန်းရွှေရဲ့အလွယ်ကူးဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းများ


ဖုန်းရွှေဘာသာရပ်မှာ အထိရောက်ဆုံးနဲ့ အခြေခံ အကျဆုံးသော နိယာမတစ်ခုမှာ ညွန်ကြားချက်အတိုင်း လိုက်နာတဲ့ ပြင်ဆင်မှုဖြစ်ပါတယ်။ အခြေခံအားဖြင့် ဖုန်းရွှေ နည်းလမ်းကို လိုက်နာပြီး ပြင်ဆင်ထားတဲ့ နေအိမ်ရဲ့ အဓိက ဝင်ပေါက်ဟာ အခန်းတစ်ခု ဒါမှမဟုတ် နေရာလွတ်တစ်ခုကို ဦးတည်ထားတဲ့ ပင်မ တံခါးကို ချီဓာတ်စွမ်းအင် ခံတွင်းဝလို့ ခေါ်ပြီး အဲဒီ ကနေမှ တဆင့် နေအိမ်နဲ့ အိမ်ရှိ နေထိုင်သူတွေဆီ ကောင်းမွန်တဲ့ စွမ်းအင်တွေ စီးဆင်းဝင်ရောက်လာတယ်လို့ ယူဆကြပါတယ်။ ဒါ့အပြင် မီးဖိုချောင်၊ အိပ်ရာနဲ့ ရုံးခန်း စားပွဲတွေမှာ အဲဒီ ပင်မ တံခါးကို တိုက်ရိုက် မမြင်ရတဲ့နေရာမှာ ထားခြင်းက အသင့်တော်ဆုံးပါပဲ။

 
အဝင်လမ်းကို အထူးဂရုပြုပါ။

 

လူသားတွေကို ကောင်းကျိုးပြုတဲ့ ဖုန်းရွှေရဲ့အလွယ်ကူးဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းများ

 

နေအိမ်ရဲ့ အဝင်လမ်းနဲ့ အိမ်ရှေ့ တံခါးဝက အိမ်ရဲ့ အရာခပ်သိမ်းအတွက် အဓိကကျပါတယ်။ အိမ်ကို စမြင်လိုက်ခြင်းမှာပဲ အထင်ကြီးစရာကောင်းပြီး သန့်ရှင်းသပ်ရပ်တယ်ဆိုတဲ့ ခံစားချက်က စိတ်ကို ပျော်ရွှင်စေ ရပါတယ်။ အိမ်ရဲ့ အဝင်အဝနဲ့ လျှောက်လမ်းကို ရှင်းရှင်းလင်းလင်းနဲ့ သပ်သပ်ရပ်ရပ်ထားရှိလိုက်မယ်ဆိုရင် ဖုန်းရွှေ နည်းလမ်းထဲက ကောင်းမွန်တဲ့ စွမ်းအင်တွေ ဝင်ရောက်ဖို့ရာ လမ်းဖြစ်စေပါတယ်။ တံခါးရွက်ကို ကြံ့ခိုင်အောင် တည်ဆောက်ပါ။ အိမ်နံပါတ်ကို ရှင်းရှင်းလင်းလင်းထားပါ။ ညဘက် အမှောင်ထုမှာ မီးအလင်းရောင် ကောင်းကောင်းအသုံးပြုပေးပါ။ အိမ်ရှေ့တံခါးမကြီးက စွမ်းအင်တွေ နေအိမ်ထဲ ဝင်ရောက်လာမယ့် အဓိက လမ်းကြောင်းနေရာတစ်ခုဖြစ်ပါတယ်။ အပိုဆောင်း အကြံပြုရမယ်ဆိုရင် ကံကောင်းစေတဲ့ စွမ်းအင်တွေ အသက်သွင်းဖို့ရာ သင့်ရဲ့ မွေးနေ့ ဒါမှမဟုတ် လဆန်းတစ်ရက်လို နေ့မျိုးမှာ မနက် ၁၁ နာရီကနေ နေ့လည် ၁ နာရီကြား အနက်ရောင်ဘောပင်အသစ်တစ်ချောင်းနဲ့ အနီရောင်စာရွက်ပေါ် မိမိရဲ့ ဆန္ဒတွေကို ချရေးနိုင်ပါတယ်။

 


သင့်ရဲ့ အိပ်ခန်းကိုလည်း စနစ်တကျ ပြင်ဆင်ပါ။

 

လူသားတွေကို ကောင်းကျိုးပြုတဲ့ ဖုန်းရွှေရဲ့အလွယ်ကူးဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းများ

 

အိပ်ခန်းဆိုတာ လူတစ်ယောက်အတွက် အရေးအကြီးဆုံး နေရာတစ်ခုဖြစ်ပါတယ်။ အဲဒီ အခန်းထဲမှာပဲ အနားယူမယ်။ အားအင်အသစ် ပြန်လည်မွေးဖွားမယ်။ ကိုယ်စိတ်နှလုံးအပန်းဖြေခြင်းတွေ ရှိမှာမို့လို့ အိပ်ခန်းကို ကောင်းကောင်း ပြင်ဆင်သင့်ပါတယ်။ အထူးအကြံပြုလိုတာကတော့ သင့်ရဲ့ အိပ်ယာကို တံခါးဝနဲ့ မျက်နှာမူပြီးထားပါ။ အကယ်၍ တံခါးရွက်ရဲ့ နောက်ဖက်မှာ ထားလိုက်ခြင်းက အိပ်စက်နေတဲ့ အချိန် မသိစိတ်ကဖိစီးမှု တွေ၊ သံသယနဲ့ မရေရာမှုတွေ ခံစားရနိုင်တယ်လို့ ယူဆကြပါတယ်။ နောက်ပြီး ကုတင်ရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာလည်း နေရာလွတ်ထားရှိဖို့ အရေးကြီးပါတယ်။

 

ဒြပ်စင် ငါးခုကို အခြေခံပြီး အိမ်ရဲ့ အရောင်တွေကို ရွေးချယ်ပါ။

 

လူသားတွေကို ကောင်းကျိုးပြုတဲ့ ဖုန်းရွှေရဲ့အလွယ်ကူးဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းများ

 

 

ဖုန်းရွှေအစီအရင်မှာ အရောင်ရွေးချယ်မှုကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ မြေကြီး၊ သတ္တု၊ ရေ၊ သစ်သား၊ မီး စတဲ့ ဒြပ်စင်ငါးခုရှိပါတယ်။ အဲဒီ ဒြပ်စင်တွေဟာ သဘာဝနဲ့ သဟဇာတဖြစ် ဟန်ချက်စေဖို့ စွမ်းအင်တွေ ယူဆောင်လာဖို့အတွက် အသုံးပြုခြင်းဖြစ်ပါတယ်။ မြေကြီးဒြပ်စင်ကို အသုံးပြုခြင်းဖြင့် မိမိကိုယ်ကိုယ် ဂရုစိုက်မှု၊ တည်ငြိမ်မှုရရှိနိုင်ပါတယ်။ အရောင်တွေအနေနဲ့ အဝါ၊ လိမ္မော်ရောင်၊ အညိုရောင်တွေဖြစ်ပါတယ်။ သတ္တုဒြပ်စင်မှာတော့ ပိုမိုရှင်းလင်းပြတ်သားမှုကို ပေးနိုင်ပြီး ရည်ရွယ်ချက်တွေကို အမြန်ဆုံး ပြီးမြောက် အောင်မြင်စေနိုင်ပါတယ်။ အရောင်မှာ မီးခိုရောင်၊ အဖြူရောင်နဲ့ သတ္တု အရောင်တွေဖြစ်ပါတယ်။ ရေဒြပ်စင် မိမိနေထိုင်တဲ့ အရပ်ကို စွမ်းအင်ပိုမိုစီးဆင်းစေဖို့ ဉာဏ်ပညာပွင့်လမ်းခြင်းတွေ ဖိတ်ခေါ်လိုပါက ရေဒြပ်စင်ကို အသုံးပြုနိုင်ပါတယ်။ သစ်သား ဒြပ်စင်ဟာ အသစ်စတင်ခြင်းအတွက် အသုံးပြုနိုင်ပြီး နေအိမ်နဲ့ နေရာထိုင်ခင်းစီ စွမ်းအင်တွေ ယူဆောင်လာနိုင်ပါတယ်။ မီးဒြပ်စင်ကတော့ စွမ်းအားကြီးမားခြင်းဖြစ်ပြီး အနီရောင်ကို ကိုယ်စားပြုပါတယ်။


အခုလောက်ဆိုရင် ဖုန်းရွှေအစီအရင်ရဲ့ အခြေခံအကျဆုံး နည်းလမ်းလေးတွေကို နားလည်သဘောပေါက်ကြမယ်လို့ထင်ပါတယ်။ ဖုန်းရွှေပညာရပ်ရဲ့ အခြေခံအကျဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်းအစီအ ရင်လေးတွေ လုပ်ကြည့်ပြီး နေအိမ်မှာကော၊ မိသားစုမှာပါ တိုးတက်ကြီးပွားခြင်းတွေ ရပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။


(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]


လူသားေတြကို ေကာင္းက်ိဳးျပဳတဲ့ ဖုန္းေ႐ႊရဲ႕အလြယ္ကူးဆုံးနဲ႔ အ႐ိုး႐ွင္းဆုံးနည္းလမ္းမ်ား

 


လူသားေတြအတြက္ ေကာင္းျခင္းမဂၤလာအျဖာျဖာနဲ႔ ႀကီးပြားခ်မ္းသာျခင္းေတြ သယ္ေဆာင္လာေပးတယ္ဆိုတဲ့ တ႐ုတ္႐ိုးရာ ဖုန္းေ႐ႊအစီအရင္ဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက ေခတ္အဆက္ဆက္လက္ဆင့္ကမ္း က်င့္သုံးထိန္းသိမ္းလာတဲ့ ေ႐ွးေဟာင္း အေမြအႏွစ္ အစီအရင္တစ္ခုျဖစ္ပါတယ္။ ပညာရပ္ကို ေလးစားယုံၾကည္ လိုက္နာၾကတဲ့သူေတြက ဖုန္းေ႐ႊနည္းလမ္းေကာင္းေတြက ဘဝေပါင္းမ်ားစြာမွာ ေကာင္းက်ိဳး အျဖာျဖာေတြေပးစြမ္းႏိုင္တယ္လို႔ ယုံၾကည္ၾကပါတယ္။ ဒါေၾကာင့္ ဖုန္းေ႐ႊ ဘာသာရပ္ ကြၽမ္းက်င္ ေလ့လာ လိုက္စားသူေတြက မွ်ေဝေပးတဲ့ လြယ္ကူတဲ့ အစီအရင္နဲ႔ နည္းလမ္းေကာင္းေတြကို အသုံးခ်ႏိုင္ေအာင္လို႔ ေဖာ္ျပေပးခ်င္ပါတယ္။


ပထမဦးစြာ ဖုန္းေ႐ႊပညာဟာ ဘာလဲဆိုတာ ႐ွင္းျပေပးပါမယ္။ ဖုန္းေ႐ႊပညာရပ္ဆိုတာ သင့္ဘဝမွာ ပိုမိုေပ်ာ္႐ႊင္ၿပီး ေကာင္းမြန္တဲ့ ကူညီပံ့ပိုးမႈေတြကိုေပးမယ့္ ဘာသာရပ္တစ္ခုျဖစ္ပါတယ္။ လက္ေတြ႕က်တဲ့ ဖုန္းေ႐ႊအစီအရင္မွာ အိပ္ခန္းျပင္ဆင္မႈက စိတ္အပန္းေျပေစတဲ့ အေရာင္ျခယ္သျခင္း ဒါမွမဟုတ္ မေကာင္းတဲ့ စြမ္းအင္ေတြကို ဖယ္႐ွားေပးမယ့္ အိမ္တြင္းအပင္ေတြ ထား႐ွိေပးျခင္းနဲ႔ သင့္ရဲ႕ အိမ္ခန္းကို ေအးခ်မ္းတဲ့ အရပ္ ျဖစ္ေအာင္ အေရာင္ေတြနဲ႔ စီရင္ျခင္း စသျဖင့္ နည္းလမ္းေတြ အမ်ားအျပား႐ွိပါတယ္။

 

ဖုန္းေ႐ႊ ဟူေသာ စကားလုံးမွာ တ႐ုတ္ဘာသာကေန ဆင္းသက္လာၿပီးေလနဲ႔ ေရလို႔ ဘာသာျပန္ပါတယ္။ ေလဟာ ကြၽႏ္ုပ္တို႔အတြက္ ထြက္သက္ဝင္သက္ျဖစ္ၿပီး ေရဟာလည္း လူသားေတြရဲ႕ ခႏၶာကိုယ္က ၆၀ ရာခိုင္ႏႈန္းေသာ မျဖစ္မ႐ွိလိုအပ္တဲ့ အရာျဖစ္ကာ ဖုန္းေ႐ႊ နည္းလမ္းဟာလည္း ထိုနည္းတူစြာ ရည္ၫႊန္းပါတယ္။ သမိုင္းေၾကာင္းအရ ဖုန္းေ႐ႊဟာ ေတာင္ ဘာသာရပ္နဲ႔ ဗုဒၶဘာသာရပ္ကို အရင္းခံလာခဲ့ကာ ယေန႔ ေခတ္မွာေတာ့ တိုးတက္တဲ့ ေခတ္မီ လူေနမႈ ပတ္ဝန္းက်င္အသိုင္းအဝိုင္းက ေလ့လာလိုက္စားသူေတြနဲ႔ က်င့္သုံးသူေတြ အမ်ားႀကီး႐ွိလာပါတယ္။

 


ဖုန္းေ႐ႊနည္းလမ္းနဲ႔ အိပ္ရာ၊ စားပြဲ၊ မီးဖိုတို႔ကို ေနရာခ်ပါ။


ဖုန္းေ႐ႊဘာသာရပ္မွာ အထိေရာက္ဆုံးနဲ႔ အေျခခံ အက်ဆုံးေသာ နိယာမတစ္ခုမွာ ၫြန္ၾကားခ်က္အတိုင္း လိုက္နာတဲ့ ျပင္ဆင္မႈျဖစ္ပါတယ္။ အေျခခံအားျဖင့္ ဖုန္းေ႐ႊ နည္းလမ္းကို လိုက္နာၿပီး ျပင္ဆင္ထားတဲ့ ေနအိမ္ရဲ႕ အဓိက ဝင္ေပါက္ဟာ အခန္းတစ္ခု ဒါမွမဟုတ္ ေနရာလြတ္တစ္ခုကို ဦးတည္ထားတဲ့ ပင္မ တံခါးကို ခ်ီဓာတ္စြမ္းအင္ ခံတြင္းဝလို႔ ေခၚၿပီး အဲဒီ ကေနမွ တဆင့္ ေနအိမ္နဲ႔ အိမ္႐ွိ ေနထိုင္သူေတြဆီ ေကာင္းမြန္တဲ့ စြမ္းအင္ေတြ စီးဆင္းဝင္ေရာက္လာတယ္လို႔ ယူဆၾကပါတယ္။ ဒါ့အျပင္ မီးဖိုေခ်ာင္၊ အိပ္ရာနဲ႔ ႐ုံးခန္း စားပြဲေတြမွာ အဲဒီ ပင္မ တံခါးကို တိုက္႐ိုက္ မျမင္ရတဲ့ေနရာမွာ ထားျခင္းက အသင့္ေတာ္ဆုံးပါပဲ။

 


အဝင္လမ္းကို အထူးဂ႐ုျပဳပါ။

ေနအိမ္ရဲ႕ အဝင္လမ္းနဲ႔ အိမ္ေ႐ွ႕ တံခါးဝက အိမ္ရဲ႕ အရာခပ္သိမ္းအတြက္ အဓိကက်ပါတယ္။ အိမ္ကို စျမင္လိုက္ျခင္းမွာပဲ အထင္ႀကီးစရာေကာင္းၿပီး သန္႔႐ွင္းသပ္ရပ္တယ္ဆိုတဲ့ ခံစားခ်က္က စိတ္ကို ေပ်ာ္႐ႊင္ေစ ရပါတယ္။ အိမ္ရဲ႕ အဝင္အဝနဲ႔ ေလွ်ာက္လမ္းကို ႐ွင္း႐ွင္းလင္းလင္းနဲ႔ သပ္သပ္ရပ္ရပ္ထား႐ွိလိုက္မယ္ဆိုရင္ ဖုန္းေ႐ႊ နည္းလမ္းထဲက ေကာင္းမြန္တဲ့ စြမ္းအင္ေတြ ဝင္ေရာက္ဖို႔ရာ လမ္းျဖစ္ေစပါတယ္။ တံခါး႐ြက္ကို ၾကံ့ခိုင္ေအာင္ တည္ေဆာက္ပါ။ အိမ္နံပါတ္ကို ႐ွင္း႐ွင္းလင္းလင္းထားပါ။ ညဘက္ အေမွာင္ထုမွာ မီးအလင္းေရာင္ ေကာင္းေကာင္းအသုံးျပဳေပးပါ။ အိမ္ေ႐ွ႕တံခါးမႀကီးက စြမ္းအင္ေတြ ေနအိမ္ထဲ ဝင္ေရာက္လာမယ့္ အဓိက လမ္းေၾကာင္းေနရာတစ္ခုျဖစ္ပါတယ္။ အပိုေဆာင္း အၾကံျပဳရမယ္ဆိုရင္ ကံေကာင္းေစတဲ့ စြမ္းအင္ေတြ အသက္သြင္းဖို႔ရာ သင့္ရဲ႕ ေမြးေန႔ ဒါမွမဟုတ္ လဆန္းတစ္ရက္လို ေန႔မ်ိဳးမွာ မနက္ ၁၁ နာရီကေန ေန႔လည္ ၁ နာရီၾကား အနက္ေရာင္ေဘာပင္အသစ္တစ္ေခ်ာင္းနဲ႔ အနီေရာင္စာ႐ြက္ေပၚ မိမိရဲ႕ ဆႏၵေတြကို ခ်ေရးႏိုင္ပါတယ္။

 


သင့္ရဲ႕ အိပ္ခန္းကိုလည္း စနစ္တက် ျပင္ဆင္ပါ။

အိပ္ခန္းဆိုတာ လူတစ္ေယာက္အတြက္ အေရးအႀကီးဆုံး ေနရာတစ္ခုျဖစ္ပါတယ္။ အဲဒီ အခန္းထဲမွာပဲ အနားယူမယ္။ အားအင္အသစ္ ျပန္လည္ေမြးဖြားမယ္။ ကိုယ္စိတ္ႏွလုံးအပန္းေျဖျခင္းေတြ ႐ွိမွာမို႔လို႔ အိပ္ခန္းကို ေကာင္းေကာင္း ျပင္ဆင္သင့္ပါတယ္။ အထူးအၾကံျပဳလိုတာကေတာ့ သင့္ရဲ႕ အိပ္ယာကို တံခါးဝနဲ႔ မ်က္ႏွာမူၿပီးထားပါ။ အကယ္၍ တံခါး႐ြက္ရဲ႕ ေနာက္ဖက္မွာ ထားလိုက္ျခင္းက အိပ္စက္ေနတဲ့ အခ်ိန္ မသိစိတ္ကဖိစီးမႈ ေတြ၊ သံသယနဲ႔ မေရရာမႈေတြ ခံစားရႏိုင္တယ္လို႔ ယူဆၾကပါတယ္။ ေနာက္ၿပီး ကုတင္ရဲ႕ ေဘးတစ္ဖက္တစ္ခ်က္စီမွာလည္း ေနရာလြတ္ထား႐ွိဖို႔ အေရးႀကီးပါတယ္။

 

ျဒပ္စင္ ငါးခုကို အေျခခံၿပီး အိမ္ရဲ႕ အေရာင္ေတြကို ေ႐ြးခ်ယ္ပါ။

ဖုန္းေ႐ႊအစီအရင္မွာ အေရာင္ေ႐ြးခ်ယ္မႈကလည္း အေရးႀကီးတဲ့ အခန္းက႑တစ္ခုျဖစ္ပါတယ္။ ေျမႀကီး၊ သတၱဳ၊ ေရ၊ သစ္သား၊ မီး စတဲ့ ျဒပ္စင္ငါးခု႐ွိပါတယ္။ အဲဒီ ျဒပ္စင္ေတြဟာ သဘာဝနဲ႔ သဟဇာတျဖစ္ ဟန္ခ်က္ေစဖို႔ စြမ္းအင္ေတြ ယူေဆာင္လာဖို႔အတြက္ အသုံးျပဳျခင္းျဖစ္ပါတယ္။ ေျမႀကီးျဒပ္စင္ကို အသုံးျပဳျခင္းျဖင့္ မိမိကိုယ္ကိုယ္ ဂ႐ုစိုက္မႈ၊ တည္ၿငိမ္မႈရ႐ွိႏိုင္ပါတယ္။ အေရာင္ေတြအေနနဲ႔ အဝါ၊ လိေမၼာ္ေရာင္၊ အညိဳေရာင္ေတြျဖစ္ပါတယ္။ သတၱဳျဒပ္စင္မွာေတာ့ ပိုမို႐ွင္းလင္းျပတ္သားမႈကို ေပးႏိုင္ၿပီး ရည္႐ြယ္ခ်က္ေတြကို အျမန္ဆုံး ၿပီးေျမာက္ ေအာင္ျမင္ေစႏိုင္ပါတယ္။ အေရာင္မွာ မီးခိုေရာင္၊ အျဖဴေရာင္နဲ႔ သတၱဳ အေရာင္ေတြျဖစ္ပါတယ္။ ေရျဒပ္စင္ မိမိေနထိုင္တဲ့ အရပ္ကို စြမ္းအင္ပိုမိုစီးဆင္းေစဖို႔ ဉာဏ္ပညာပြင့္လမ္းျခင္းေတြ ဖိတ္ေခၚလိုပါက ေရျဒပ္စင္ကို အသုံးျပဳႏိုင္ပါတယ္။ သစ္သား ျဒပ္စင္ဟာ အသစ္စတင္ျခင္းအတြက္ အသုံးျပဳႏိုင္ၿပီး ေနအိမ္နဲ႔ ေနရာထိုင္ခင္းစီ စြမ္းအင္ေတြ ယူေဆာင္လာႏိုင္ပါတယ္။ မီးျဒပ္စင္ကေတာ့ စြမ္းအားႀကီးမားျခင္းျဖစ္ၿပီး အနီေရာင္ကို ကိုယ္စားျပဳပါတယ္။


အခုေလာက္ဆိုရင္ ဖုန္းေ႐ႊအစီအရင္ရဲ႕ အေျခခံအက်ဆုံး နည္းလမ္းေလးေတြကို နားလည္သေဘာေပါက္ၾကမယ္လို႔ထင္ပါတယ္။ ဖုန္းေ႐ႊပညာရပ္ရဲ႕ အေျခခံအက်ဆုံးနဲ႔ အလြယ္ကူဆုံး နည္းလမ္းအစီအ ရင္ေလးေတြ လုပ္ၾကည့္ၿပီး ေနအိမ္မွာေကာ၊ မိသားစုမွာပါ တိုးတက္ႀကီးပြားျခင္းေတြ ရပါေစလို႔ ဆုေတာင္း ေပးလိုက္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။


(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Other Poperty Feng Shui Articles

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)