“မလေးရှားအချုပ်ထဲရောက်ပြီးမှ ဘယ်လောကဓံလာလာ ရင်ဆိုင်နိုင်တဲ့သတ္တိစိတ်တွေရလာခဲ့တယ်” အေမီဈာန်(အဆိုတော်၊သရုပ်ဆောင်) - Celebrity Interview on Property from iMyanmarHouse.com

“မလေးရှားအချုပ်ထဲရောက်ပြီးမှ ဘယ်လောကဓံလာလာ ရင်ဆိုင်နိုင်တဲ့သတ္တိစိတ်တွေရလာခဲ့တယ်” အေမီဈာန်(အဆိုတော်၊သရုပ်ဆောင်)

Posted by Wai Phyo Thu (iMyanmarHouse.com)

[Unicode]

“Tonight u go out ဆိုတဲ့စကားကို ကြားတဲ့အချိန်မှာတော့ တစ်သက်တာမှာအရမ်းငိုခဲ့ရတဲ့ ညတစ်ညလို့ ပြောရင်လည်းမမှားပါဘူး”

“အစိုးမရအနတ္တ”ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသသည့်ပွဲ( press show) သို့ တက်ရောက်လာသည့် အေမီဈာန်(အဆိုတော်၊ သရုပ်ဆောင်)ကို တွေ့ဆုံခိုက် iMyanmarHouse.com မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှါး ဝဘ်ဆိုက် webside က အခုလိုမေးမြန်းခဲ့တာလေးတွေကို တင်ဆက်လိုက်ပါတယ်နော်။ အေမီဈာန်က အခုဆိုရင် first Date ဆိုတဲ့ အချစ်သီချင်းချိုချိုလေးကို သူမရဲ့အသံလေးနဲ့လိုက်ဖက်စွာ သီဆိုရိုက်ကူးထားပါသေးတယ်။

Q; ; အနတ္တဆိုတဲ့သဘောတရားကို ပြောပြပေးပါလား။ ဒီပွဲကိုရော တက်ဖြစ်တဲ့အကြောင်း အရာလေးရှိရင်လည်း ပြောပေးပါဦးနော်။

A; ;အနတ္တဆိုတာ ဗုဒ္ဓရဲ့လက္ခဏာရေး သုံးပါးမှာ နောက်ဆုံးစကားလုံးဖြစ်တယ်ပေါ့နော်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတာပေါ့နော်။ လက်ရှိပစ္စုပ္ပန်အခြေအနေမှာလည်း ဘယ်အချိန်ပဲ တရားနဲ့စစ်စစ် တကယ့်ကို ဖြစ်နေတဲ့ အချိန်ပေါ့နော်။ ဆိုတော့ အဲ့စိတ်ကို ရည်ရွယ်ပြီး ဒီရုပ်ရှင်အထူးပွဲကို လာတက်ဖြစ်ပါတယ်ရှင့်။ အနတ္တ ဆိုတာ သူ့သဘောသူဆောင်သွားတာပေါ့နော်။ အတ္တနဲ့ဘာမှမဆိုင်ဘူး။ အတ္တက လောင်ကျွမ်းရတယ်။ ပူလောင်ရတယ်။ အတ္တရဲ့သဘောက ကိုယ်ကျိုးအတွက်ပဲပေါ့နော်။ အနတ္တဆိုတာအရမ်းလေးနက်ပါတယ်။ ဥပမာပေါ့ ရာသီဥတုကိုကြည့်လိုက်တယ် မိုးရွာမယ်ဆိုရင် ပြောင်းလဲလို့ရလား၊ မရပါဘူး၊ သူ့သဘောသူဆောင်တာပါပဲ။ ဒါလေးကလည်း ကြည့်လိုက်မယ်ဆိုရင် အနတ္တဖြစ်နေတာပါပဲ။ ဒါ့ကြောင့် ဒီဇာတ်ကားကလည်း ကြည့်ရှုသူအတွက် တစ်ခုခုကျန်ခဲ့လိမ့်မယ်လို့ ယုံကြည်လို့ ဒီပွဲကို လာရောက်ဖြစ်တာပါ။ ဦးဝင်းကြည်ကလည်းဖိတ်ကြားတဲ့ အတွက်လာတက် ဖြစ်တာပါရှင့်။

Q; ; မလေးရှားမှာ ဖျော်ဖြေပွဲလုပ်ရင်း အဖမ်းခံခဲ့ရတဲ့အချိန်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့အချိန် ခံစားချက်လေးတွေလည်း သိချင်ပါတယ်။

A; ;မလေးရှားရောက်သွားတဲ့အချိန်ရယ် ဖြစ်ပျက်သွားပြီးတဲ့အချိန်မှာ ခံစားချက်က အရင်ထက်ပိုပြီး စိတ်ခွန်အားတွေ ပိုကောင်းလာတယ်။ တည်ငြိမ်မှုလည်း ပိုရလာတယ်။ ဘယ်လောကဓံလာလာ ရင်ဆိုင်နိုင်တဲ့ စိတ်လေးတစ်ခုတော့ ဒီခရီးစဉ်လေးထဲကနေ ရခဲ့ပါတယ်။ ဒါ့အပြင်သင်ခန်းစာလည်း ရခဲ့ပါတယ်။ ခွန်အားသစ်တွေလည်း တိုးလာခဲ့ပါတယ်။ အိမ်ပြန်ရောက်တဲ့ အချိန်ထက် အဲ့အချိန်မှာ Tonight u go out ဆိုတဲ့စကားကို ကြားတဲ့အချိန်မှာတော့ တစ်သက်တာမှာ အရမ်းငိုခဲ့ရတဲ့ ညတစ်ညလို့ ပြောရင်လည်းမမှား ပါဘူး။ အရမ်းကို လှိုက်လှိုက်လှဲလှဲနဲ့ ဝမ်းနည်းကြီးစွာ ငိုခဲ့ရတာပါ။ အဲ့နေ့က အဓိဋ္ဌာန် (၉) ရက်အောင်တဲ့ နေ့ပါပဲ။ အဲဒီညမှာ ပထမဆုံး လူ (၂၀) ‌ကျော်ထုတ်တဲ့ညမှာ မိန်းကလေး(၂) ယောက်ပါပါတယ်။ အဲ (၂) ယောက်ထဲမှာ ညီမပါလာခဲ့တာပါ။ ဘုရား၊ တရားလုပ်တဲ့အကျိုး ကျေးဇူးလို့ပဲ ပြောရမှာပါ။ နောက်ပြီး စိတ်ထဲမှာ ဘယ်နေရာရောက်ရောက် တရားရှိပါလားဆိုတဲ့ သက်ဝင်ယုံကြည်မှုလည်း ပိုတိုးလာခဲ့ပါတယ်။

Q; ;ရုပ်ရှင်ကားတွေ ရုံတင်နေတဲ့အပေါ် အေမီဈာန်အနေနဲ့ ဘယ်လိုအကြံပြုချင်ပါသလဲရှင့်။

A; ; ဒါ့အပြင်ရုံတင်ကားလေးတွေကိုလည်း ပရိသတ်တစ်ယောက်ချင်းစီရဲ့ ရင်ထဲမှာ အနှစ်သာရ တစ်ခုခုကျန်ခဲ့မယ့် ဇာတ်ကားလေးတွေ ဖြစ်စေချင်ပါတယ်။ ရုပ်ရှင်ထုတ်လုပ်သူတွေကိုလည်း ဒီလိုမျိုးလေးတွေ ဖန်တီးရိုက်ကူးပြီး ရုံတင်ပေးစေချင်တဲ့ ဆန္ဒကလေးတော့ ညီမမှာရှိပါတယ်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com

Photo Credit: A Mi Zan (Fb)



[Zawgyi]

“မေလး႐ွားအခ်ဳပ္ထဲေရာက္ၿပီးမွ ဘယ္ေလာကဓံလာလာ ရင္ဆိုင္ႏိုင္တဲ့သတၱိစိတ္ေတြရလာခဲ့တယ္” ေအမီဈာန္(အဆိုေတာ္၊သ႐ုပ္ေဆာင္)



“Tonight u go out ဆိုတဲ့စကားကို ၾကားတဲ့အခ်ိန္မွာေတာ့ တစ္သက္တာမွာအရမ္းငိုခဲ့ရတဲ့ ညတစ္ညလို႔ ေျပာရင္လည္းမမွားပါဘူး”

“အစိုးမရအနတၱ”႐ုပ္႐ွင္ဇာတ္ကားႀကီး အထူးျပသသည့္ပြဲ( press show) သို႔ တက္ေရာက္လာသည့္ ေအမီဈာန္(အဆိုေတာ္၊ သ႐ုပ္ေဆာင္)ကို ေတြ႕ဆုံခိုက္ iMyanmarHouse.com ျမန္မာႏိုင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္းဝယ္ငွါး ဝဘ္ဆိုက္ webside က အခုလိုေမးျမန္းခဲ့တာေလးေတြကို တင္ဆက္လိုက္ပါတယ္ေနာ္။ ေအမီဈာန္က အခုဆိုရင္ first Date ဆိုတဲ့ အခ်စ္သီခ်င္းခ်ိဳခ်ိဳေလးကို သူမရဲ႕အသံေလးနဲ႔လိုက္ဖက္စြာ သီဆို႐ိုက္ကူးထားပါေသးတယ္။


Q; ; အနတၱဆိုတဲ့သေဘာတရားကို ေျပာျပေပးပါလား။ ဒီပြဲကိုေရာ တက္ျဖစ္တဲ့အေၾကာင္း အရာေလး႐ွိရင္လည္း ေျပာေပးပါဦးေနာ္။

A; ;အနတၱဆိုတာ ဗုဒၶရဲ႕လကၡဏာေရး သုံးပါးမွာ ေနာက္ဆုံးစကားလုံးျဖစ္တယ္ေပါ့ေနာ္။ အနိစၥ၊ ဒုကၡ၊ အနတၱ ဆိုတာေပါ့ေနာ္။ လက္႐ွိပစၥဳပၸန္အေျခအေနမွာလည္း ဘယ္အခ်ိန္ပဲ တရားနဲ႔စစ္စစ္ တကယ့္ကို ျဖစ္ေနတဲ့ အခ်ိန္ေပါ့ေနာ္။ ဆိုေတာ့ အဲ့စိတ္ကို ရည္႐ြယ္ၿပီး ဒီ႐ုပ္႐ွင္အထူးပြဲကို လာတက္ျဖစ္ပါတယ္႐ွင့္။ အနတၱ ဆိုတာ သူ႕သေဘာသူေဆာင္သြားတာေပါ့ေနာ္။ အတၱနဲ႔ဘာမွမဆိုင္ဘူး။ အတၱက ေလာင္ကြၽမ္းရတယ္။ ပူေလာင္ရတယ္။ အတၱရဲ႕သေဘာက ကိုယ္က်ိဳးအတြက္ပဲေပါ့ေနာ္။ အနတၱဆိုတာအရမ္းေလးနက္ပါတယ္။ ဥပမာေပါ့ ရာသီဥတုကိုၾကည့္လိုက္တယ္ မိုး႐ြာမယ္ဆိုရင္ ေျပာင္းလဲလို႔ရလား၊ မရပါဘူး၊ သူ႕သေဘာသူေဆာင္တာပါပဲ။ ဒါေလးကလည္း ၾကည့္လိုက္မယ္ဆိုရင္ အနတၱျဖစ္ေနတာပါပဲ။ ဒါ့ေၾကာင့္ ဒီဇာတ္ကားကလည္း ၾကည့္႐ႈသူအတြက္ တစ္ခုခုက်န္ခဲ့လိမ့္မယ္လို႔ ယုံၾကည္လို႔ ဒီပြဲကို လာေရာက္ျဖစ္တာပါ။ ဦးဝင္းၾကည္ကလည္းဖိတ္ၾကားတဲ့ အတြက္လာတက္ ျဖစ္တာပါ႐ွင့္။


Q; ; မေလး႐ွားမွာ ေဖ်ာ္ေျဖပြဲလုပ္ရင္း အဖမ္းခံခဲ့ရတဲ့အခ်ိန္နဲ႔ ျပန္လည္လြတ္ေျမာက္လာတဲ့အခ်ိန္ ခံစားခ်က္ေလးေတြလည္း သိခ်င္ပါတယ္။

A; ;မေလး႐ွားေရာက္သြားတဲ့အခ်ိန္ရယ္ ျဖစ္ပ်က္သြားၿပီးတဲ့အခ်ိန္မွာ ခံစားခ်က္က အရင္ထက္ပိုၿပီး စိတ္ခြန္အားေတြ ပိုေကာင္းလာတယ္။ တည္ၿငိမ္မႈလည္း ပိုရလာတယ္။ ဘယ္ေလာကဓံလာလာ ရင္ဆိုင္ႏိုင္တဲ့ စိတ္ေလးတစ္ခုေတာ့ ဒီခရီးစဥ္ေလးထဲကေန ရခဲ့ပါတယ္။ ဒါ့အျပင္သင္ခန္းစာလည္း ရခဲ့ပါတယ္။ ခြန္အားသစ္ေတြလည္း တိုးလာခဲ့ပါတယ္။ အိမ္ျပန္ေရာက္တဲ့ အခ်ိန္ထက္ အဲ့အခ်ိန္မွာ Tonight u go out ဆိုတဲ့စကားကို ၾကားတဲ့အခ်ိန္မွာေတာ့ တစ္သက္တာမွာ အရမ္းငိုခဲ့ရတဲ့ ညတစ္ညလို႔ ေျပာရင္လည္းမမွား ပါဘူး။ အရမ္းကို လိႈက္လိႈက္လွဲလွဲနဲ႔ ဝမ္းနည္းႀကီးစြာ ငိုခဲ့ရတာပါ။ အဲ့ေန႔က အဓိ႒ာန္ (၉) ရက္ေအာင္တဲ့ ေန႔ပါပဲ။ အဲဒီညမွာ ပထမဆုံး လူ (၂၀) ‌ေက်ာ္ထုတ္တဲ့ညမွာ မိန္းကေလး(၂) ေယာက္ပါပါတယ္။ အဲ (၂) ေယာက္ထဲမွာ ညီမပါလာခဲ့တာပါ။ ဘုရား၊ တရားလုပ္တဲ့အက်ိဳး ေက်းဇူးလို႔ပဲ ေျပာရမွာပါ။ ေနာက္ၿပီး စိတ္ထဲမွာ ဘယ္ေနရာေရာက္ေရာက္ တရား႐ွိပါလားဆိုတဲ့ သက္ဝင္ယုံၾကည္မႈလည္း ပိုတိုးလာခဲ့ပါတယ္။


Q; ;႐ုပ္႐ွင္ကားေတြ ႐ုံတင္ေနတဲ့အေပၚ ေအမီဈာန္အေနနဲ႔ ဘယ္လိုအၾကံျပဳခ်င္ပါသလဲ႐ွင့္။

A; ; ဒါ့အျပင္႐ုံတင္ကားေလးေတြကိုလည္း ပရိသတ္တစ္ေယာက္ခ်င္းစီရဲ႕ ရင္ထဲမွာ အႏွစ္သာရ တစ္ခုခုက်န္ခဲ့မယ့္ ဇာတ္ကားေလးေတြ ျဖစ္ေစခ်င္ပါတယ္။ ႐ုပ္႐ွင္ထုတ္လုပ္သူေတြကိုလည္း ဒီလိုမ်ိဳးေလးေတြ ဖန္တီး႐ိုက္ကူးၿပီး ႐ုံတင္ေပးေစခ်င္တဲ့ ဆႏၵကေလးေတာ့ ညီမမွာ႐ွိပါတယ္။


(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com

Photo Credit: A Mi Zan (Fb)
“မလေးရှားအချုပ်ထဲရောက်ပြီးမှ ဘယ်လောကဓံလာလာ ရင်ဆိုင်နိုင်တဲ့သတ္တိစိတ်တွေရလာခဲ့တယ်” အေမီဈာန်(အဆိုတော်၊သရုပ်ဆောင်) - Celebrity Interview on Property from iMyanmarHouse.com
“မလေးရှားအချုပ်ထဲရောက်ပြီးမှ ဘယ်လောကဓံလာလာ ရင်ဆိုင်နိုင်တဲ့သတ္တိစိတ်တွေရလာခဲ့တယ်” အေမီဈာန်(အဆိုတော်၊သရုပ်ဆောင်) - Celebrity Interview on Property from iMyanmarHouse.com
“မလေးရှားအချုပ်ထဲရောက်ပြီးမှ ဘယ်လောကဓံလာလာ ရင်ဆိုင်နိုင်တဲ့သတ္တိစိတ်တွေရလာခဲ့တယ်” အေမီဈာန်(အဆိုတော်၊သရုပ်ဆောင်) - Celebrity Interview on Property from iMyanmarHouse.com

Other Celebrity Interviews

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)