စိုင်းခွန်နောင် အိမ်ခြံမြေ ကုမ္ပဏီမှ ဆရာဦးစိုင်းခွန်နောင် (Managing Director) နှင့် တွေ့ဆုံမေးမြန်းခြင်း (ပထမပိုင်း) - Testimonial on Property from iMyanmarHouse.com
948 ကြိမ် ကြည့်ရှု့ ပြီး

စိုင်းခွန်နောင် အိမ်ခြံမြေ ကုမ္ပဏီမှ ဆရာဦးစိုင်းခွန်နောင် (Managing Director) နှင့် တွေ့ဆုံမေးမြန်းခြင်း (ပထမပိုင်း)

Interviewed by ယဉ်မွန်ထူး (iMyanmarHouse.com)

ကျွန်တော်နိုင်ငံခြားက ပြန်လာပြီး ဝယ်ရောင်းအနေနဲ့ စတင်ခဲ့ပါတယ်။ ကျွန်တော် နိုင်ငံခြားမှာ နေခဲ့တဲ့ အတွေ့အကြုံနဲ့ မြန်မာပြည်မှာလည်း တာဝန်ယူမှု တာဝန်ခံမှု ပိုများတဲ့ အကျိုးဆောင်တွေ ပိုများလာဖို့ ကြိုးစားမယ်ဆိုပြီး service company စဖွင့်ခဲ့ပါတယ်။လွန်ခဲ့တဲ့ နှစ်(၂၀) လောက်တည်းက ကုမ္ပဏီထောင်ပြီး ရောင်းသူ၊ ဝယ်သူတွေ ရောင်းမှား /ဝယ်မှား မဖြစ်အောင် တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့ အကျိုးဆောင်အနေနဲ့ ဒီနေ့အချိန်ထိ ရပ်တည်ခဲ့ပါတယ်။

အိမ်ခြံမြေမှာက ပိုင်ဆိုင်မှုအထောက်အထားတွေ ခက်ခဲတယ်၊ ရှုပ်ထွေးတယ်။ ရှုပ်ထွေးတယ်ဆိုတာက ခေတ်အဆက်ဆက် ပုံစံမတူတဲ့ ဂရန်တွေ ထုတ်ခဲ့ကြတော့ ဝယ်သူ၊ ရောင်းသူတွေက မှားတတ်ကြတယ်။ နောက်ပြီး ဒီလောကမှာက အတုတွေ လုပ်ရောင်းကြတယ်ဆိုတော့ ဒီအမှားမျိုးတွေ မကြုံရအောင် တာဝန်ယူရဲတဲ့ ကုမ္ပဏီအနေနဲ့ ရပ်တည်ခဲ့တယ်။


(iMyanmarHouse.com အား ဤကဲ့သို့ ထောက်ခံအားပေးချက်များ ပြုလုပ်လိုပါက ဆက်သွယ်နိုင်ပါသည်။ ဆက်သွယ်ရန် ဤနေရာ ကိုနှိပ်ပါ။)

အခြား ထောက်ခံအားပေးချက်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)