30 Nov 2022 11:15 am
ဆိပ်ကြီးခနောင်တို | ရန်ကုန်တိုင်းဒေသကြီး
မြေကွက် ၊ ခြံကွက်
26100 စတုရန်းပေ
200 သိန်း (ကျပ်)
ပိုင်ရှင်ကိုယ်တိုင်8 Nov 2022 1:34 pm
ဆိပ်ကြီးခနောင်တိုမြို့နယ်သည် ရန်ကုန်မြစ်၏ အနောက်တောင်ကမ်းပေါ်တွင်တည်ရှိပြီး ၅.၉ ကီလိုမီတာကျယ်ဝန်းသည် ။ မြို့နယ်၏မြောက်ဘက်တွင် ရန်ကုန်မြစ် ၊ အရှေ့ဘက်တွင် တွံ့တေးတူးမြောင်း ၊ အနောက်ဘက်နှင့် တောင်ဘက်တွင် တွံ့တေးမြို့နယ်တို့တည်ရှိသည် ။ ရပ်ကွက်ပေါင်း ၉ ခုဖြင့်ဖွဲ့စည်းထားသည့် ဆိပ်ကြီးခနောင်တိုသည် ရန်ကုန်မြို့လယ်နှင့်နီးကပ်ပေမယ့်လည်းရန်ကုန်မြစ်တစ်ဖက်ကမ်းခြားတွင်တည်ရှိပြီးတံတားတည်ဆောက်မှုမှရှိသေးသည့်အတွက် ဖွံ့ဖြိုးမှုနှေးကွေးလျက်ရှိနေသေးသည် ။ မြို့နယ်တွင် မူလတန်းကျောင်း ၁၆ ကျောင်းနှင့်အထက်တန်းကျောင်း ၁ ကျောင်းတို့တည်ရှိပြီး မြို့နယ်တွင်းနေထိုင်သူအများစုသည် နေ့စဉ် စက်လှေစီး၍ ရန်ကုန်ဖက်သို့ အလုပ်လုပ်ကိုင်ကြရသည် ။ အချုပ်အားဖြင့်ဆိုသော် ဆိပ်ကြီးခနောင်တိုမြို့နယ်သည် ရန်ကုန်တစ်ဖက်ကမ်းတွင်တည်ရှိသည့်အတွက်ကြောင့် သွားရေးလာရေးအနည်းငယ်ခက်ခဲသော်လည်းအနာဂတ်တွင် တံတားတည်ဆောက်ခဲ့ပါကဖွံ့ဖြိုးမှုအလားအလာရှိသောမြို့နယ်ကောင်းတစ်ခုဖြစ်ပေသည် ။
No (96-104), Room (6-A), Yadanar Myaing Condo, 19 Street(upper), Latha Township, Yangon.
Building(C),Room (104),Aung Chan Thar Housing,Shwe Gon Taing Road,Bahan Tsp,Yangon
No.104 , Yarzaa Dirit Road, 38 Ward, North Dagon Township, Yangon.