24 Nov 2023 6:37 am
23 Nov 2023 4:27 pm
22 Nov 2023 9:56 am
21 Nov 2023 1:42 pm
21 Nov 2023 10:05 am
21 Nov 2023 8:32 am
20 Nov 2023 9:52 pm
20 Nov 2023 4:52 pm
20 Nov 2023 3:50 pm
20 Nov 2023 11:59 am
20 Nov 2023 11:32 am
20 Nov 2023 9:16 am
20 Nov 2023 7:15 am
19 Nov 2023 8:23 pm
19 Nov 2023 9:49 am
19 Nov 2023 1:46 am
19 Nov 2023 1:43 am
16 Nov 2023 1:51 pm
16 Nov 2023 1:49 pm
16 Nov 2023 1:46 pm
ရန်ကုန်မြို့ရဲ့စည်ကားတဲ့ မြို့နယ်တွေထဲမှာ စမ်းချောင်းမြို့နယ်သည် တစ်ခုအပါအဝင်ဖြစ်ပြီး လူသွားလူလာ ၂၄ နာရီ မပြတ်သည့်မြို့နယ်ဟုဆိုနိုင်သည် ။ မြို့နယ်၏ မြောက်ဘက်တွင် ကမာရွတ်မြို့နယ် ၊ အရှေ့ဘက်တွင် ဗဟန်းမြို့နယ် ၊ အနောက်ဘက်တွင် ကြည့်မြင်တိုင်မြို့နယ် ၊ တောင်ဘက်တွင် ဒဂုံနှင့်အလုံမြို့နယ် တို့ဖြင့်ဝန်းရံတည်ရှိလျက်ရှိသည် ။ ဈေးဝယ်စင်တာ ၊ စူပါမားကတ် ၊ စီးတီမတ် ၊ စားသောက်ဆိုင်များ နှင့် ၂၄ နာရီဖွင့်သောဆိုင်များ ရှိသဖြင့် စမ်းချောင်းမြို့နယ်သည် စည်ကားနေရခြင်း ဖြစ်သည် ။ မြေနီကုန်းမီးပွိုင့်အနီးရှိ ဒဂုံစင်တာ ၊ ဒဂုံစင်တာ ၂ ၊ ဂမုန်းပွင့် ၊ စီတီးမတ် တို့သည် ရန်ကုန်မြို့တွင်း လူကြိုက်များသွားရောက်မှုများသည့် ဈေးဝယ်စင်တာများဖြစ်ပြီး အဆင့်မြင့်ရုပ်ရှင်ရုံများလည်းတည်ရှိသည် ။ ရန်ကုန်မြို့၏ အဓိကပြည်လမ်းမကြီးနှင့်လည်း နီးကပ်ထိဆက်သည့်မြို့နယ်ဖြစ်သလို ရပ်ကွက်တွင်း ရှည်လျားသော စမ်းချောင်းလမ်းမကြီးလည်းတည်ရှိသည် ။ စမ်းချောင်းလမ်းမကြီးသည် မြို့နယ်၏ရပ်ကွက်တွင်း ဆိုပေမယ့် အဝတ်အထည်ဆိုင်များ ၊ ဆိုင်ခန်းများ ၊ ရုံးခန်းအချို့နှင့် စားသောက်ဆိုင်များပေါများလွန်းသဖြင့် တိုးမပေါက်အောင်စည်ကားသောလမ်းမကြီးလည်းဖြစ်ပေသည် ။ ဗားကရာလမ်းမပေါ်တွင်တည်ရှိသည့် ကိုးထပ်ကြီးဘုရားသည်လည်း ရန်ကုန်မြို့တွင်း အထင်ကရ ကိုးကွယ်သည့် ဘုရားကျောင်းတစ်ခုဖြစ်သည် ။ ပညာရေးနှင့်ပတ်သက်လျင်လည်း စမ်းချောင်း အထက်တန်းကျောင်းများသည် အထင်ကရတစ်ခုအဖြစ်ပါဝင်ပြီး မူလတန်းကျောင်း ၁၇ ကျောင်း ၊ အလယ်တန်းကျောင်း ၂ ကျောင်းနှင်အထက်တန်းကျောင်း ၄ ကျောင်းတည်ရှိသည် ။ အချုပ်အားဖြင့်ဆိုသော် စမ်းချောင်းမြို့နယ်သည် လူနေထူထပ်ပြီး ရန်ကုန်မြို့၏ အစည်ကားဆုံးမြို့နယ်လို့ဆိုနိုင်သလို လူနေတိုက်ခန်းများ ၊ ကွန်ဒိုများ ၊ လုံးချင်းအိမ်များ ၊ ဆိုင်ခန်းနှင့်ရုံးခန်း ပေါများပြီး သွားလာရလွယ်ကူအဆင်ပြေသောမြို့နယ်ကောင်းတစ်ခုဖြစ်ပေသည် ။
Building(C),Room (104),Aung Chan Thar Housing,Shwe Gon Taing Road,Bahan Tsp,Yangon
No13,Myat lay Yone Street, Hlaing Township
No(1186),8th Floor(B),35 Quarter,Pinlon Road,North Dagon Township,Yangon.
No (96-104), Room (6-A), Yadanar Myaing Condo, 19 Street(upper), Latha Township, Yangon.