ပန်းပဲတန်းမြို့နယ်ရှိရောင်းရန်မြေကွက် ၊ ခြံကွက်များ

ပန်းပဲတန်းမြို့နယ်

ရန်ကုန်မြို့၏ downtown ၆ မြို့နယ်တွင် ပန်းပဲတန်းသည်လည်း အပါအဝင်ပင်ဖြစ်သည် ။ အကျယ်အဝန်းအားဖြင့် 0.76 ကီလိုမီတာရှိပြီး ကျောက်တံတားမြို့နယ် ၊ ဆိပ်ကမ်းမြို့နယ် ၊ လသာမြို့နယ်နှင့်ဒဂုံမြို့နယ်တို့ ဝန်းရံပေးထားသည့်မြို့နယ်ဖြစ်သည် ။ ပန်းပဲတန်းမြို့နယ်တွင် မူလတန်းကျောင်း ၃ ကျောင်း ၊ အလယ်တန်းကျောင်း ၃ ကျောင်းနှင့် အထက်တန်းကျောင်း ၃ ကျောင်းတည်ရှိသည့် မြို့နယ်ဖြစ်သည် ။ ပန်းပဲတန်းမြို့နယ်တွင်း ထူးချွန်သည့်ကျောင်းသား/သူများကို နှစ်စဉ်မွေးဖွားပေးလျက်ရှိသည့် ပန်းပဲတန်း အ.ထ.က(၂)သည် ရန်ကုန်မြို့နယ်တွင်းလူသိများသည့် အထက်တန်းကျောင်းတစ်ကျောင်းဖြစ်သည် ။ ကိုလိုနီခေတ်လက်ကျန် အဆောက်အဦးအချို့ကျန်ရှိသည့်မြို့နယ်များထဲတွင် ပန်းပဲတန်းမြို့နယ်သည်လည်း ပါအဝင်ပင်ဖြစ်သည် ။ ရန်ကုန်မြို့၏ အထင်ကရဟုဆိုနိုင်သည့် ဗိုလ်ချုပ်အောင်ဆန်းဈေး ၊ ရန်ကုန်မြို့တွင်ဈေးဝယ်ရန်အကြီးဆုံးကုန်တိုက်ဈေးလို့ဆိုနိုင်သည့် သိမ်ကြီးဈေးတည်ရှိသည့် မြို့နယ်ဖြစ်သည် ။ သွားလာရလွယ်ကူအဆင်ပြေသည့်နေရာကောင်းမြို့နယ် ဖြစ်ပြီး ရန်ကုန်မြို့၏အလွန်စည်ကားသောမြို့နယ်တစ်ခုတွင်ပါဝင်သည် ။ လူနေထူထပ်မှုနဲ့အတူ ကုန်သည်များ ၊ ဈေးဝယ်သူများအလွန်ပေါများပြီး မြို့နယ်တွင်းနေထိုင်သူများသည် တိုက်ခန်းနှင့်ကွန်ဒိုတွင်အများဆုံးနေထိုင်ပြီး လုံးချင်းအိမ်ဖြင့်နေထိုင်သူမှာ မရှိသလောက်ရှားသည် ။ အကြောင်းရင်းမှာမြို့တွင်းဧရိယာဖြစ်ပြီး အင်္ဂလိပ်ခေတ်လက်ထပ် ကတည်းက မြို့နယ်ကို စနစ်တကျ တိုက်ခန်းများဖြင့် အကွက်ကျကျ တည်ဆောက်ခဲ့ပြီး မြေကွက်အလွတ်များလည်းအလွန်ရှားပါးသည့်မြို့နယ်ဖြစ်သည် ။ ရှိခဲ့လျင်လည်း ယခုခေတ်ကလာဈေးဖြင့်ယှဉ်လျင် အလွန်ဈေးနှုန်းမြင့်သည့်နေရာတစ်ခုဖြစ်နေလိမ့်မည် ။ အချုပ်အားဖြင့်ဆိုသော် ပန်းပဲတန်းသည် ရန်ကုန်မြို့တွင်သတ်မှတ်ထားသော အဓိကမြို့နယ်များဖြစ်သည့် လသာ ၊ လမ်းမတော် ၊ ကျောက်တံတား ၊ ဗိုလ်တထောင်နှင့်ပုဇွန်တောင်မြို့နယ်များနည်းတူ ရှေးကျပြီးတန်းဖိုးရှိ သည့်လကျန်ဗိသုကာအဆောက်အဦးများနှင့်အင်္ဂလိပ်ခေတ်ယဉ်ကျေးမှုများကိုမြင်တွေ့နိုင်သောမြို့နယ်များ ဖြစ်ပေသည် ။