ကျောက်တန်းမြို့နယ်ရှိရောင်းရန်မြေကွက် ၊ ခြံကွက်များ

ကျောက်တန်းမြို့နယ်

ကျောက်တန်းမြို့နယ်သည် မြန်မာနိုင်ငံအောက်ပိုင်း ၊ ရန်ကုန်တိုင်းသေကြီးတောင်ပိုင်ခရိုင်တွင်တည်ရှိသော မြို့နယ်ဖြစ်သည် ။ မှော်ဝန်းမြစ်ထဲတွင် တန်း၍နေသောကျောက်တန်းကြီးကိုအစွဲပြုပြီးကျောက်တန်းဟုခေါ်တွင် စေခြင်းဖြစ်သည် ။ ကျောက်တန်းမြို့နယ်သည် တောင်နှင့်မြောက် မိုင် ၂၀ ၊ အရှေ့နှင့်အနောက် ၃၇ မိုင်ကျယ်ဝန်းပြီး ကျေးရွာပေါင်း ၆၄ ရွာဖြင့်ဖွဲ့စည်းထားသည် ။ ကျောက်တန်းမြို့ပေါ်တွင် မြို့ပိုင်ရုံး ၊ တရားသူကြီးရုံး ၊ ရဲဌာန ၊ စာပို့တိုက် ၊ ဆေးရုံနှင့်ဈေးများ ၊ မူလတန်းကျောင်း ၃ ကျောင်း ၊ အထက်တန်းကျောင်း ၁ ကျောင်း ၊ ဘုန်းကြီးကျောင်း ၂၁ ကျောင်းတည်ရှိသည် ။ ကျောက်တန်းမြို့နယ်တွင် နေထိုင်သောလူအများစုသည် စိုက်ပျိုးရေးနှင့်လယ်ယာလုပ်ငန်းများကိုလုပ်ကိုင်ကြသည် ။ ရန်ကုန်မြို့တွင်းနှင့်ယှဉ်လျင် လေကောင်းလေသန့်များရနိုင်ပြီးကျယ်ဝန်းသောလယ်မြေ ၊ မြေကွက် အများအပြားကျန်ရှိနေသေးသော မြို့နယ်တစ်ခုဖြစ်သည် ။