ထန်းတပင်မြို့နယ်ရှိရောင်းရန်အိမ်ခြံမြေများ

ထန်းတပင်မြို့နယ်

ထန်းတပင်မြို့နယ်သည် ရန်ကုန်မြို့၏ အနောက်ဘက်တွင်တည်ရှိပြီးကျေးရွာအုပ်စု ၅၉ အုပ်စုနှင့် ရွာပေါင်း ၂၃၀ တို့ဖြင့်ဖွဲ့စည်းထားသည် ။ လှိုင်မြစ် နှင့် ပန်းလှိုင်မြစ်တို့ဖြင့် ထိစပ်ေနေသာထန်းတပင်မြို့နယ်သည် အနောက်မြောက်ဖက်တွင် ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် ၊ အရှေ့မြောက်နှင့်အရှေ့ဖက်တို့တွင် တိုက်ကြီးမြို့နယ် ၊ အရှေ့ဖက်တွင် မှော်ဘီမြို့နယ်နှင့် ရွှေပြည်သာမြို့နယ် ၊ အရှေ့တောင်ဖက်တွင် လှိုင်သာယာမြို့နယ် ၊ အနောက်တောင်ဖက်တွင် တွံ့တေးမြို့နယ် ၊ အနောက်ဖက်တွင် ဧရာဝတီတိုင်းဒေသကြီးညောင်တုန်းမြို့နယ်နှင့် ဓနုဖြူမြို့နယ်တို့ဖြင့် ဝန်းရံတည်ရှိလျက်ရှိသည် ။ ထန်းတပင်မြို့နယ်တွင် စက်မှုဇုန်အတွက် အဓိကလိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ဖြန့်ဝေပေးသည့် ၂၇၀ မီဂ္ဂါဝပ်အားထုတ်လုပ်နိုင် သည့် ပါဝါစွမ်းအင်ရုံကြီးလည်းတည်ရှိသည် ။ အချုပ်အားဖြင့်ဆိုသော် ထန်းတပင်မြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီးနှင့်ရန်ကုန်မြို့အတွင်းအဓိကကုန်သွယ်မှုအခန်းကဏ္ဍတွင် အရေးပါသည့် မြို့နယ်တစ်ခု ဖြစ်သည် ။