သုံးခွမြို့နယ်ရှိငှါးရန်အိမ်ခြံမြေများ

သုံးခွမြို့နယ်

သုံးခွမြို့နယ်သည် ပဲခူးတိုင်းဒေသကြီး ၊ ဟံသာဝတီခရိုင် အရှေ့ပိုင်းတွင်တည်ရှိသောမြို့နယ်ဖြစ်သည် ။ ယခင်ကပဲခူးတိုင်းဒေသကြီးအတွင်းသတ်မှတ်ခဲ့သော်လည်းယခုအခါ ရန်ကုန်စည်ပင်သာယာရေးနယ်နမိတ် အတွင်းပါဝင်လာသည် ။ သုံးခွဟုဖြစ်လာရခြင်းအကြောင်းအရင်းမှာမှော်ဝင်ချောင်း ၊ ဥက္ကံချောင်း နှင့် နံယောချောင်း၊ ချောင်းသုံးချောင်းအဝတွင်တည်ရှိသောကြောင့် သုံးခွမြို့နယ်ဟုခေါ်တွင်လာခြင်း ဖြစ်သည် ။ မြို့နယ်တွင်းကျေးရွာပေါင်း ၁၇၄ ရွာရှိပြီးအထက်တန်းကျောင်း ၂ ကျောင်းအပြင် ဆေးရုံကြီးနှင့် မြို့နယ်စာတိုက်ရုံးများလည်းတည်ရှိသည် ။ မြို့ပေါ်တွင် ရှစ်မျက်နှာဘုရားနှင့် မြို့ဝင်ဝသွန်းဘုရားကြီးနှစ်ဆူတို့သည် မြို့နယ်၏ ထင်ရှားသောအထင်ကရဘုရားများဖြစ်ကြသည် ။ သုံးခွမြို့နယ်သည် ဆန်စပါးလုပ်ငန်းသည် အဓိကဖြစ်ပြီးဆားလုပ်ငန်း ၊ ပဲလုပ်ငန်း ၊ ဆန်းစက် ၊ ဆီစက်များဖြင့်အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီးရန်ကုန်မြို့၏ အားထားသောမြို့နယ်များထဲကတစ်ခုဖြစ်သည် ။