ရန်ကုန်တိုင်းဒေသကြီးရှိငှါးရန်တိုက်ခန်းများ

ရန်ကုန်တိုက်ခန်း အငှါးဈေးကွက်

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ရန်ကုန်မြို့ဟာ ၂၀၁၀ နောက်ပိုင်း လူနေမှု ပိုမိုထူထပ်လာပြီး မြန်မာနိုင်ငံရဲ့ အချက်အချာကျတဲ့ စီးပွားရေးမြို့တော်အဖြစ် ပိုပိုအရေးပါလာတယ် ။ နယ်ရှိလူတန်းစား တွေဟာလည်း ရန်ကုန်မြို့မှာ အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့အတွက် စွန့်စားလို့ လာရောက်နေ ထိုင်ကြပါတယ် ။ ဒါကြောင့် တိုက်ခန်းအငှား ဈေးကွက်တွေဟာလည်း ယခင်ထက် ပိုပြီးကျယ်ပြန့်လာ သလို အဆောင်နေဈေးကွက်ကလည်း ပိုပြီး ပေါများလာပါတယ်။

အဆောင်နေဈေးကွက်အနေနဲ့ လှည်းတန်း (ကမာရွတ်) မှာအလွန်ပေါများပြီး ကျန်မြို့နယ်များဖြစ်တဲ့ စမ်းချောင်းလမ်းမတော် မြို့နယ် တွေမှာလည်း ရှိကြသလို အချို့မြို့နယ်တွေမှာလည်း အနည်းငယ်ရှိတတ်ကြပါတယ် ။ ရန်ကုန်ရှိ တိုက်ခန်း ငှားရမ်းတဲ့သူတွေဟာ များသောအားဖြင့် နယ်မှ ရန်ကုန်ကိုကျောင်းလာတတ်သူများ ၊ အလုပ်လုပ်သူများ နှင့် ဝန်ထမ်းအချင်းချင်း ရင်းနှီးပြီး စုငှားနေထိုင်ကြသူများ ဖြစ်ကြပါတယ် ။ အချို့သော စီးပွားရေး လုပ်ငန်းရှင်တွေကလည်း ကိုယ်ပိုင် အိမ် ၊ ကိုယ်ပိုင် တိုက်ခန်းရှိပေမယ့် လုပ်ငန်းနှင့် သင့်တော်မယ့် တိုက်ခန်း တွေကို ငှားရမ်းကြတာမျိုးလည်း ရှိကြပါတယ် ။ ဆိုင်ခန်း ဖွင့်လိုတဲ့ လုပ်ငန်းရှင်များကတော့ မြေညီတိုက်ခန်း တွေကို ငှားရမ်းကြပြီး ၊ အသေးစား ရုံးလုပ်ငန်းကိုတော့ သင့်ေ တာ်တဲ့ အလွှာတွေမှာ တိုက်ခန်းကို အသီးသီးငှားရမ်းလို့ ရုံးဖွင့် ကြပါတယ် ။

တိုက်ခန်း ငှားရမ်းတဲ့အခါမှာ အနည်းဆုံး ၆ လ ၊ ၁ နှစ် ကနေ အများဆုံး ၅ နှစ်အထိ ငှားရမ်းလေ့ရှိကြောင်း သိရပါတယ် ။ ငှားရမ်းတဲ့အခါမှာ စပေါ်တင် ငှားရမ်းကြတာမျိုးရှိသလို ဈေးနှုန်းက ပုံမှန် နေထိုင်သူထက် သုံးပုံ တစ်ပုံလောက် သက်သာတတ်ပါတယ် ။ ဒါကလည်း ငွေကိုအလုံးလိုက် စပေါ်တင်ထားတဲ့အတွက်ကြောင့်လည်း ပါပါတယ် ။

တိုက်ခန်းငှားရမ်းဈေးနှုန်းကွာဟမှုမှာလည်း တိုက်ခန်းမှာပါရှိတဲ့ အခန်းဖွဲ့စည်းပုံ ၊ အဲယားကွန်း ပါဝင်မှုအပေါ်မူတည်ပြီးဈေးနှုန်းကွာဟမှုမျိုးရှိတတ်ကြပါတယ် ။ အလားတူ ငှားရမ်းရန်ရှိတဲ့ ရန်ကုန်တိုက်ခန်းများကိုလည်း iMyanmarHouse.com မှစုစည်းတင်ဆက် ပေးလိုက်ပါတယ်။