ဤကြော်ငြာမှာ သက်တမ်းကုန်သွားပါပြီ။
လက်ထဲရှိတဲ့ငွွေပိုကို ငွေသားအဖြစ်မထားချင်ဘဲ အနာဂတ်တွင် ငွေတိုးပွားရန်သေချာတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး လုပ်ထားချင်သူများအတွက် ရန်ကုန် အရှေ့ဒဂုံမြို့နယ် 139 ရပ်ကွက်မှာ ပိုင်ဆိုင်မှုခိုင်မာ အရှုပ်ရှင်းလုံးဝ ကင်းပြီး ဈေးလည်းတန်တဲ့ မြေကွက်ကောင်း 2 ကွက် ပိုင်ရှင်ကိုယ်တိုင် အရောင်း
မြေကွက်မျက်နှာလှည့် - မင်္ဂလာရှိ၍ စီးပွားတက်သောအရှေ့လည့်တစ်ကွက်, မြောက်လှည့် တစ်ကွက် (မျက်နှာချင်းဆိုင်က နောင်အခါ ဈေး (သို့) ကျောင်းဆောက်ဖို့ လျာထားတဲ့ပလပ်မြေကွက်ကြီး)
မြေအမျိုးစား - ပါမစ် (မူရင်း)
ဈေး - တစ်ကွက် 89 သိန်းစီ (ငွေသားသီးသန့်), နှစ်ကွက်လုံးတခါထဲဝယ်ရင် အထူးဈေးနဲ့ ရောင်းပေးမှာပါ
အားသာချက်
---------------
- 139 ရပ်ကွက်က ဒဂုံ တက္ကသိုလ်ရဲ့ အနောက််မုဒ်ဦးအထွက်မှာ ရှိတာမို့ နေရာအလွန်ကောင်းပါတယ်
- ရပ်ကွက်မိန်းလမ်းမကြီးကနေ မြောက်ဥက္ကလာကို တိုက်ရိုက်လမ်းဖောက်ဖို့ စီမံကိန်းရှိပြီးသားမို့ မဝေးတော့တဲ့ တစ်ချိန်ကျ လူစည်ကား၍ မြေကွက်တန်ဖိုး တရှိန်ထိုး တက်လာမှာပါ
- ပါမစ်မူရင်းမို့ ဝယ်သူအမည်ပေါက် ဂရမ်ဖောက်တဲ့အခါ အခွန်ဆောင်စရာ မလိုပါဘူး
- မြေကွက်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း မှန်ကန်စိတ်ချရမှုကို ရောင်းသူမှ100% အာမခံပါတယ် (အိုးအိမ် နဲ့ စည်ပင်မှာ ဝယ်သူစိတ်တိုင်းကျ စစ်ဆေးလို့ရ)
အားနည်းချက်
----------------
- မီးမရသေး, လမ်းအမည်တွေ မပေးရသေးပါ
- ရပ်ကွက်က ခုချိန် မဖွံ့ဖြိုးသေးလို့ လောလောဆယ် လူနေထိုင်လို့ မရနိုင်သေးပါ (ဖွံ့ဖြိုးပြီး လူစနေထိုင်လို့ ရတဲ့ရပ်ကွက်ဆိုလည်း ဈေးက အနည်းဆုံး သိန်း 200 ကျော် ရှိပါတယ်)