ဤကြော်ငြာမှာ သက်တမ်းကုန်သွားပါပြီ။
#HSH-2108-39
စျေးတန်တန်ဂရန်မြေကွက်လေးတစ်ကွက် ရောင်းပါရစေ 🙏🙏🙏
ဂရန်အမည်ပေါက်မပြောင်းရသေးပေမယ့် Special Power ယူထားပြီးဖြစ်ပါသည်။ မြေပုံရာဇဝင်လည်းထုတ်ထားပြီး အရှုပ်အရှင်းကင်းပါတယ်။
Payment (Cash တစ်ဝက် + Bank Transfer တစ်ဝက်) အဆင်ပြေအောင်ညှိနှိုင်းဆောင်ရွက်ပေးပါမည်။
လူနေဖို့နဲ့ ရုံးလေးဆောက်ရန် အဆင်ပြေစေတဲ့ မြေကွက်လေးဖြစ်ပါတယ်။
မြေကွက်လေးရဲ့တည်နေရာကတော့ ရန်ကုန်တိုင်း သာကေတမြို့နယ် ရတနာအိမ်ယာဝန်းအတွင်းဖြစ်ပါတယ်။ တိုင်းရင်းသားကျေးရွာအနီး ရတနာလမ်းမကြီးဘေးကပ်တွင်တည်ရှိပါတယ်။
ရတနာအိမ်ယာသည် လူနေအိမ်ယာဝန်းတစ်ခုဖြစ်ပြီး ၂၄ နာရီလုံခြုံရေးရှိခြင်း၊ အေးချမ်းစိတ်ငြိမ်သော ပတ်ဝန်းကျင်ကောင်းရှိခြင်း၊ သွားလာရလွယ်ကူခြင်းတို့ဖြင့် ပြည်စုံသောနေရာဖြစ်ပါတယ်။ အိမ်ယာဝန်းအတွင်းတွင် ပန်းခြံ၊ ဓမ္မာရုံနှင့် အရေးပေါ်မီးသတ်ကန်လည်းရှိပါတယ်။
ခြံတည်နေရာရဲ့ အားသာချက်ကတော့ ရန်ကုန်မြို့တွင်းသို့သွားလျှင် ၁၅ မိနစ်ကားမောင်းရုံနှင့် ဆူးလေဘုရား၊ ဗိုလ်တစ်ထောင်ဘုရား၊ Junction City နှင့် Downtown Area သို့ရောက်ရှိနိုင်ပါတယ်။ ပြီးလျှင် အထပ်မြင့်တိုက်ကြီးများရှိနေသော ရတနာနှင်းဆီအိမ်ယာ၊ ဧရာချမ်းသာအဆင့်မြင့် ကွန်ဒိုများနှင့် အနီးဆုံးနေရာတွင်တည်ရှိပါတယ်။
ခြံအတွင်းသို့ YCDC Domestic Water (စည်ပင်ဂျိုးဖြူရေ ရောက်ရှိပြီး) ဖြစ်ပါတယ်။ လျှပ်စစ် Meter ကတော့ လူမနေရသေးသောကြောင့် မလျှောက်ထားရသေးပါ။ သို့သော် မီတာလျှောက်မည်ဆိုပါက အိမ်ယာကော်မတီ၏အကူအညီဖြင့် တစ်လအတွင်း အမြန်ဆုံးတပ်ဆင်နိုင်ပါတယ်။
ခြံအတွင်းခြံစည်းရိုးအုတ်တံတိုင်းကာရံထားရှိပြီး မြေလည်း ၂ ပေခွဲလောက်ဖို့ထားပြီးဖြစ်ပါတယ်။
ခြံအကျယ် - 9,695 sqft (ဂရန်ပါ အတိုင်းအတာဖြစ်ပြီး မြေပြင် Survey Data အရ sqft 10,000 ကျော်ကျော်ရှိပါတယ်။
ထို့အပြင် အိမ်ယာဝန်းမှတရားဝင်ပေးထားသော မြေပို 3,200 sqft သည်အပိုပါရှိပါတယ်။ မြေပိုနေရာအတွက် Landscaping Design လည်းယာထားပြီးဖြစ်ပါတယ်)
ရောင်းစျေး - 1 sqft 63,000 ks x 9,695 sqft - 610,785,000 ks
မိတ်ဆွေ တည့်တည့်ဆိုင်ဆိုင်ဆိုပါက စျေးနှုန်းညှိနှိုင်းပေးပါမည် 🙏🙏🙏
စိတ်ဝင်စားရင် အရင်ဆုံး လက်ဦးမှု ရယူဖို့ အမြန်ဆုံး ဆက်သွယ်လိုက်ပါ !!!
09 975262252,09 952202779
Email : tommy@hshco.ltd
Gmail : hshmyanmar@gmail.com
မြို့နယ်စုံ လုံးချင်း၊ ကွန်ဒို တိုက်ခန်း၊ မြေကွက်၊ စက်မှုဇုန်မြေများကို အ ရောင်း/အငှါး ပြုလုပ်လိုပါက တိုက်ရိုက်ဆက်သွယ် အပ်နှံ နိုင်ပါသည်။
အကျိုးဆောင်များလည်း အကျိုးတူလုပ်ဆောင်နိုင်ပါသည်။
ဤကြော်ငြာကို နှစ်သက်သူများ => (0) ဦး