ဤကြော်ငြာမှာ သက်တမ်းကုန်သွားပါပြီ။
* ကျွန်းလျှာထိုး အပေါ်ထပ်အပြည့်ခင်း * အိပ်ခန်း မာစတာ ၁ ခန်း၊ ရိုးရိုး ၁ ခန်း (အပေါ်ထပ်မှာရော အောက်ထပ်မှာပါ အခန်းထပ်ဖွဲ့ရန် နေရာလွတ်များစွာရှိသည်) * ရေချိုးခန်း ၂ ခန်း (တစ်ထပ်လျှင် တစ်ခန်းစီ) * အိမ်သာ ၂ လုံး (တစ်ထပ်လျှင် တစ်လုံးစီ) * ၂၀၂၁ ဇန်နဝါရီတွင် အသစ်နီးပါး အလုံးစုံပြင်ဆင်ပြီး * ဟောင်ကောင် ၂ လွှာပုံစံ (ထပ်ခိုးမဟုတ်ပါ၊ အပေါ်ထပ်နှင့် အောက်ထပ် အကျယ်တူ အမြင့်တူ၊ တစ်ထပ်၀ယ်ရင် နောက်တစ်ထပ်အပိုရမည်၊ ရေချိုးခန်း အိမ်သာ ၂ စုံပါသည်၊ အိမ်ရှင်က အပေါ်ထပ်မှာနေပြီး အောက်ထပ်ကို အိမ်ငှား သို့မဟုတ် ရုံးခန်း ငှားထားနိုင်သည်) * ရေ၊မီးကောင်း (တခြားမြို့နယ်တွေ မီးပျက်ရင်တောင် ဒီမှာ တော်ရုံတန်ရုံ မပျက်ပါ၊ ရေကြည်သည်၊ မစေးပါ၊ ခလုတ်တစ်ချက်ဖွင့်ရုံဖြင့် ရေလာသည်) * ကားမှတ်တိုင်နီး (အနော်ရထာလမ်းမဘက်သို့ထွက်လျှင် လမ်းထိပ်မှာ ဘားလမ်းမှတ်တိုင်၊ ဆူးလေမှတ်တိုင်သို့ ၅ မိနစ်လမ်းလျှောက်ရုံသာ၊ ဆူးလေမြို့တော်ခန်းမှရှေ့မှာ အောင်မဂ်လာအဝေးပြေးသို့ ပြေးဆွဲသော တစ်ဦးလျှင် ၁၀၀၀ ကျပ်သာပေးရသည့် လိုင်းကားများရှိသည်၊ လေဆိပ်သို့သွားလိုလျှင် လေဆိပ် - ဆူးလေ ဘတ်စ်ကားများမှာ တစ်ဦးလျှင် ၅၀၀ ကျပ်သာ ကျသင့်သည်) * စျေးနီး (၃၈လမ်းစျေးသို့ ၅ မိနစ်လျှောက်၊ ချမ်းမြေ့စျေးသို့ ၈ မိနစ်လျှောက်၊ ဘိုကလေးစျေးသို့ ၁၅ မိနစ်လျှောက်၊ ကုန်ဈေးတန်း/သိမ်ကြီးစျေးသို့ ၁၅ မိနစ်လျှောက် သို့မဟုတ် ဘတ်စ်ကား ၂မှတ်တိုင်စီးရုံသာ) * ဈေး၀ယ်စင်တာနီး (Ruby Mart, Fuji Mart, Sule Square, ဘိုကလေးဈေးဂမုန်းပွင့်၊ သိမ်ကြီးဈေး ဂမုန်းပွင့်) * ဘူတာနီး (လမ်းထိပ် - ဗိုလ်ချုပ်လမ်းမဘက်ထွက်လိုက်သည်နှင့် ရန်ကုန်ဘူတာကြီးသို့ရောက်သည်) * စာသင်ကျောင်းနီး (၅ မိနစ် လျှောက်ရုံသာ) * ဆေးရုံနီး (အနော်ရထာလမ်းမဘက်သို့ ထွက်ပြီးလမ်းကူးလိုက်လျှင် မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ နှင့် အစိုးရ ဒေသန္တရဆေးခန်း၊ ရန်ကုန်ဆေးရုံကြီးသို့ ၁၅ မိနစ်ခန့်လျှောက် သို့မဟုတ် ဘတ်စ်ကား ၃ မှတ်တိုင်စီး - လသာ သို့မဟုတ် ၁၅ လမ်းမှတ်တိုင်ဆင်း) * ဘုရားနှင့် ဘာသာရေးအဆောက်အအုံများနီး (၅ မိနစ်ခန့်လျှောက်ရင် ဆူးလေမှတ်တိုင်မှာ ဆူးလေဘုရား၊ ဧမာနွေလ ဘုရားကျောင်း နှင့် ဗလီရှိသည်၊ ပန်းဆိုးတန်းလမ်းထိပ်တွင် ဟိန္ဒူ ဘုရားကျောင်းရှိသည်၊ ၇ မိနစ်ခန့်လျှောက်ရင် ဗိုလ်အောင်ကျော် လမ်းထိပ်မှာ စိန့်မေရီ ကတ်သလစ် ဘုရားကျောင်းရှိသည်) * လူမပြတ်သော၊ လူစည်ကားသော လမ်းဖြစ်သည် * လူသန့်သော၊ စည်းကမ်းရှိသော၊ မစပ်စုသော မိသားစုများသာ တိုက်တွင် နေထိုင်ကြသည်၊ မစပ်စုသော်လည်း ကူညီလိုစိတ် အမြဲရှိကြသည် ဒီလောက်အဆင်ပြေနေရင် ဘာလို့ရောင်းမှာလဲ (ထည့်သွင်းစဥ်းစားရန်အချက်များ) * တတိယထပ်ဖြစ်သည် * အိမ်ကို သာမန်သာပြင်ထားသည်၊ အိမ်တွင်းအလှဆင် အကြီးစားပြင်ဆင်မှုမျိုး မလုပ်ထားပါ၊ မိမိစိတ်ကြိုက် ပြင်နိုင်သည် * အိမ်ရှင်များမှာ အသက်ကြီးလာပြီဖြစ်၍ ဆွေမျိုးအိမ်များနှင့် နီးသောမြို့နယ်တွင် ပထမထပ်ခန့် ပြောင်းရွှေ့လိုသည် * အိမ်ဓါတ်ပုံ မရိုက်ရသေးပါ (စိတ်၀င်စားရင် အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်ပါက Viber မှ ပုံပို့ပေးမည်) * အိမ်ရှင်ကိုယ်တိုင် ဖြစ်သည်၊ နံနက် ၇နာရီမှ ည၉နာရီအတွင်း ဆက်သွယ်နိုင်သည် * အိမ်လာကြည့်လိုလျှင် ၃ နာရီ ကြိုချိန်းပါ * Bank transfer တစ်ဝက် ငွေသားတစ်ဝက်ဖြင့် ပေးချေနိုင်သည် (Bank transfer 100% မရပါ)
ဤကြော်ငြာကို နှစ်သက်သူများ => (0) ဦး