ဤကြော်ငြာမှာ သက်တမ်းကုန်သွားပါပြီ။
လှိုင်မြို့နယ်၊ (၇) ရပ်ကွက်၊ မြတ်လေးရုံလမ်းတွင်
မြေညီထပ် + ထပ်ခိုးအပြည့် အသင့်ပြင်ဆင်ပြီးတိုက်ခန်း
ပတ်ဝန်းကျင် လူနေသန့်၍ အေးချမ်းတိတ်ဆိတ်သည်။ အင်းစိန်လမ်း၊ ကမာရွတ်ဘူတာရုံလမ်း၊ ဗဟိုလမ်း၊ သုခလမ်း၊ ဘုရင်နောင်လမ်းတို့သို့ အလွယ်တကူသွားနိုင်သည်။ ကမာရွတ်ဈေးကြီး၊ ဗဟိုလမ်း Orange၊ အထကကျောင်းများ၊ စားသောက်ဆိုင်၊ ဆေးဆိုင်များ စုံလင်စွာရှိသည်။
အလျား၅၅ပေ၊ အနံ၁၇.၅ပေ မြေညီနှင့်ထပ်ခိုးအပြည့် (စုစုပေါင်း ၂ လွှာ) ပေ၄၀xေပ၆၀ လုံးချင်းအိမ် တစ်လုံးစာ ရှိပါသည်။ (လက်ရှိ မိသားစုနေထိုင်လျက်ရှိပါသည်) အိမ်ရှေ့တွင်ကားတစ်စီး၊ အိမ်ထဲတွင် ကားတစ်စီးထားနိုင်သည်။
မြေညီတွင် အိပ်ခန်း (၁) ခန်း (အလျား၁၂ပေxအနံ၉.၅ပေ ကျယ်ဝန်းသည်) နှင့် ထမင်းစားခန်း ပါဝင်သည်။ မီးဖိုချောင်နှင့် အိမ်သာ/ရေချိုးခန်းပါသည်။
အပေါ်ထပ်တွင် အိပ်ခန်းကြီး (၁) ခန်း(အလျား၁၈ပေxအနံ၁၃.၅ပေ ကျယ်ဝန်းသည်)၊ ကလေးအတွက် အိပ်ခန်း+စာကြည့်ခန်းတွဲလျက် (အလျား၁၈ပေxအနံ၉ပေ ကျယ်ဝန်းသည်)ပါသည်။ လှေခါးထိပ် တွင် Private Living Area ရှိသည်။ အပေါ်ထပ်တွင်လည်း အိမ်သာ/ရေချိုးခန်းပါရှိပြီး၊ Gym Corner လုပ်နိုင်သော နေရာလွတ် ရှိသည်။
အိပ်ခန်းကြီးတွင် Air Con (၂) လုံး၊ ကလေးခန်းတွင် Air Con (၁) လုံး စုစုပေါင်း Air Con (၃) လုံး ပါရှိသည်။အပေါ်ထပ်တစ်ခုလုံး ခြင်လုံသံဇကာများ တပ်ထားပါသည်။ နောက်ဖက်ကော်ရစ်ဒါတွင် သံပန်းအပြည့်တပ်ထားပြီး အဝတ်လျှော်စက်ထားရန်နှင့် အဝတ်လှန်းရန် ကျယ်ဝန်းသော နေရာရှိသောကြောင့် ပြီးပြည့်စုံသော နေထိုင်မှုကို ရရှိစေရန် အာမခံပါသည်။
Developer ထံမှ တိုက်ရိုက်ဝယ်ထားသော အခန်းဖြစ်ပြီး အရှုပ်အရှင်းကင်းပါသည်။
ဤကြော်ငြာကို နှစ်သက်သူများ => (11) ဦး
လစဉ် ငွေပေးချေမှု | 2,528,398 |
ချေးငွေ ပမာဏ | 119,000,000 |
စုစုပေါင်း ပေးချေရမည့်ငွေ | 151,703,880 |
အတိုးနှုန်း | 10% |
ချေးယူမည့် နှစ်ပမာဏ | 5 years |