ဤကြော်ငြာမှာ သက်တမ်းကုန်သွားပါပြီ။
* ကျွန်းလျှာထိုး အပေါ်ထပ်အပြည့်ခင်း
* အိပ်ခန်း ၁ ခန်း (အပေါ်ထပ်မှာရော အောက်ထပ်မှာပါ အခန်းထပ်ဖွဲ့ရန် နေရာလွတ်များစွာရှိသည်)
* ရေချိုးခန်း ၂ ခန်း (တစ်ထပ်လျှင် တစ်ခန်းစီ)
* အိမ်သာ ၂ လုံး (တစ်ထပ်လျှင် တစ်လုံးစီ)
* ဟောင်ကောင် ၂ လွှာပုံစံ (ထပ်ခိုးမဟုတ်ပါ၊ အပေါ်ထပ်နှင့် အောက်ထပ် အကျယ်တူ အမြင့်တူ၊ တစ်ထပ်၀ယ်ရင် နောက်တစ်ထပ်အပိုရမည်၊ ရေချိုးခန်း အိမ်သာ ၂ စုံပါသည်၊ အိမ်ရှင်က အပေါ်ထပ်မှာနေပြီး အောက်ထပ်ကို အိမ်ငှား သို့မဟုတ် ရုံးခန်း ငှားထားနိုင်သည်)
* ရေ၊မီးကောင်း (တခြားမြို့နယ်တွေ မီးပျက်ရင်တောင် ဒီမှာ တော်ရုံတန်ရုံ မပျက်ပါ၊ ရေကြည်သည်၊ မစေးပါ၊ ခလုတ်တစ်ချက်ဖွင့်ရုံဖြင့် ရေလာသည်)
* ကားမှတ်တိုင်နီး (အနော်ရထာလမ်းမဘက်သို့ထွက်လျှင် လမ်းထိပ်မှာ ဘားလမ်းမှတ်တိုင်၊ ဆူးလေမှတ်တိုင်သို့ ၅ မိနစ်လမ်းလျှောက်ရုံသာ၊ ဆူးလေမြို့တော်ခန်းမှရှေ့မှာ အောင်မဂ်လာအဝေးပြေးသို့ ပြေးဆွဲသော တစ်ဦးလျှင် ၁၀၀၀ ကျပ်သာပေးရသည့် လိုင်းကားများရှိသည်၊ လေဆိပ်သို့သွားလိုလျှင် လေဆိပ် - ဆူးလေ ဘတ်စ်ကားများမှာ တစ်ဦးလျှင် ၅၀၀ ကျပ်သာ ကျသင့်သည်)
* စျေးနီး (၃၈လမ်းစျေးသို့ ၅ မိနစ်လျှောက်၊ ချမ်းမြေ့စျေးသို့ ၈ မိနစ်လျှောက်၊ ဘိုကလေးစျေးသို့ ၁၅ မိနစ်လျှောက်၊ ကုန်ဈေးတန်း/သိမ်ကြီးစျေးသို့ ၁၅ မိနစ်လျှောက် သို့မဟုတ် ဘတ်စ်ကား ၂မှတ်တိုင်စီးရုံသာ)
* ဈေး၀ယ်စင်တာနီး (Ruby Mart, Fuji Mart, Sule Square, ဘိုကလေးဈေးဂမုန်းပွင့်၊ သိမ်ကြီးဈေး ဂမုန်းပွင့်)
* ဘူတာနီး (လမ်းထိပ် - ဗိုလ်ချုပ်လမ်းမဘက်ထွက်လိုက်သည်နှင့် ရန်ကုန်ဘူတာကြီးသို့ရောက်သည်)
* စာသင်ကျောင်းနီး (၅ မိနစ် လျှောက်ရုံသာ)
* ဆေးရုံနီး (အနော်ရထာလမ်းမဘက်သို့ ထွက်ပြီးလမ်းကူးလိုက်လျှင် မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ နှင့် အစိုးရ ဒေသန္တရဆေးခန်း၊ ရန်ကုန်ဆေးရုံကြီးသို့ ၁၅ မိနစ်ခန့်လျှောက် သို့မဟုတ် ဘတ်စ်ကား ၃ မှတ်တိုင်စီး - လသာ သို့မဟုတ် ၁၅ လမ်းမှတ်တိုင်ဆင်း)
* ဘုရားနှင့် ဘာသာရေးအဆောက်အအုံများနီး (၅ မိနစ်ခန့်လျှောက်ရင် ဆူးလေမှတ်တိုင်မှာ ဆူးလေဘုရား၊ ဧမာနွေလ ဘုရားကျောင်း နှင့် ဗလီရှိသည်၊ ပန်းဆိုးတန်းလမ်းထိပ်တွင် ဟိန္ဒူ ဘုရားကျောင်းရှိသည်၊ ၇ မိနစ်ခန့်လျှောက်ရင် ဗိုလ်အောင်ကျော် လမ်းထိပ်မှာ စိန့်မေရီ ကတ်သလစ် ဘုရားကျောင်းရှိသည်)
* လူမပြတ်သော၊ လူစည်ကားသော လမ်းဖြစ်သည်
* လူသန့်သော၊ စည်းကမ်းရှိသော၊ မစပ်စုသော မိသားစုများသာ တိုက်တွင် နေထိုင်ကြသည်၊ မစပ်စုသော်လည်း ကူညီလိုစိတ် အမြဲရှိကြသည်
ဒီလောက်အဆင်ပြေနေရင် ဘာလို့ရောင်းမှာလဲ (ထည့်သွင်းစဥ်းစားရန်အချက်များ)
* တတိယထပ်ဖြစ်သည်
* အိမ်ကို သာမန်သာပြင်ထားသည်၊ အိမ်တွင်းအလှဆင် အကြီးစားပြင်ဆင်မှုမျိုး မလုပ်ထားပါ၊ မိမိစိတ်ကြိုက် ပြင်နိုင်သည်
* အိမ်ရှင်များမှာ အသက်ကြီးလာပြီဖြစ်၍ ဆွေမျိုးအိမ်များနှင့် နီးသောမြို့နယ်တွင် ပထမထပ်ခန့် ပြောင်းရွှေ့လိုသည်
* အိမ်ရှင်ကိုယ်တိုင် ဖြစ်သည်၊ နံနက် ၇နာရီမှ ည၉နာရီအတွင်း ဆက်သွယ်နိုင်သည် (Phone: 09972267310)
* အိမ်လာကြည့်လိုလျှင် ၃ နာရီ ကြိုချိန်းပါ၊ အလုပ်မှ ပြောပြီး ထွက်လာရမှာ ဖြစ်သည့်အတွက် အချိန်တိကျစေလိုပါသည်။
ဤကြော်ငြာကို နှစ်သက်သူများ => (2) ဦး