22 BMS Mini-Condo For Sale

ပုံကြီးချဲ့ရန် နှိပ်ပါ

ကြော်ငြာပိုင်ရှင်သို့ ဆက်သွယ်ရန်နှိပ်ပါ

တောင်ဥက္ကလာပ | ရန်ကုန်တိုင်းဒေသကြီး

 ကွန်ဒို  ၂ လွှာ  2 ခန်း  2 ခန်း

ဈေးနှုန်း

850 သိန်း (ကျပ်)


👉ရန်ကုန်မှာ ဓာတ်လှေကားနဲ့တိုက်ခန်းလေး တစ်ခန်း ရှာနေရင်တော့ ဒီအခန်းအကြောင်းလေးကို ခဏလေးဖတ်လိုက်ပါ 👈 (Unicode)
ဒီအခန်းလေးက ကိုယ်နေဖို့အတွက် အကောင်းဆုံးအခန်းလေးဖြစ်နိုင်ပါတယ်..
အကောင်းဆုံးအခန်းလေးဖြစ်လာနိုင်တယ်လို့ ပြောနိုင်တာ အကြောင်းပြချက် (၆)ချက်ရှိပါတယ်..
🔰အကောင်းဆုံးငွေပေးချေမူ (Payment Plan)
🔰ကိုယ့်ရဲ့ ပေးထားတဲ့ငွေမဆုံးရှုံးဖို့အတွက် ကျွန်တော်တို့ရဲ့ အာမခံ နဲ့ကတိ
🔰ဥပဒေနဲ့ အညီ ဝယ်သူနဲ့ ရောင်းသူအတွက် တရားမျှမျှတတနဲ့ချုပ်ဆိုထားတဲ့ စာချုပ်
🔰တိုက်ရေရှည်ခိုင်ခံ့မူအတွက် အရည်အသွေးမခိုပဲဆောက်ထားခြင်း
🔰တိုက်ခန်းအတွင်း Decoration အာမခံ
🔰ပြန်ပြင်ဖို့မလိုအောင် ပြင်ဆင်ပေးထားတဲ့ အခန်းတွင်းပြင်ဆင်မူ (Decoration)
အချက်တွေကို တစ်ခုချင်းဆီရှင်းပြပေးပါမယ်
1️⃣ အကောင်းဆုံးငွေပေးချေမူ (Payment Plan)
အရင်ဆုံး ကနေဦးသွင်းငွေ ၃၀ ရာခိုင်နှုန်းကိုတစ်ခါထဲပေးစရာမလိုပါဘူးခင်ဗျာ..
၁၅% ၂ခါကို ၂လအတွင်းပေးချေလို့ရပါတယ်
ကျန်တဲ့ သွင်းငွေ ၇၀%ကို လ ၃၀ အရစ်ကျ အတိုးလုံးဝမပါပဲသွင်းရပါတယ်ခင်ဗျာ
နှစ်ရှည်ပေးချင်တယ်ဆိုရင်ကော?
ကိစ္စမရှိပါဘူး.
ကျွန်တော်တို့က AYA bank နဲ့ CB Bankက ယုံကြည်စွာအပ်ထားတဲ့ Dealer တစ်ယောက်ပါ.
ဘဏ်နဲ့ ၂၅နှစ်အထိ ချိတ်ပြီးပေးလို့ရပါတယ်.
ဘဏ်နဲ့ချိတ်ရင်တောင် ပထမဦးဆုံး လ ၃၀ ကိုကျွန်တော်တို့နဲ့ အတိုးမဲ့ပေးသွားလို့ရပါတယ်။
2️⃣ ကိုယ့်ရဲ့ ပေးထားတဲ့ငွေမဆုံးရှုံးဖို့အတွက် ကျွန်တော်တို့ရဲ့ အာမခံ နဲ့ကတိ
တိုက်ခန်းမပြီးလို့၊ အကြောင်းအမျိုးမျိုးကြောင့် BCC မကျရင် သွင်းထားတဲ့ငွေအားလုံးအပြင်နောက်ထပ် ၅၀% ပါထပ်ပေးပါမယ်
ငွေသွင်းနေတုန်း အကြောင်းအမျိုးမျိုးကြောင့် ဆက်မသွင်းနိုင်ခဲ့ရင် ညှိညှိနှိုင်းနှိုင်းနဲ့ အဆင်ပြေအောင်ပြန်လုပ်ပေးပါတယ်။
3️⃣ ဥပဒေနဲ့ အညီ ဝယ်သူနဲ့ ရောင်းသူအတွက် တရားမျှမျှတတနဲ့ချုပ်ဆိုထားတဲ့ စာချုပ် နဲ့ အထောက်အထား
ဒီတိုက်ခန်းလေးကို မိတ်ဆွေ ယုံကြည်ပြီး စိတ်အေးလက်အေးဝယ်လို့ရအောင် ကျွန်တော်တို့ဘက်က ခိုင်မာတဲ့ စာချုပ်ချုပ်ပေးတဲ့ အပြင် တခြားစာရွက်စာတမ်းများဖြစ်တဲ့
ဆောက်လုပ်ခွင့်
မြေရှင် နဲ့ ကန်ထရိုက်တာစာချုပ် အစရှိတာတွေကိုပေးသွားပါမယ်.
တခြားလိုချင်တဲ့ စာရွက်စာတမ်းများရှိပါကလဲ ကျွန်တော်တို့ကိုပြောပြလို့ရပါတယ်.
4️⃣တိုက်ရေရှည်ခိုင်ခံ့မှုအတွက် အရည်အသွေးမခိုပဲ အပြည့်ဆောက်ထားခြင်း
✔️တိုက်မကျွံဖို့နဲ့ ခိုင်ခံ့စေဖို့ Foundation အတွက် Pileကို ပေ ၈၀ အထိရိုက်ထားတယ်
✔️ကွန်ကရစ်အား ကောင်းမကောင်းကို အထပ်တိုင်းမှာ ဓာတ်ခွဲခန်းမှာ စမ်းသပ်ပေးတယ်
✔️တိုက်ခိုင်ခံ့မှုအတွက် နိုင်ငံခြာမှသွင်းတဲ့သံကိုပဲ အသုံးပြုထားတယ်
✔️လျှပ်စစ်မီးအန္တရာယ်မရှိအောင်အတွက် သုံးမယ့်နေရာနဲ့ အဆင်ပြေမယ့် မီးကြိုးများကိုပဲသွယ်ထားပေးပါတယ်။
ဥပမာ-
◾️Air-con နဲ့မီးဖိုအတွက်ဆို 4mm,
◾️ပလပ်ပေါက်များအတွက်ဆို 2.5mm,
◾️မီးလုံးများအတွက်ဆို 1.5mm တပ်ဆင်ထားပါတယ်
5️⃣အာမခံ
တိုက်ခန်းရောင်းပြီးတာနဲ့ ဝယ်သူလက်ထဲပြီးပြီးရော ကိုယ်ဖြစ်ကိုယ်ရှင်း မအပ်ပါဘူး.
တက်သစ်နေဝန်းမှာတိုက်ခန်းဝယ်ပြီးသွားရင် တိုက်ခန်း ပျက်စီးမှုအတွက် ၁ နှစ်အာမခံရှိပါတယ်.
တစ်နှစ်အတွင်း ရေပိုက်ပေါက်တာ၊ ဆေးကွာတာ၊ မီးလိုင်းတွေပျက်တာစတဲ့
ပျက်စီးမူတွေရှိရင် ကျွန်တော်တို့ချက်ချင်းလာပြင်ပေးပါမယ်ခင်ဗျာ..
အဲ့ဒီအပြင်တခြားအာမခံတွေဖြစ်တဲ့
◾️ဘိုထိုင် ၅နှစ်အာမခံ
◾️မီးကြိုး ၅နှစ်အာမခံ
◾️Vinyl Floor အတွက် ၁၅နှစ် အာမခံတွေလဲ ပါပါတယ်
6️⃣ပြန်ပြင်ဖို့မလိုအောင် ပြင်ဆင်ပေးထားတဲ့ အခန်းတွင်းပြင်ဆင်မူ (Decoration)
ကျွန်တော့်တိုက်ခန်းများကို ပရိဘောဂပဲယူလာပြီး အသင့်နေလို့ရတဲ့အထိပြင်ဆင်ပေးထားပါတယ်.
🔻Decoration က ပြောထားတဲ့ အတိုင်းအပြင်မှာဖြစ်ပါ့မလား
-----------------------------
✔️ဒါအတွက်စိတ်မပူပါနဲ့
✔️ကျွန်တော်တို့ဆောက်ထားတဲ့တိုက်ထဲက Decorationပြင်ထားတဲ့အခန်းကို နမူနာရှိပါတယ်။အဲ့အခန်းလေးကိုကြည့်လိုက်တာနဲ့ ကျွန်တော်တို့တိုက်လက်ရာ နဲ့ ဝယ်သူအတွက် Decoration ဘယ်လိုပြင်ဆင်ထားလဲဆိုတာ ကြည့်လို့ရပါတယ်.
Decoration ကပြောထားတဲ့ အတိုင်းဖြစ်စေရပါမယ်.
🔻 ကြိုပွိင့်ဆိုတော့ အခြေအနေ ဘယ်လောက်ပြီးပြီလဲ
-----------------------------
✔️22 BMS လေးက ဆောက်လုပ်ခွင့်ကျပြီးတာကြောင့် စတင်ဆောက်လုပ်နေပြီဖြစ်တဲ့အပြင် အခုဆိုရင် မြေညီထပ်ပြီးနေပါပြီ။
🔻ဘယ်တော့လောက်တိုက်ကဆောက်လို့ပြီးမှာလဲ?
-----------------------------
✔️တိုက်ခန်းဆောက်လုပ်တာက December 2020 မှာပြီးဖို့ ခန့်မှန်းထားခဲ့ပေမယ့် အခုလတ်တလောဖြစ်နေတဲ့ COVID-19 ရောဂါကြောင့် February-March လဝန်းကျင်မှာ ပြီးပါမယ်။
Decoration နဲ့ လူနေခွင့် (BCC)လျှောက်တာနဲ့ဆို July 2021 လောက်မှာ အသင့်နေထိုင်လို့ရမှာဖြစ်ပါတယ်.
🔻တက်သစ်နေဝန်း Construction ဆိုတာ
-----------------------------
✅ကျွန်တော်တို့ တက်သစ်နေဝန်း Construction က ၂၀၁၁ခုနှစ်က စပြီးတည်ထောင်ခဲ့တဲ့ ဆောက်လုပ်ရေး Company တစ်ခုဖြစ်ပါတယ်။ ၉ နှစ်တာ ကာလအတွင်း မြို့နယ် ၁၀မြို့နယ်မှာ တိုက်အလုံး ၂၀ကျော်ကိုဆောက်ပြီး အခန်းပေါင်း ၂၂၅ ခန်းအား ဝယ်သူတွေကို အပ်နှံထားပြီးဖြစ်ပါတယ်။
✅ကိုယ်ပိုင်ကန်ထရိုက်တာ လိုင်စင် အမှတ် LC-416 နဲ့ဆောက်လုပ်နေတာဖြစ်ပြီး Structure မှာ ၁၅နှစ်ကျော် အတွေ့အကြုံ၊ စင်ကာပူနိုင်ငံမှာ လုပ်သက် ၆ နှစ်ရှိတဲ့ Professional Engineer (Structural) License ရထားတဲ့ Engineer ကိုယ်တိုင် ဦးစီးပြီးဆောက်လုပ်နေတဲ့တိုက်ခန်းများဖြစ်ပါတယ်.
✅ဟုတ်ကဲ့အခုထိဖတ်လာတယ်ဆိုထဲက တော်တော်စိတ်စားနေပြီဆိုတာသေချာပါတယ်.
အခု 22 BMS Apartment အကြောင်းကို အသေးစိတ်ဆက်ပြီးရှင်းပြပါမယ်
==================
🏠 BMS 22 Mini Condo🏠
==================
🏠 BMS Apartment လေးကတော့ တောင်ဥက္ကလာပမြိ ူ့နယ် တွင် တည်ရှိတဲ့ ဓာတ်လှေကားပါ Mini Condo တစ်ခုဖြစ်ပါတယ်.🏠
🏡 လိပ်စာ
အမှတ် ၂၂၊ ဗြဟ္မစိုရ်လမ်း ၇ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊
🏘 မျက်နှာစာအလှည့်
အနောက်မြောက်
🛒 ဈေးဝယ်ဖို့အတွက်ဆို
နန္ဒဝန်ဈေး၊ ပတ္တမြားဈေး၊ မြင်သာဈေး၊ Inno City၊ ဂန္ဓမာ Wholesale, City Mart
🙏🏽 လူကြီးများအတွက်ဆို
ဥက္ကလာပ ဘုရား၊ ကျိုက်က္ကဆံဘုရား၊ မဟာဗောဓိ ဆုတောင်းပြည့်စေတီ၊ ကျောက်စာတိုင် ဘုရား၊ ရန်မျိုးအောင်ဘုရား၊
🏝အပန်းဖြေဖို့အတွက်
ဥက္ကလာပ ဂေါက်ကွင်း, M-cube, Bar Industry, Cozy Bar.
🍲 အစားအသောက်အတွက်ဆို
DIY Hot pot, Hot Pot King, YKKO, Lotteria, Steak on the Street, မင်းလမ်း၊ ခိုင်ခိုင်ကျော်၊ Happy, Lashio Night Market.
🚑 အရေးပေါ်အတွက်
Parami ဆေးခန်း၊ အောင်ရတနာဆေးခန်း
🏠 တိုက်ပြီးစီးမှုအခြေအနေ
မြေညီထပ်ဆောက်ပြီး
🏠အပ်နှံမည့်ကာလ
July 2021 (အနောက်ကျဆုံး)
☎️ 09 5123 729☎️
================================
🎉ပါဝင်သော Facilitiesများ (အသေးစိတ်)🎉
================================
👪 အခန်းများသည် မိသားစုတွေအတွက် လုံလောက်တဲ့ အကျယ်အဝန်း (၁၇’ x ၅၄’), စတုရန်းပေ ၉၁၈
✔️ Master Bed room တစ်ခန်း၊
✔️ ရိုးရိုးအိပ်ခန်းတစ်ခန်း
✔️ ဧည့်ခန်းတစ်ခန်း
✔️ မီးဖိုချောင်တစ်ခန်း
✔️ ရေချိုးခန်း/အိမ်သာ ၂ခန်း
အစရှိသည်တို့ပါဝင်မှာဖြစ်တဲ့အတွက် ကိုယ်တိုင် အလုပ်ရှုပ်ခံပြီး အခန်းဖွဲ့စရာမလိုတော့ပါဘူး.
ဧည့်ခန်းများအတွက်
----------------------
👍 Main Door အတွက် ကျွန်းတံခါး
👍 Korea Vinyl Floor အပြည့်
👍 နံရံများတွင် trunking/မီးပိုက်များအစား မျက်စိရှင်းရန်အတွက် မီးလိုင်းများအား နံရံများ၊ မျက်နှာကျက်များတွင် မြှပ်နှံ၍ သွယ်တန်းထားခြင်း (Concealed Conduit Wiring System)
👍 ဧည့်ခန်းများကို ဆေး ၃ထပ်အပြည့် သုတ်ပေးခြင်း
👍 ဧည့်ခန်း Decoration အတွက် မျက်နှာကျက်များ
👍 ရေပူရေအေးချိုးနိုင်ရန် Water Heater (Rinnai brand).
👍 ရေချိုးခန်း တစ်ခန်းစီအတွက် ဘေစင်
👍 အိပ်ရေးအပျက်ခံပြီး ရေတင်ရသည့် ဒုက္ခအတွက် ရေအလိုအလျောက်တင်ပေးသည့် Auto Water Pump System
👍 နေထိုင်သူများ လုံခြုံစိတ်ချမူအတွက်Digital Door Viewer
အိပ်ခန်းများအတွက်
-----------------------
👌🏽အိပ်ခန်းများအတွက် ISO လက်မှတ်ရ ABS သစ်သားတံခါးများ
👌🏽 ခြင်သံဇကာပါပြီး UPVC ပြတင်းပေါက်များ။
👌🏽 အဲကွန်းများ အဆင်သင့် တပ်ဆင်နိုင်ရန် မီးအားနိုင်သော မီးလိုင်းနှင့် 3 Pin ပလပ်ပေါက်များအပြင် ဓာတ်လိုက်ခြင်းမှ ကာကွယ်ရန် Earth ကြိုးများ တပ်ဆင်ထားခြင်း။
👌🏽 အိပ်ခန်းများကို ဆေး ၃ထပ်အပြည့် သုတ်ပေးခြင်း
👌🏽 အိပ်ခန်း ၂ခန်းကို အုတ်ဖြင့် ဖြင့်အခန်းကာပေးခြင်း။
👌🏽 အခန်းတွင်း နံရံတွင် အသံလုံရန်အတွက် insulation ထည့်ပေးခြင်း။
ရေချိုးခန်းများအတွက်
------------------------
✔️ရေချိုးခန်း/အိမ်သာ၂ခန်းလုံးအတွက် ဘိုထိုင် (Royal Apex) နှင့်
✔️ ရေလုံလောက်စွာရရှိရန် အခန်းတိုင်းအတွက် ၁၀၀၀လီတာ Tank ရေတိုင်ကီ တစ်လုံး
✔️ ရေချိုးခန်းများ ကျယ်ဝန်းစေရန်နှင့် ရေအားကောင်းစေရန်အတွက် ရေတိုင်ကီများကို ရေချိုးခန်းထဲအစား တိုက်ခန်းအပေါ်တွင်ထားရှိခြင်း
မီးဖိုချောင်အတွက်
---------------------
✅ မီးဖိုချောင် ကြမ်းခင်းနှင့် နံရံလေးပေအထိ ကြွေပြားကပ်..
✅ တပ်ဆင်ပြီး ဘေစင်
✅ အဝတ်လျှော်စက် အဆင်သင့်တပ်ဆင်နိုင်ရန် မီးအားနိုင်သော မီးလိုင်းနှင့် 3 Pin ပလပ်ပေါက်များ
✅ အဝတ်လျှော်စက် ရေဝင်ပိုက်နှင့် ရေဆိုးဆင်းရန်အပေါက်
✅ မီးဖိုချောင်အတွက် လှပပြီးသေသပ်တဲ့ အပေါ်အောက် အံဆွဲများ နှင့် အကန့်၅ကန့် ပါဝင်သည့် Kitchen ဘီဒိုများ
Mini Condo တစ်တိုက်လုံးအတွက်
-----------------------------------------
🌟 30KVA မီးစက်တစ်လုံး
🌟 Sigma Brand, Korea made ၊ ၈ယောက်စီး ဓာတ်လှေကားတစ်စီး
🌟 အရေးပေါ်အတွက် Wet Riser မီးသတ် System
🌟 Concrete ဖြင့်ပြုလုပ်ထားသည့် အရေးပေါ်လှေကား
🌟 အထပ်တိုင်း ကြွေပြားအပြည့် ခင်းထားသော လှေကားခွင်
🌟 ဂျိုးဖြူ ရေ
🌟 တိုက်၏ လုံခြုံရေး နှင့် Car Parking အတွက် လုံခြုံရေးတစ်ဦးထားရှိခြင်း
🌟တိုက်၏လုံခြုံရေးအတွက် CCTV ထားရှိပေးခြင်း
☎️ 09 5123 729☎️
ကားပါကင်အတွက်
-----------------------------------------
ဒါအားလုံးစိတ်ပူတဲ့အချက်လေးပါ.
ဒါအတွက်စိတ်မပူပါနဲ့.
ကျွန်တော်တို့ဆောက်တဲ့တိုက်အားလုံးကို လမ်းကျယ်မှာဆောက်ပါတယ်။
တိုက်ရှေ့မှာ ၆စီးမှ ၈စီးလောက်ရပြီး ဗြဟ္မစိုရ်လမ်းက ပေ ၆၀ ကျယ်တဲ့အတွက်
လမ်းမှာကြိုက်တဲ့နေရာရပ်လို့ရပါတယ်
စမ်းချောင်း၊ကျောက်မြောင်းတို့လိုလမ်းမကျပ်ဘူး
================================
🎉 ဈေးနှုန်းနှင့်ငွေပေးချေပုံစနစ်🎉
================================
💰22 Byamaso Mini Condo လေးရဲ့ ဈေးနှုန်းများကတော့ အောက်ပါအတိုင်းဖြစ်ပါသည်.💰
✔️ ပ ဉ္စမထပ်(ဘယ်) ------ သိန်း၈၅၀
✔️ စတုတ္ထထပ် (ဘယ်) ------ သိန်း ၉၀၀
✔️ တတိယထပ် (ဘယ်) ------ သိန်း ၉၅၀
✔️ ဒုတိယထပ် (ဘယ်/ညာ) ------ သိန်း ၁၀၀၀
✔️ ပထမထပ် (ဘယ်/ညာ) ------ သိန်း ၁၁၀၀
💵 ငွေပေးချေမှု အနေနဲ့ကတော့-
💸 ကုမ္ပဏီ နှင့် ၂နှစ်ခွဲ အတိုးမဲ့
💸 ၅ နှစ် နဲ့ ၂၅နှစ် အထိ (လစဉ် ၈သိန်း မှ ၁၈သိန်း) နှစ်ရှည် ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူနိုင်ပါသည်။
☎️ 09 5123 729☎️
=====================================
💯 တက်သစ်နေဝန်း မှ အာမခံပေးနိုင်ချက်များ 💯
=====================================
✔️ ဥပဒေနဲ့အညီ ခိုင်မာသောစာချုပ်ကို ချုပ်ဆိုပေးခြင်း
✔️ BCC မကျပါက ငွေအပြည့်အမ်းပေးခြင်း
✔️ မြန်မာနိုင်ငံတွင် အမြင့်ဆုံး အင်ဂျင်နီယာ PE လက်မှတ်ရရှိထားတဲ့ ဝါရင့် အင်ဂျင်နီယာကြီးများကိုယ်တိုင် ကြီးကြပ် ဆောက်လုပ်ထားခြင်း
✔️ တိုက်၏ခိုင်ခံ့မှုအတွက် RC Pile Foundation ကို အနည်းဆုံး ပေ ၈၀အထိ ဖိသွင်းထားသည့် အတွက် တိုက်နိမ့်ကျခြင်း၊ တိုက်ကျွံ့ကျခြင်းတို့ အန္တရာယ်ကိုအာမခံပေးနိုင်ခြင်း
=====================================
☎️ဆက်သွယ်ရန် နှင့် အသေးစိတ်စုံစမ်းရန်☎️
=====================================
☎️22 Byamaso Mini Condo ကိုကြည့်ချင်တယ်ဆိုရင်တော့ အောက်ကဖုန်းလေးကို ဆက်သွယ်လိုက်ပါ ☎️
☎️ 09 5123 729☎️
ရုံးခန်းလိပ်စာ
အမှတ် ၉၀၃ ဗြဟ္မစိုရ်လမ်း ၅ ရပ်ကွက်၊ ၇လွာ (A) တောင်ဥက္ကလာပမြို့နယ်၊

အကျယ်အဝန်း

17 ပေ x 54 ပေ

အချက်အလက်များ

  • ပိုင်ရှင်ကိုယ်တိုင်
  • ဘဏ်အရစ်ကျ ရပါသည်
  • ဆောက်လုပ်ပြီး
  • တစ်စိတ်တစ်ပိုင်း ပြင်ဆင်ပြီး
iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) တွင် တွေ့သောကြော်ငြာဟု ပြောပါရန်
  အိမ်ရာချေးငွေ လျှောက်ထားရန်

အိမ်ရာချေးငွေ တွက်ချက်ရန်

တွက်ချက်ရန်

ငွေပေးသွင်းမှု ပုံစံ
(Your Loan Payment)
လစဉ် ငွေပေးချေမှု 1,264,199
ချေးငွေ ပမာဏ 59,500,000
စုစုပေါင်း ပေးချေရမည့်ငွေ 75,851,940
အတိုးနှုန်း 10%
ချေးယူမည့် နှစ်ပမာဏ 5 years

အခြား ရောင်းရန် အိမ်ခြံမြေများ

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)

တောင်ဥက္ကလာပမြို့နယ် ရောင်းရန် အိမ်ခြံမြေများ