ဤကြော်ငြာမှာ သက်တမ်းကုန်သွားပါပြီ။
မွန်းမွန်းကျပ်ကျပ်နေရတဲ့ တိုက်ခန်းကျဥ်းလေးကိုတောင်ဝယ်လို့မရနိုင်တဲ့စျေးနဲ့ မြေရော အိမ်ပါ (၁၉၉) သိန်းတည်းနဲ့ ညှိနှိုင်းရောင်းပေးမှာနော်။ သီလဝါဆိပ်ကမ်း၏ အဓိကပေါင်းကူးတံတားဖြစ်သည်နှင့်အညီ အလျင်အမြန် တိုးတက်လျှက်ရှိသော (ဝါ) ရန်ကုန်မြို့နှင့်အနီးဆုံးဖြစ်သည့် သံလျင်မြို့တွင်ရှိသော အိမ်နှင့်ခြံလေးကို အတန်ဆုံးဈေးဖြင့် ရောင်းပေးမည်။
သံလျင် ဘုရားကုန်းအုပ်စု၊ ပိတုန်းစမ်းကျေးရွာမြေ၊ ပေ ၂၀' x ပေ ၄၀' ပေါ်တွင် တည်ဆောက်ထားသော ၁၂' ပေ x ၂၈' ပေ Steel Structure တစ်ထပ် အသစ်စက်စက် အဆောက်အဦး။ အဆင်သင့် လက်တင်နေထိုင်နိုင်သည်။ အရှပ်အရှင်း၊ ပိုင်ဆိုင်မှုအပြည့်အဝအာမခံသည်။
- ခြံခတ်ပြီး
- ကိုယ်ပိုင် မီတာ
- ကိုယ်ပိုင် အဝီဇိမော်တာရေတွင်း (ရေကြည်သန့်)
- လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန် အကောင်းစား Breaker တပ်ဆင်ပြီး
- အကောင်းစား 4 Angle Roofing Sheet 4.2mm နဲ့ မိုးပေးထားလို့ နွေ မိုး ဆောင်း ဥတုသုံးပါးလှည့်ကြည့်စရာမလို
- အိပ်ခန်းဖွဲ့ပြီး
- ဘိုထိုင်အိမ်သာ၊ Shower ရေချိုးခန်း
- မီးဖိုခန်း
- ဧည့်ခန်း
- အိမ်ဘေးတစ်ဘက်တစ်ခြမ်းစီတွင် အပင်ပန်းမံ စိုက်ပျိုးရန်နေရာကျန်
Star City မှ မိနစ် (၂၀) အကွာအဝေး၊ သံလျင်ကျိုက်ခေါက်ဘုရားလမ်း အောင်ချမ်းသာကားမှတ်တိုင်မှ (၅) မိနစ်အကွာအဝေး၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ (၁၅) မိနစ် အကွာအဝေးတွင် တည်ရှိသည်။ အနီးနားပတ်ဝန်းကျင်တွင် ဈေးရှိ၊ Orange စူပါမားကတ်ရှိ။ သီတဂူ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ရှိ။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသား /သူ မိသားစု (သို့) အေးအေးချမ်းချမ်း နေချင်သောလူကြီးသူမများ (သို့) သံလျင်တွင် ရေရှည်အခြေချနေထိုင်ချင်သော မိသားစုများအတွက် အထူးသင့်လျော်သည်။ အကြာမီအချိန်တွင် အလျင်အမြန်စည်ကားလာမည့် နေရာကောင်းလေးဖြစ်သည်။
အိမ်ကြည့်ရန် (၁) ရက်ကြိုချိန်းပါ။
ဆက်သွယ်ရန် - 09 9551 68152
ဤကြော်ငြာကို နှစ်သက်သူများ => (4) ဦး