သစ္စာလမ်းအနီးပြင်ဆင်ပီးသားအခန်းအရောင်း

ပုံကြီးချဲ့ရန် နှိပ်ပါ

  • သစ္စာလမ်းအနီးပြင်ဆင်ပီးသားအခန်းအရောင်း - ရောင်းရန် - တောင်ဥက္ကလာပ (South Okkalapa) - ရန်ကုန်တိုင်းဒေသကြီး (Yangon Region) - 555 သိန်း (ကျပ်) - S-7610741 | iMyanmarHouse.com

21 Jan 2020 8:01 pm တွင်ကြော်ငြာတင်ခဲ့သည်261 ကြိမ် ကြည့်ရှု့ပြီးကြော်ငြာနံပါတ် S-7610741

တောင်ဥက္ကလာပ | ရန်ကုန်တိုင်းဒေသကြီး

တိုက်ခန်း | ၃ လွှာ

19 ပေ x 54 ပေ

ရေချိုးခန်း 1 ခန်း

ဈေးနှုန်း 555 သိန်း (ကျပ်)

#ပြင်ဆင်ပီးသားကိုမှအလွှာနိမ့်လေးပဲလိုချင်တာ။လမ်းမကြီးနဲ့နီးပီးသွားလာရေးလဲအဆင်ပြေချင်တာဆိုဒီအခန်းလေးရှိတယ်နော်။

??? တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်းမအနီး အတွင်းလမ်းသွယ်ထဲက အကျယ်အဝန်း ၁၉ ပေ ၅၄ ပေရှိတဲ့ ဒုတိယထပ်အခန်းလေးနော်။ အိမ်ရှေ့ဝရံတာကနေ အိမ်နောက်ဖေးအထိ တအိမ်လုံး ကြွေပြားအပြည့်ခင်းပီး နံရံတွေကို ကြွေပြားအဖြူလေးတွေ အပြည့်ကပ်ထားပေးသေးတာ။ တိုက်ကလဲ လူလုံးဝမနေရသေးတဲ့ တိုက်သစ်။ bcc မီတာ ကျပီးသားဆိုတော့ အဆင်သင့်တက်နေရုံပဲနော်။ လှေကားကလဲ ပြေမှပြေ။ ဘေးပတ်ဝန်းကျင်တိုက်အမြင့်မရှိတော့ အလင်းရောင်နဲ့ လေဝင်လေထွက်လဲကောင်းမှကောင်း။

??? အိမ်တခုတည်းအဆင်ပြေရုံနဲ့မရဘူး သွားလာရေးကလဲမလွယ်မှာကြောက်တာလား။ သစ္စာလမ်းမကြီးနဲ့အနီးဆုံးမှာရှိတဲ့အပြင် ရုံးသမား ကျောင်းသား ဝန်ထမ်းကအစ သွားလာရေးအဆင်ပြေတယ်။ ဈေးဆိုလဲမနီးမဝေးမှာရှိတယ်။ ကျန်းမာရေးအတွက်လဲ 24hr ဆေးခန်းတွေက drive 10 min ပဲ။ 24hr City Mart, store တွေဆိုလဲ နီးမှနီး။ ဘဏ်ချိတ် အရစ်ကျမရောင်းချင်တာကလွဲရင် အားလုံးအဆင်ပြေတဲ့အိမ်လေး။

??? ဈေးနှုန်းကလဲ လှမှလှ ၅၅၅ သိန်း အပိတ်ပါတဲ့ဗျ။ ရောင်းမယ့်ဈေးကို ဇက်နင်းဆစ်ထားပီးသားမို့ ထပ်ဆစ်လို့မရကြောင်း မေတ္တာရပ်ခံပါရစေနော်။ ကဲ အသေးစိတ်အချက်အလက်သိချင်တယ်ဆိုရင် ph လေးသာဆက်လိုက်ပါ။ သိသမျှ အကုန်ပြောပြပေးမယ်လို့။

??? အိမ်ကြည့်မယ်ဆို ၃ နာရီ ကြိုချိန်းပေးပါ။ ဒီနား အခုရောက်နေလို့ဆိုရင် လာမပြပေးနိုင်ကြောင်း ကြိုပြောပါရစေနော်။ အမှန်တကယ်စိတ်ဝင်စားတယ်ဆိုရင် ဖုန်းနဲ့ဖြစ်စေ messenger မှဖြစ်စေ ph ဖြင့်ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။ နေရာလိပ်စာ အတိအကျမေးခြင်း သည်းခံပါနော်။
#အကျိုးဆောင်မိတ်ဆွေများ အကျိုးတူလက်မခံပါဘူးနော်။

??? ph no - 09421051975, viber no - 09950859419 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

https://www.facebook.com/ayenchitmal/

#လူကြီးမင်းတို့ အိမ်ခြံမြေတိုက်ခန်းများ ရောင်းဝယ်/ငှားရမ်း/ဝယ်ယူလိုပါက May Shin Thant ကို သတိရလိုက်ပါနော်။ post မတင်ထားသေးတဲ့ သီးခြား နေရာကောင်းဈေးတန်အခန်းတွေလဲရှိသေးတာမို့ စိတ်ဝင်စားရင် ဖုန်းလေးတချက်ဆက်လိုက်ပါ။
#ယနေ့ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။

အချက်အလက်များ

  • ဆောက်လုပ်ပြီး
  • အလုံးစုံ ပြင်ဆင်ပြီး
 ကြော်ငြာပိုင်ရှင်သို့ ဖုန်းဖြင့် ဆက်သွယ်ရန်
 ကြော်ငြာပိုင်ရှင်နှင့် Chatting စကားပြောရန်
နှိုင်းယှဥ်ရန် နှစ်သက် မျှဝေရန် Report

အခြား ရောင်းရန် အိမ်ခြံမြေများ

Featured AdWanted Listing

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store

တောင်ဥက္ကလာပမြို့နယ် ရောင်းရန် အိမ်ခြံမြေများ