📌 Emerald Bay Project 📌 Yangon River Viewကို အနီးကပ်ဆုးံမြင်တွေ့ရမဲ့ ကျယ်ဝန်းသော Condo နှစ်ရှည်အရစ်ငွေပေးချေ မှု။

ပုံကြီးချဲ့ရန် နှိပ်ပါ

  • 📌 Emerald Bay Project 📌 Yangon River Viewကို အနီးကပ်ဆုးံမြင်တွေ့ရမဲ့ ကျယ်ဝန်းသော Condo နှစ်ရှည်အရစ်ငွေပေးချေ မှု။ - ရောင်းရန် - သာကေတ (Thaketa) - ရန်ကုန်တိုင်းဒေသကြီး (Yangon Region) - 2,300 သိန်း (ကျပ်) - S-6993147 | iMyanmarHouse.com
  • 📌 Emerald Bay Project 📌 Yangon River Viewကို အနီးကပ်ဆုးံမြင်တွေ့ရမဲ့ ကျယ်ဝန်းသော Condo နှစ်ရှည်အရစ်ငွေပေးချေ မှု။ - ရောင်းရန် - သာကေတ (Thaketa) - ရန်ကုန်တိုင်းဒေသကြီး (Yangon Region) - 2,300 သိန်း (ကျပ်) - S-6993147 | iMyanmarHouse.com
  • 📌 Emerald Bay Project 📌 Yangon River Viewကို အနီးကပ်ဆုးံမြင်တွေ့ရမဲ့ ကျယ်ဝန်းသော Condo နှစ်ရှည်အရစ်ငွေပေးချေ မှု။ - ရောင်းရန် - သာကေတ (Thaketa) - ရန်ကုန်တိုင်းဒေသကြီး (Yangon Region) - 2,300 သိန်း (ကျပ်) - S-6993147 | iMyanmarHouse.com
  • 📌 Emerald Bay Project 📌 Yangon River Viewကို အနီးကပ်ဆုးံမြင်တွေ့ရမဲ့ ကျယ်ဝန်းသော Condo နှစ်ရှည်အရစ်ငွေပေးချေ မှု။ - ရောင်းရန် - သာကေတ (Thaketa) - ရန်ကုန်တိုင်းဒေသကြီး (Yangon Region) - 2,300 သိန်း (ကျပ်) - S-6993147 | iMyanmarHouse.com
  • 📌 Emerald Bay Project 📌 Yangon River Viewကို အနီးကပ်ဆုးံမြင်တွေ့ရမဲ့ ကျယ်ဝန်းသော Condo နှစ်ရှည်အရစ်ငွေပေးချေ မှု။ - ရောင်းရန် - သာကေတ (Thaketa) - ရန်ကုန်တိုင်းဒေသကြီး (Yangon Region) - 2,300 သိန်း (ကျပ်) - S-6993147 | iMyanmarHouse.com
  • 📌 Emerald Bay Project 📌 Yangon River Viewကို အနီးကပ်ဆုးံမြင်တွေ့ရမဲ့ ကျယ်ဝန်းသော Condo နှစ်ရှည်အရစ်ငွေပေးချေ မှု။ - ရောင်းရန် - သာကေတ (Thaketa) - ရန်ကုန်တိုင်းဒေသကြီး (Yangon Region) - 2,300 သိန်း (ကျပ်) - S-6993147 | iMyanmarHouse.com
24 Sep 2019 11:54 am တွင်ကြော်ငြာတင်ခဲ့သည်802 ကြိမ် ကြည့်ရှု့ပြီးကြော်ငြာနံပါတ် S-6993147

သာကေတ | ရန်ကုန်တိုင်းဒေသကြီး

ကွန်ဒို | ၇ လွှာ

933 စတုရန်းပေ

အိပ်ခန်း 2 ခန်း ရေချိုးခန်း 2 ခန်း

ဈေးနှုန်း 2,300 သိန်း (ကျပ်)

🇲🇲 ရန်ကုန်မြို့၏ အကြီးမားဆုံးနှင့် အခမ်းအနားဆုံး အိမ်ရာစီမံကိန်းကြီးမှာ Special Promotion plan ရယူနိုင်မည့်အခွင့်အရေး... 🇲🇲

🔑 စတုရန်းပေ ၈သန်းကျော်၊ အဆင့်မြင့် အခန်းပေါင်း ၅၈၄၆ ပါဝင်သည့် ခမ်းနားသော တည်ဆောက်မှုကြီး ဖြစ်သောကြောင့်ရန်ကုန်မြို့တော်၏ ဂုဏ်ကျက်သရေဆောင် အဆင့်မြင့်အိမ်ရာစီမံကိန်း ကြီးကို လူကြီးမင်းတို့ထံသို့ ယခုယူဆောင်လာပေးတော့မည်ဖြစ်ပါသည်။

✅ No.1 အလားအလာ ရှိသောတည်နေရာ
Emerald Bay သည် သာကေတမြို့နယ်တွင်တည်ရှိပြီး သန်လျင်၊ ဗိုလ်တထောင် နှင့် မင်္ဂလာတောင်ညွှန့်မြို့နယ် တို့မှ မြစ်ကူးတံတားဖြတ်ကူးရုံဖြင့် ရောက်ရှိနိုင်သလို မြို့တွင်းမှ အဓိကနေရာများသို့ လည်း အချိန်တို အတွင်း လွယ်ကူစွာသွားလာနိုင်ပါသည်။ ရန်ကုန်ဘူတာကြီး၊ မြို့တော်ခန်းမ နှင့် ရွှေတိဂုံစေတီတော် သို့ ၁၅ မိနစ်ခန့် ကားဖြင့်သွားရောက်နိုင်ပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လည်း မိနစ် ၄ဝ ခန့် ကားဖြင့် လွယ်ကူချောမွေ့စွာ သွားရောက်နိုင်သောကြောင့် အလားအလာကောင်းသော နေရာမှာ တည်ရှိနေသော အိမ်ယာစီမံကိန်း တစ်ခုဖြစ်ပါတယ်။

✅ No.2 သာလွန်ကောင်းမွန်သောအဆင့်မြင့်အိမ်ရာ
စတုရန်းပေ ၄၃၀ မှ ၁၃၁၇ အကျယ်၊ အိပ်ခန်း ၁ ခန်း မှ ၄ ခန်းထိ ပါဝင်သော အထပ်မြင့်အဆောက်အဦးများ ပါဝင်မည် ဖြစ်သောကြောင့် နှစ်သက်ရာ အခန်းအမျိုးအစားကို ရွေးချယ်နိုင်ပါသည်။
🔹 အခန်းဖွဲ့စည်းပုံကောင်းမွန်ပြီး
🔹 လေဝင်လေထွက်စနစ် ကောင်းမွန်ခြင်း၊
🔹 ကျယ်ဝန်းသောဧည့်ခန်းများရှိခြင်း ၊
🔹 အဆင်မြင့်ဇိမ်ခံ အိပ်ခန်းများပါရှိခြင်း အပြင်
🔹 ပန်းခြံပုံစံ ဒီဇိုင်းပြုလုပ်ထားသော ဝရံတာပါရှိခြင်း တို့ကြောင့်နေရောင်ခြည်နှင့် စိမ်းလန်းစိုပြေမှုကိုရရှိနိုင်မည်ဖြစ်ပါသည်။
⚡ အဆင့်မြင့်နည်းပညာသုံး ထိန်းချုပ်ရေးစနစ်များ၊
⚡ အဆင့်မြင့် လုံခြုံရေးဂိတ်တံခါးများ၊
⚡ Cloud နည်းပညာသုံးစောင့်ကြည့်ရေးစနစ်၊
⚡ Cloud ဗွီဒီယိုအင်တာကွန် စနစ်၊
⚡ လျှပ်စစ်အာရုံခံ စနစ် အသုံးပြုထားသောနံရံများ၊
⚡ ၂၄ နာရီ အဆင့်မြင့်စောင့်ကြည့်စနစ်၊
⚡ မော်တော်ယဉ် နံပါတ်များကို အလိုအလျောက် အာရုံခံ ခွဲခြားနိုင်သောစနစ်၊
⚡ ရေသန့်စင်စနစ်၊
⚡ အများပြည်သူနေရာများတွင် အဆင့်မြင့်အသံစနစ် စသည်တို့ပါဝင်ပါသည်။
ပထမတန်းစား အိမ်အလှဆင်မှုများ ထည့်သွင်းထားသောကြောင့် အချိန်ကုန်သက်သာစေသလို အဆင်ပြေချောမွေ့သော လူနေမှုပုံစံကို ရရှိနိုင်မှာ မလွဲပါဘူး

✅ No.3 တော်ဝင် ပန်းဥယျာဉ်
‌Emerald Bay Project တွင် ရန်ကုန်မြို့ ၏ အကြီးဆုံးဖြစ်သော
👉 စတုရန်းပေ(၁၆၀,၀၀၀) ကျော် ကျယ်ဝန်းသည့် အရှေ့တောင်အာရှပုံစံ နန်းဆန်သော အထပ်မြင့်ပန်းဥယျာဉ်ကြီး၊
👉 စတုရန်းပေ (၁ဝဝ,ဝဝဝ) ကျော် ကျယ်ဝန်းသောမြစ်ကမ်းနဘေး ပန်းခြံကြီး၊
👉 infinity ရေကူးကန် ၊
👉 အားကစားလေ့ကျင့်ခန်း၊
👉 ကလေးကစားစရာနေရာများ နှင့်
👉 Central Club တို့ကို လည်းဖန်တီးပြုလုပ်ထားပါသည်။
နေထိုင်သူများအတွက် Emerald Bay မှ ခြေတစ်လှမ်းမှ မခွာဘဲ နေထိုင်မှုဆိုင်ရာ လိုအပ်ချက်များကို နေ့စဉ်ခံစားရရှိမည်ဖြစ်ပါသည်။

✅ No.4 ကြီးကျယ်ခမ်းနားသော မြစ်ကမ်းရှုခင်း
ပင်လယ်ဝကို နောက်ခံထားပြီး ရန်ကုန်မြစ်၊ ပဲခူးမြစ် နှင့် ပုဇွန်တောင်ချောင်း မြစ်ချောင်း ၃ခု လုံးကို အပေါ်စီးကမှ ကြည့်ရှု့နိုင်မည့် အတွက်ကြောင့် ရှု့မငြီးမြင်ကွင်းကို ပိုင်ဆိုင်နိုင်ပြီး နောင်တစ်ချိန်တွင် ဟောင်ကောင် Repulse ပင်လယ်အော်နှင့် နယူးယောက် ပင်လယ်အော်များ နည်းတူ နိုင်ငံတကာထိပ်တန်း အဆင့်မြင့်ပင်လယ်အော်တစ်ခုအသွင် ဖြစ်ပေါ်လာပါမည်။ ကြီးမားကျယ်ဝန်းသောရန်ကုန်မြစ်သည် ရင်သပ်ရှုမောဖွယ်ရှုခင်းအလှအပ နှင့်မဟာရန်ကုန်မြို့၏ ခန့်ညားထည်ဝါသော လူနေမှုအဆင့်အတန်းကို ပေါ်လွင်ထင်ရှားစေပါသည်။

✅ No. 5 ပြီးပြည့်စုံသောပတ်ဝန်းကျင်
Emerald Bay Project မှ ဈေးဝယ်စင်တာများ၊ ပန်းခြံများ နှင့် ဆေးရုံ ဆေးခန်းများ သို့ ကားဖြင့် ၁ဝ မိနစ်အတွင်း သွားရောက်နိုင်ပါသည်။
အနီးတဝိုက်တွင် နာမည်ကြီးကျောင်းများ၊ အခြေခံပညာ မူလတန်းမှ အထက်တန်းကျောင်းများရှိသည့်အပြင် Emerald Bay Project တွင်လည်း နိုင်ငံတကာ မူကြိုကျောင်း ပါဝင်မည်ဖြစ်သောကြောင့် ကလေးသူငယ်များနှင့် Emerald Bayတွင်နေထိုင်သူများအတွက်လည်း ပညာရေး အရင်းအမြစ်ကောင်းမွန်သော ပတ်ဝန်းကျင်ဖြစ်ပါသည်။
စတုရန်းပေ ၃၂ဝ,ဝဝဝ ကျော် ကျယ်ဝန်းသော ဈေးဝယ်စင်တာကြီးပါဝင်မည်ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းများလည်း စုစည်းတည်ရှိလာမည်ဖြစ်သည်။ Citymart နှင့် JCGV ရုပ်ရှင်ရုံများ လည်းပါဝင်သောကြောင့် ကြယ်ငါးပွင့် အဆင့်ရှိသော လူနေမှုဘဝပုံစံကို လူကြီးမင်းတို့၏ လက်တစ်ကမ်း တွင် ရရှိနိုင်မည်ဖြစ်ပါသည်။

✅ No .6 ထူးခြားကောင်းမွန်သည့် လက်ရာမွန်
Emerald Bay Project တွင် နောက်ဆုံးပေါ် ခေတ်မှီဆောက်လုပ်ရေး နည်းပညာ ၄ ချက်ဖြစ်သော (🍀 သိပ္ပံနည်းပညာ၊ 🍀 လုံခြုံစိတ်ချရခြင်း၊ 🍀 စိမ်းလန်းစိုပြေခြင်း၊ 🍀 လျှင်မြန်ကောင်းမွန်ခြင်း) တို့ဖြင့် ဖန်တီးတည်ဆောက် ထားပါသည်။ Emerald Bay Project သည် နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသော စက်မှုဆောက်လုပ်ရေးနည်းပညာ စနစ်ဖြင့် ဖန်တီးအသုံးပြုထားပါသည်။ Green Technology သည် ရေယိုစိမ့်ခြင်း၊နံရံအက်ကွဲခြင်း၊ နံရံတွင်းအခေါင်းပေါက်များဖြစ်ပေါ်ခြင်း စသောဆောက်လုပ်မှုလုပ်ငန်း အရည်အသွေး ပြည့်မှီမှု ပြသနာကြီးသုံးရပ်ကို ထိရောက်စွာ ဖြေရှင်းနိုင်ပါသည်။ ထို့ကြောင့် နေထိုင်သူများ အတွက် လုံခြုံစိတ်ချမှုရှိခြင်း၊ သက်တောင့်သက်သာရှိခြင်းနှင့်စိမ်းလန်းစိုပြေသော လူနေမှုပတ်ဝန်းကျင် ကိုဖန်တီးထောက်ပံ့ပေးထားပါသည်။

✅ No.7 ကြယ်၅ပွင့်အဆင့်ရှိ အိမ်ရာဝန်ဆောင်မှု
Bright Property Service ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ ၂၀၁၇- ၂၀၁၈ ထိပ်တန်းအဆင့် ၃ Property Service ကုမ္ပဏီ စာရင်းဝင်ဖြစ်သော Country Garden Service ကုမ္ပဏီ ၏လက်အောက်ခံကုမ္ပဏီ တစ်ခု ဖြစ်ပြီး ဟောင်ကောင် တွင်လည်း စတော့ရှယ်ယာ ဈေးကွက်ဝင် ထိပ်တန်းကုမ္ပဏီဖြစ်ပါသည်။ လက်ရှိ ၂၀၁၈ ခုနှစ်တွင်တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်ကမ္ဘာ့မြို့ပေါင်း ၂၆၀ ကျော်တွင် အိမ်ရာစီမံခန့်ခွဲ ဝန်ဆောင်မှု ပေးလျက် ရှိပြီး နေထိုင်သူဦးရေ ၃သန်းကျော် အသိအမှတ်ပြု ထောက်ခံထားသော ကြယ်ငါးပွင့်အဆင့်ရှိဝန်ဆောင်မှုပေးသော ကုမ္ပဏီ ကြီးဖြစ်ပါသည်။
Country Garden Service ကုမ္ပဏီကြီးသည် အကောင်းဆုံးသောကမ္ဘာ့ အဆင့်တန်းမှီ ဝန်ဆောင်မှုများဖြင့် Emerald Bay အိမ်ရာတွင် နေထိုင်သူများကို
🌼 သာယာပျော်ရွှင်ချမ်းမြေ့သောနထိုင်မှု၊
🌼 စိတ်ချလုံခြုံစွာဖြင့်သက်တောင့်သက်သာ နေထိုင်မှု၊
🌼 ရိုသေလေးစားစွာဖြင့် ဧည့်ဝတ်ပျူ ငှါသော ဝန်ဆောင်မှု၊
🌼 ၂၄ နာရီbutler ဝန်ဆောင်မှု နှင့်
🌼 5H (Health, Heart, Home, High-tech,Hope) အဆင့်ဝန်ဆောင်မှုများမှာ အိမ်ရာ၏ ပတ်ဝန်းကျင်ကို Luxury အဆင့်မြင့် လူနေထိုင်မှုဘဝပုံစံ ခံစားသက်ဝင်လာအောင် ဖန်တီးပေးမည်ဖြစ်ပါသည်။

✅ NO.8 ခိုင်မာသော အကျိုးအမြတ်
Project ၏မြေအမျိုးအစားမှာ အစိုးရ အသိအမှတ်ပြုခိုင်မာသော ဂရန်မြေ အမျိုးအစားဖြစ်သည့်အတွက် တရားဝင်လွယ်ကူစွာ ရောင်းဝယ်နိုင်ပြီး နှစ်(၆၀) ပြည့်ပြီးနောက်တွင်လည်း သက်တမ်းတိုး၍ရသောဂရန် မြေအမျိုးအစားဖြစ်ပါသည်။ရန်ကုန်မြို့တွင် လူဦးရေတိုးတက်လာသည်နှင့်အမျှ နေအိမ်လိုအပ်ချက်များ မြင့်မားလျက်ရှိပြီး အိမ်ခြံမြေဈေးကွက်များလည်း မြင့်တက်လျက်ရှိပါသည်။ အိမ်ခြံမြေဈေးကွက်အရ နေအိမ်ငှါးရမ်းမှုနှုန်းများလည်း မြင့်တက်လျက်ရှိပါသည်။ ထို့ကြောင့် ခိုင်မာသောပုံမှန်ဝင်ငွေ ရရှိနိုင်သည့် အိမ်ခြံမြေ ဈေးကွက်တွင်ရင်းနှီးမြှုပ်နှံ ခြင်းသည်အကောင်းဆုံးသောရွေးချယ်မှုပင်ဖြစ်ပါသည်။

🔑 ဒါတွေကတော့ လူကြီးမင်းအနေနဲ့ Emerald Bay အိမ်ယာစီမံကိန်းမှ ရရှိနိုင်သော အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။

🔑 ရန်ကုန်မှာ ဆိုတာထက် မြန်မာ တစ်နိုင်ငံလုံးမှာ ဒီလို စီမံကိန်း ဒီတစ်ခုတည်း ရှိတာ ဖြစ်တဲ့ အတွက်ကြောင့် ခမ်းနားလှတဲ့ အခန်းတွေကို ဦးဦးဖျားဖျားရွေးချယ်နိုင်ဖို့ အခုပဲ စတင်ပြီး Register ပြုလုပ်လိုက်ပါ ။


📞 ဘာသိချင်သိချင် -09765404089 ☎

အချက်အလက်များ

  • ဆောက်လုပ်ပြီး
  • တစ်စိတ်တစ်ပိုင်း ပြင်ဆင်ပြီး
 á€€á€źá€ąá€Źá€şá€„ဟဏပိုင်ရသင်သိုအ ဖုန်းဖြင့် ဆက်သွယ်ရန်
 á€€á€źá€ąá€Źá€şá€„ဟဏပိုင်ရသင်နသင်အ Chatting စကားပြောရန်
နှိုင်းယှဥ်ရန် နှစ်သက် မျှဝေရန် Report

အခြား ရောင်းရန် အိမ်ခြံမြေများ

အခြား ငှားရန် အိမ်ခြံမြေများ

သာကေတမြို့နယ် ရောင်းရန် အိမ်ခြံမြေများ