ဤကြော်ငြာမှာ ရောင်းထွက်သွားပြီဟု ကြော်ငြာတင်သူမှ မှတ်သားထားပါသည်။
#အသင့်နေရုံပြင်ဆင်ပီးသားပေကျယ်အခန်းကြီးကို အကြမ်းထည်ဈေးနဲ့ရောင်းမှာနော်။
🏠🏠🏠 တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းမကြီးကျောကပ် မြင်သာဈေးအနီး မြင်သာလမ်းသွယ်ထဲက အကျယ်အဝန်း ၁၉ ပေ ၅၄ ပေတိုက်ရဲ့ ၅ လွှာ (အပေါ်တလွှာကျန်)တဲ့အခန်းလေးပါ။ အိမ်ထဲဝင်ပါပီဆိုကတည်းက ဝရံတာမှာ ကြွေပြားအပြည့် သပ်သပ်ရပ်ရပ်ခင်းထားတာလေးတွေ့ရမှာ။ အိမ်ထဲမှာလဲ ခန်းလုံးပြည့် ကိုရီးယားပါကေးခင်းထားတာဆိုတော့ လူကြီး လူငယ် ကျန်းမာရေးရှုထောင့်အရလဲ အဆင်ပြေတယ်။ အခန်းက hall type ဆိုပေမယ့် စိတ်ကြိုက်အခန်းဖွဲ့ရင် ၃ ခန်းထိဖွဲ့လို့ရတယ်။ ၁၉ ပေကျယ်တာဆိုတော့ မိသားစုများတဲ့သူတွေအတွက်လဲ အဆင်ပြေမှပြေ။ မီးဖိုချောင်မှာလဲ ကြွေပြားအပြည့်ခင်းထားရုံမကဘူး နေရာလဲကျယ်တာမို့ ပစ္စည်းထားဖို့ခေါင်းသိပ်စားစရာ မလိုတော့ဘူး။ ရေချိုးခန်းနဲ့အိမ်သာမှာလဲ ကြွေပြားခင်း ပုံမှန်ကြွေပြားကပ်ထားပီးသား။ အိမ်သာကလဲဘိုထိုင်ပါ။ ဘေးဘက်မှာလဲ တိုက်အမြင့်တွေမရှိတော့ လေဝင်လေထွက်နဲ့ အလင်းရောင်လဲကာင်းတယ်။ ချက်ချင်းဝယ် ချက်ချင်းတက်လို့ရတဲ့အပြင် ကိုယ်တိုင်ပဲနေနေ ပြန်ပဲငှားငှား တကယ်ကိုအဆင်ပြေတဲ့ဈေးနှုန်း။ မီးလုံးတွေကအစ မီးစားသက်သာတဲ့ LED မီးလုံးတွေတအိမ်လုံးလဲထားပီးသား။ ပြင်ဆင်ပီးသား ပေကျယ်အခန်းကြီးကို အကြမ်းထည်သာသာဈေးနဲ့ရောင်းထားတာမို့ ဘဏ်ချိတ်တွေ အရစ်ကျတွေတော့ မရောင်းပါဘူးတဲ့။ စာရွက်စာတမ်းစုံလင်ပီး ပိုင်ဆိုင်မှုအရှုပ်အရှင်းကင်းတာမို့ စိတ်ချလက်ချဝယ်လို့ရသေးတယ်။ ဝါကျွတ်မှာ ရွှေလက်တွဲမယ့် မင်္ဂလာမောင်နှံတွေအတွက်လည်း Ok တယ်နော်။
🏠🏠🏠 လမ်းထိပ်ထွက်လိုက်တာနဲ့ မြင်သာဈေးမှတ်တိုင်ရောက်ပီ။ ဈေးရောက်ပီ။ လမ်းမကြီးပေါ်ရောက်ပီ။ 24hr store ဆိုင်တွေလဲရှိတယ်။ ဈေး၊ ဘဏ်၊ စာသင်ကျောင်းနီးတယ်။ ကျန်းမာရေးအတွက်လဲမပူနဲ့ 24hr ဆေးခန်းနဲ့ drive 3 min ပဲရှိတယ်နော်။ ပေးရတဲ့ဈေးနဲ့တန်တဲ့အနေအထားနော်။ ကြိုက်တဲ့အချိန်ကြည့်လို့ရတာမို့ ၁ နာရီလောက်ခွာပီး ဖုန်းလေးတော့ကြိုဆက်ပေးပါနော်။ အိမ်ရဲ့အလှည့်က အနောက်မြောက်လှည့်ပါ။
🏠🏠🏠 ပြောနေတာထက် လက်တွေ့လာကြည့်တာ သေချာတယ်လို့။ ရောင်းနှုန်းက ၃၃၅ သိန်း အပိတ်ဈေး ပါလို့။ အသေးစိတ်အချက်အလက်သိချင်တယ်ဆိုရင် ph လေးသာဆက်လိုက်ပါ။ လိုင်းဖွင့်ထားပေမယ့် အမြဲမရှိပါဘူးနော်။
🏠🏠🏠 အိမ်ကြည့်မယ်ဆို အနည်းဆုံး ၁ နာရီ ကြိုချိန်းပေးပါ။ ဒီနား အခုရောက်နေလို့ဆိုရင် လာမပြပေးနိုင်ကြောင်း ကြိုပြောပါရစေနော်။ အမှန်တကယ်စိတ်ဝင်စားတယ်ဆိုရင် ဖုန်းနဲ့ဖြစ်စေ messenger မှဖြစ်စေ ph ဖြင့်ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။ နေရာလိပ်စာ အတိအကျမေးခြင်း သည်းခံပါနော်။
#အကျိုးဆောင်မိတ်ဆွေများ အကျိုးတူလက်မခံပါဘူးနော်။
🏠🏠🏠 ph no - 09421051975, viber no - 09950859419 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
#https://www.facebook.com/ayenchitmal/
#ယနေ့ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဤကြော်ငြာကို နှစ်သက်သူများ => (0) ဦး