ဤကြော်ငြာမှာ သက်တမ်းကုန်သွားပါပြီ။
ခုတလော မြောက်ဒဂုံမှာနေရတာ အရမ်းနေလို့ကောင်းတဲ့ အကြောင်း ပို့စ်တွေတက်လာတာလည်း မြင်ရမှာပါ။ အခုရောင်းမယ့် တိုက်ခန်းက မြောက်ဒဂုံထဲမှာမှ ဗေလီတံတားဆင်းဆင်းချင်းမှာ ရှိတဲ့ ၃၅ရပ်ကွက်မှာ တည်ရှိတာပါ။
အကျယ်အားဖြင့်တော့ ၁၉ ပေ x ၅၄ ပေ ကျယ်ဝန်းပါတယ်ဗျ။ ၃၅ ကားမှတ်တိုင်က ၀င်ရင် ၀င်ဝင်ချင်း ၂လမ်းဖြစ်တဲ့ ကံသာယာ (၂)လမ်းရဲ့ (၃) ခြံမြောက်မှာတည်ရှိတာဆိုတော့ သွားရေးလာရေးကလည်း အဆင်ပြေသလား မမေးပါနဲ့။
အနီးအနားမှာလား လမ်းထိပ်မှာတင် ၂၄နာရီဖွင့်တဲ့ Convience Store ၂ခုတောင်ရှိပါတယ်။ ပြီးတော့ ငွေလွှဲ ငွေထုတ်ဖို့အတွက် KBZ, AYA, CB ဘဏ်တွေကလည်း ရှိသေးတယ်ဗျာ။ Capital, Citymart တို့ကလည်း 24 hrs ဖွင့်ပြီး နီးတော့ ဈေးဝယ်ဖို့အတွက်လည်း ပူစရာမလိုပါဘူးဗျ။
တိုက်ခန်းပုံစံကတော့ ပုံမှာ မြင်ရတဲ့အတိုင်းပဲဗျ။ Air-Con ၁လုံးတပ်ပေးပြီးသား။ အိပ်ခန်းလည်း (၂) ခန်းဖွဲ့ပေးထားသလို အခန်းတိုင်းမှာ ကိုရီးယား ပါကေးအပြည့် ခင်းထားပေးတယ်။ ရေချိုးခန်းမှာလည်း မော်တာပန့် တပ်ထားပေးပြီးသားဆိုတော့ Auto Washmachine သုံးမယ့် သူတွေအတွက် ဘာမှ ပူစရာမလိုဘူးဗျာ။ မီးဖိုချောင်၊ ရေချိုးခန်းနဲ့ ရေအိမ်တွေမှာလည်း ကြွေပြားအပြည့်ကပ်ပြီးသားရယ်။ အဆင်သင့်နေထိုင်ယုံပဲမို့ စိတ်ဝင်စားရင် ဆက်သွယ်လိုက်ပါ။
(မှတ်ချက် ပိုင်ရှင်ကိုယ်တိုင်ရောင်းတာမို့ မည့်သည့်ပွဲခမှမလိုပါ၊ အရှုပ်အရှင်းကင်းပြီး အပြင်အ၀င်အထွက်တိုင်း သော့ခတ်တဲ့တဲ့ အိမ်နီးချင်းတွေကြောင့် သင့်မိသားစုကိုလည်း လုံခြုံစေမှာ အမှန်ပါပဲဗျာ။)
ဤကြော်ငြာကို နှစ်သက်သူများ => (2) ဦး