ဒေါပုံမှာ အကောင်းဆုံး အသန့်ဆုံးဆိုတဲ့ မြို့သစ်ရပ်ကွက်ထဲက ပြင်ဆင်ပြီးသား တမိုးအောက် အခန်းလေးရောင်းမယ်

ပုံကြီးချဲ့ရန် နှိပ်ပါ

  • ဒေါပုံမှာ အကောင်းဆုံး အသန့်ဆုံးဆိုတဲ့ မြို့သစ်ရပ်ကွက်ထဲက ပြင်ဆင်ပြီးသား တမိုးအောက် အခန်းလေးရောင်းမယ် - ရောင်းရန် - ဒေါပုံ (Dawbon) - ရန်ကုန်တိုင်းဒေသကြီး (Yangon Region) - 220 သိန်း (ကျပ်) - S-6742716 | iMyanmarHouse.com

9 Aug 2019 3:42 pm တွင်ကြော်ငြာတင်ခဲ့သည်1180 ကြိမ် ကြည့်ရှု့ပြီးကြော်ငြာနံပါတ် S-6742716

ဒေါပုံ | ရန်ကုန်တိုင်းဒေသကြီး

တိုက်ခန်း | ၄ လွှာ

ရေချိုးခန်း 1 ခန်း

ဈေးနှုန်း 220 သိန်း (ကျပ်)

ဒေါပုံမှာ အကောင်းဆုံး အသန့်ဆုံးဆိုတဲ့ မြို့သစ်ရပ်ကွက်ထဲက
ပြင်ဆင်ပြီးသား တမိုးအောက်အခန်းလေး ရောင်းမယ်

ရောင်းဈေး 220 သိန်း (အရစ်ကျမရပါ)

ဒေါပုံမှာ အကောင်းဆုံးဆိုပြီးနာမည်ကြီးလို့
လူတိုင်းကြိုက်ကြတဲ့ မြို့သစ်ရပ်ကွက်ထဲက
စတုတ္ထထပ် တိုက်ခန်း ( 5 လွှာ)
အပေါ် တစ်ထပ်ကျန်
မျက်နှာအနောက် မြောက်ဘက်လှည့်
တိုက်အသစ်စက်စက်
လူမနေရသေးတဲ့အခန်းအသစ်ချွတ်ချွတ်
အကျယ် 12 - 50 ပေ

တစ်အိမ်လုံးကို ပါကေးအထူအကောင်းစားတွေ
အပြည့်ခင်းထားပါတယ်
နောက်ဖေးမီးဖိုချောင်ကြွေပြားအပြည့်ခင်း/ကပ်ထားပြီး
တစ်အိမ်လုံး မီးလိုင်းတွေ အစ အဆုံး
အသစ်ပြန်လုပ်ထားပါတယ်
အိမ်သာက ရိုးရိုးပါ ( ဘိုထိုင်မဟုတ်)
အခန်းဖွဲ့မပါ Hall Type ဆိုတော့
စိတ်တိုင်းကျ အခန်းပြန်ဖွဲ့ချင်တာဘဲဖြစ်ဖြစ်
အကျယ်ကြီး ဒီတိုင်းနေချင်တာဘဲဖြစ်ဖြစ် အဆင်ပြေပါတယ်

အခန်းက အလွတ်ဆိုတော့
အခုဝယ် အခုတက် အိုခေဘဲ
(အိမ်ငှါးပြောင်းပေးဖို့ဘာညာ စောင့်စရာမလိုဘူး)
ရပ်ကွက်ကလည်း စည်းကမ်းရှိချက်
နောက်ဖေးလမ်းကြား အိမ်ဘေးလမ်းကြား
အမှိုက် တစမှ မရှိဘူး
စည်းနဲ့ ကမ်းနဲ့ သန့်သန့်ပြန့်ပြန့် နေချင်သူတွေအတွက်
ကွက်တိ......
ရပ်ကွက်ထဲ ဆူဆူညံညံ အသံချဲ့စက်ပြသနာလည်းမရှိ
နားအေးပါးအေးနေလို့ရတယ်
ဈေးသွားမယ်ဆိုလည်းဒေါပုံဈေးကြီးက
အနီးလေးဆိုတော့....
အေးဆေးလမ်းလျှောက်ပြီးသွားဝယ်ရုံဘဲ
ကျောင်း ကားဂိတ် ဘုန်းကြီးကျောင်းအကုန်နီးပြီး
ဘဏ်တွေရော ဆေးခန်းတွေပါ ရှိသေးတာနော်
(လိုအပ်ချက်တွေအကုန်ပြည့်စုံတယ်ဆိုယုံလိုက်တော့)

စာရွက်စာတမ်းကလည်းစုံတာထက်တောင်ပိုသေး
- ဆက်စပ်စာချုပ်မူရင်းအပြည့်အစုံ
- မြေရှင်နှင့် ကန်ထရိုက်ချုပ်ဆိုထားတဲ့စာချုပ်မိတ္တူ
- မြေဂရမ်မိတ္တူ
- BCC မိတ္တူ
- နောက်ဆုံးဆောင်ထားတဲ့ မီတာစာရွက်တွေအကုန်ရမယ်
ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ စိတ်ချလက်ချ ဝယ်ယူနိုင်ပါတယ်
စာရွက်စာတမ်းအရဘဏ်ချိတ်လို့ရပေမယ့်
ပိုင်ရှင်ကတော့ ဘဏ်ချိတ်မရောင်းချင်ပါဘူး
ဘဏ်ချိတ်ရင် ဈေးပိုရတာသိပေမယ့်
အာရုံနောက်မခံချင်လို့ ဈေးလျှော့ပြီး
ဒုန်းဘဲရောင်းချင်တာပါတဲ့
(ခဏခဏဖြေရမှာစိုးလို့တခါတည်းဖြေထားတာ)

ဈေးနှုန်းနဲ့တင် တန်နေပြီမို့
အပိုတွေထပ်ပြီး မညွှန်းတော့ပါဘူး
သိန်း 200 ဝန်းကျင် ...
ပြင်ဆင်ပြီးသားအခန်းလေးတွေကရှားလာပြီမို့
တကယ်စိတ်ဝင်တစားအခန်းရှာနေတာဆိုရင်တော့
ကိုယ်တိုင်ကိုယ်ကျလာကြည့်ပြီး
တန်မတန် အကဲဖြတ်ကြည့်ကြဖို့
ဖိတ်ခေါ်ပါတယ်
အိမ်ရှင်နဲ့ ဝယ်လက် နှစ်ဦးစလုံးအားမယ့်အချိန်ကို
ချိန်းဆိုပေးရတာဖြစ်လို့ တကယ်လာကြည့်ဖြစ်မယ်သေချာမှ
ချိန်းဆိုပေးကြဖို့ကြိုတင်မေတ္တာရပ်ခံပါတယ်
အသေးစိတ်ပိုသိချင်ရင် ဖုန်းဆက်စုံစမ်းနိုင်ပါတယ်

Millionaire
Real Estate & General Service
09 968 813 872 , 09 420 266 946
https://www.facebook.com/millionairemyanmar/

အစဉ်တစိုက်အားပေးနေသော
ရောင်းသူ၊ ၀ယ်​သူနှင့်​ လုပ်​ငန်းတူ
လုပ်​​ဖော်​ကိုင်​ဘက်​များအားလုံး
ဘေးဘယာ​ဝေးကွာပြီး.....
စိတ်​ချမ်းသာကိုယ်​ကျန်းမာရှိပါ​စေ​ကြောင်း
Millionaire Real Estate မိသားစုမှ
ဆုမွန်​​ကောင်း​တောင်းလိုက်​ပါတယ်

#DpMtSales220DataFlat5MownSales

အချက်အလက်များ

  • ဆောက်လုပ်ပြီး
  • တစ်စိတ်တစ်ပိုင်း ပြင်ဆင်ပြီး
 ကြော်ငြာပိုင်ရှင်သို့ ဖုန်းဖြင့် ဆက်သွယ်ရန်
 ကြော်ငြာပိုင်ရှင်နှင့် Chatting စကားပြောရန်
နှိုင်းယှဥ်ရန် နှစ်သက် မျှဝေရန် Report

Millionaire Real Estate ရှိ ရောင်းရန် အိမ်ခြံမြေများ

Featured AdWanted Listing

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store

ဒေါပုံမြို့နယ် ရောင်းရန် အိမ်ခြံမြေများ